၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာများ၏ ဖုန်းအင်တာနက် Package အမျိုးအစားများ

မိုဘိုင်းအင်တာနက်အသုံးပြုသူတို့အတွက် အော်ပရေတာအလိုက် အင်တာနက်နှုန်းထားများအား နှိုင်းယှဉ်၍ အသုံးပြုနိုင်စေရန်၊ သိရှိစေရန်ရည်ရွယ်၍ ၂၀၂၂ ခုနှစ် အောက်တိုဘာလကုန်အထိ မြန်မာပြည်တွင်း ဆက်သွယ်ရေးအော်ပရေတာများ ဖြစ်ကြသည့် ATOM, Ooredoo နှင့် MPT တို့၏ ဖုန်းအင်တာနက် Package များကို ဖော်ပြပေးလိုက်ခြင်း ဖြစ်ပါသည်။

MPT ရဲ့ Data Carry Plus Package မှာ Package တိုင်းကို ရက် (၃၀) အတွင်းအသုံးပြုနိုင်မှာ ဖြစ်ပြီး ဝယ်ယူမှုအတွက်လည်း 1000GB အထိ အပိုလက်ဆောင်ဒေတာများ ကံထူးနိုင်မှာ ဖြစ်ပါတယ်။ Data Carry Plus Plack မှာ ပါဝင်တဲ့ ဒေတာနှုန်းထားတွေကို ဖော်ပြပေးလိုက်ပါတယ်။

သက်တမ်းကုန်ဆုံးပြီးဒေတာတွေကို ပြန်လည်အသုံးပြုနိုင်မယ့် အပြင် အလိုအလျောက်သက်တမ်းတိုးပေးနိုင်မယ့် Data Carry Plus Package အကြောင်းကိုတော့ MPT ရဲ့ Auto-Renewal Data Carry Plus Package မှာဝင်ရောက်ဖတ်ရှုနိုင်ပါတယ်။

ဒေတာဝန်ဆောင်မှုကို တစ်ရက်တာအသုံးပြုလိုသူတွေအနေနဲ့လည်း 80MB ကို ၂၉၉ ကျပ် ကျသင့်မယ့် Daily Data Pack ကို USSD Code *2001# ကတစ်ဆင့်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ MPT ရဲ့ Night Time Package တွေကိုတော့ Nigh Time Data Package နဲ့ Night Safety Data Pack ဆိုပြီးလည်း နှစ်မျိုးခွဲထားပါသေးတယ်။ Night Time Data Package ကို ည ၁၁ နာရီမှ မနက် ၇ နာရီအတွင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Night Safety Data Pack ကိုတော့ အင်တာနက်အမြန်နှုန်းရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။

အခြားဒေတာပတ်ကေ့ချ်များဖြစ်ကြသော ရှယ်ကြည့်ဒေတာပတ်ကေ့ချ်၊ တေးသံသာဒေတာပတ်ကေ့ချ် တို့ကိုလည်း MPT4U မှာ ဝင်ရောက်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ဂိမ်းကစားရတာ နှစ်သက်ကြသူတို့အတွက်လည်း ဂိမ်းဒေတာပတ်ကေ့ချ်များကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ATOM အသုံးပြုသူတွေအတွက်လည်း ဝယ်ယူအသုံးပြုနိုင်တဲ့ စူပါထောပတ်ကေ့ချ်တွေအပြင် ရှယ်စုဘူးပတ်ကေ့ချ်တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဒီလို ပတ်ကေ့ချ်တွေအပြင် Mahar, Viu နဲ့ Big9 တို့လို Channel တွေကြည့်ရှုနိုင်မယ့် Entertainment Package ကိုလည်းဝယ်ယူရရှိနိုင်ဦးမှာ ဖြစ်ပါတယ်။ ကိုယ်ရွေးချယ်လိုက်တဲ့ ဖုန်းဘေပမာဏရဲ့ ၆ ဆ၊ ၇ ဆ၊ ၁၀ ဆထိရရှိပြီး အသုံးပြုနိုင်မယ့် Super Htaw Package တွေကိုလည်း ဖော်ပြပေးလိုက်ပါတယ်။

ဂိမ်းကစားတဲ့သူတွေအတွက်လည်း စိတ်ကြိုက်ဆော့ပတ်ကေ့ချ်တွေကိုဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။

ဖော်ပြခဲ့တဲ့ ပက်ကေ့ချ်တွေအပြင် ATOM Store App ကတစ်ဆင့် စိတ်ကြိုက်ဒေတာပတ်ကေ့ချ်တွေကို Flexiplan မှာ ဝယ်ယူ နိုင်ဦးမှာ ဖြစ်ပါတယ်။

Ooredoo အသုံးပြုသူများအနေနှင့်လည်း ၉၉၉ ကျပ်ဖြင့် 370MB အပါအဝင် ဖုန်းခေါ်ဆိုခွင့် ၁၈ မိနစ်ရရှိမယ့် ရက် ၃၀ သက်တမ်းရှိ Combo Pack, 10x pack တွေကို ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။

Don Don Don Data Package တွေအပြင် Oomanji Package တွေကိုတော့ My Ooredoo App ကတစ်ဆင့် ဝယ်ယူရမှာ ဖြစ်ပါတယ်။