Online Shopping လုပ်ငန်းများရဲ့ လက်တွဲဖော် ZM Delivery Service (ZM Delivery Service မှ Marketing Manger ကိုပြည့်စုံဝင်းနှင့် အင်တာဗျုးဆောင်းပါး)

ZM Delivery Service ဆိုတာက အခုနောက်ပိုင်း Online Shopping လုပ်ငန်းတွေကြားထဲမှာ နေရာတစ်ခုရလာပြီဖြစ်တဲ့ Delivery Service တစ်ခုဖြစ်ပါတယ်။ Online Shopping လုပ်ငန်းလုပ်ကိုင်သူတွေအနေနဲ့ အားထားရတဲ့ Delivery Service တစ်ခုလို့လည်းဆိုနိုင်သလို Online Shopping လုပ်ငန်းတွေရဲ့ ယုံကြည်မှုကိုလည်း အခိုင်အမာရရှိထားတဲ့ Delivery Service လုပ်ငန်းတစ်ခုလို့လည်းဆိုနိုင်ပါတယ်။
ZM Delivery Service ၂၀၂၁ ဇူလိုင်လ ၁၂ ရက်နေ့က စတင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ရန်ကုန်မြို့နဲ့ မန္တလေးမြို့ကြီးတွေ ရုံးခွဲတွေနဲ့ဖွင့်လှစ်လုပ်ကိုင်လျက်ရှိသလို အခြားသော နယ်မြို့ပေါင်း ၂၂ မြို့ကိုလည်း ကိုယ်စားလှယ်များထားရှိကာ ပို့ဆောင် ပေးနေခြင်းလည်း ဖြစ်ပါတယ်။

Photo…ZM Delivery Service မှ Marketing Manger ကိုပြည့်စုံဝင်း

“ကျွန်တော်တို့က အခြား Business တွေကို အရင်လုပ်ပါတယ်။ ကျွန်တော့်သူငယ်ချင်းတွေကလည်းအခြား Business လုပ်ငန်းတွေလုပ်ကြတယ်ပေါ့နော်။ ခုနောက်ပိုင်းမှာ အရင်လုပ်နေတဲ့အလုပ်တွေက အခြေအနေ ကျဆင်းလာတယ်ပေါ့။ အဲဒီအချိန်မှာ အရင်အလုပ်တွေမှာ ရှိတဲ့ဝန်ထမ်းအင်အားလေးတွေလည်း ရှိနေသေးတယ်။ သူတို့ ကိုလည်း အလုပ်အကိုင် လေးတွေပေးချင်တယ်။ အဲဒါနဲ့ ကျွန်တော်တို့ ရှိတဲ့ဝန်ထမ်းအင်အားလေးတွေနဲ့ ဒီလုပ်ငန်းကို စတင်ခဲ့တာပါ။ စဖြစ်တယ်ဆိုတဲ့နေရာမှာလည်း Delivery Service လုပ်ငန်းအဖြစ်လောက်မဟုတ်ဘဲ ဈေးကွက်ထဲမှာရှိနေတဲ့ Delivery Service နဲ့ Online Shopping လုပ်ငန်းတွေမှာ ဖြစ်တတ်တဲ့အခက်အခဲလေးတွေကို ကျွန်တော်တို့ ပြန်လေ့လာတယ်။ လေ့လာပြီးတော့ ကျွန်တော်တို့ကို အလုပ်လာအပ်တဲ့သူကို အကောင်းဆုံး Delivery Service ဖြစ်အောင်၊ ဂတိတည် စွာလုပ်ကိုင်နိုင်တဲ့ Delivery Service ဖြစ်အောင် ကြိုးစားပြီး တည်ဆောက်လာခဲ့ပါတယ်” ဟု ZM Delivery Service မှ Marketing Manger ကို ပြည့်စုံဝင်းက ပြောကြားပါတယ်။
ဝန်ဆောင်ခနှုန်းထားတွေကတော့ ရန်ကုန်မြို့နယ်အလိုက် ဈေးနှုန်းတွေကို ခွဲခြားသတ်မှတ်ထားပြီး အခြားမြို့တွေကိုလည်း တန်ဆာခအလိုက် ဈေးနှုန်းသတ်မှတ်ချက်ထားကာ ပို့ဆောင်ပေးနေတာလည်းဖြစ်ပါတယ်။ တကယ်တော့ ZM Delivery Service ရဲ့ အဓိက Target ကလည်း Online Shopping လုပ်ငန်းတွေပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း တစ်ဦးတစ်ယောက်ချင်း စီရဲ့ပစ္စည်းပို့ဆောင်မှုပိုင်းဆိုင်ရာမှာလည်း ယုံကြည့်စိတ်ချစွာပို့ဆောင်ပေးနေတာလည်းဖြစ်ပါတယ်။ လက်ရှိမှာတော့ လက် တွဲ လုပ်ကိုင်နေတဲ့ Online Shopping လုပ်ငန်းပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။
“ကျွန်တော်တို့ Delivery Service က Online Shopping လုပ်ငန်းတွေကို ငွေကြိုရှင်းပေးတယ်။ နောက်တစ်ခုက ပစ္စည်းကောက်ပြီး နှစ်ရက်အတွင်း အရောက်ပို့ပေးပါတယ်။ အဲဒါက ရန်ကုန်မြို့တွင်းပေါ့။ နယ်ကိုကျတော့ ၅ ရက်ကနေ ၇ ရက်အထိကြာတတ်ပါတယ်” ဟု သူက ဆက်လက်ရှင်းပြပါတယ်။
ZM Delivery Service အနေနဲ့ လက်ရှိမှာ လုပ်ငန်းလည်ပတ်မှုပိုမိုကောင်းမွန်အောင် ဆောင်ရွက်လျက်ရှိပြီး နောက်ပိုင်းမှာ လစဉ်ပုံသေသတ်မှတ်ထားတဲ့ ပို့ဆောင်မှုပိုင်းဆိုင်ရာအရေအတွက် ပြည့်မှီခဲ့ရင် Website နဲ့ Application တိုးမြှင့်လုပ် ဆောင်သွားဖို့လေ့လာနေတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့ Delivery Service ရဲ့ အဓိက အာမခံနိုင်တာက ပစ္စည်းအပျောက်အရှ မရှိအောင် အာမခံနိုင်တယ်။ အဲလိုမျိုး အာမခံနိုင်အောင်လည်း System တွေသတ်မှတ်ထားတယ်။ လုပ်ငန်းစတင်လည်ပတ်ကတည်းက ပို့ဆောင်ခဲ့တဲ့ပစ္စည်းနဲ့ ယနေ့အထိ ပို့ဆောင်ခဲ့တဲ့ပစ္စည်းစာရင်းအားလုံး ကျွန်တော်တို့ဆီမှာ ရှိပါတယ်။ ပစ္စည်းအပျောက်အရှနဲ့ ပတ်သက်လို့ လုံးဝအာမခံနိုင်ပါတယ်။ တရားဥပဒေနဲ့ မလွတ်ကင်းတဲ့ပစ္စည်းတွေ၊ ပုပ်သိုးလွယ်တဲ့ပစ္စည်းမျိုးတွေကိုတော့ ကျွန်တော် တို့လက်မခံပါဘူး။ ဝန်ဆောင်မှုနှုန်းထားတွေကိုလည်း ၃ Kg အတွင်းပဲ သတ်မှတ်ထားတယ်။ ၃ Kg ကျော်သွားရင် ၁ Kgကို ၅၀၀ နှုန်းနဲ့ ထပ်ပြီးကောက်ခံပါတယ်” ဟု ကိုပြည့်စုံဝင်းက ထပ်မံရှင်းပြပါတယ်။
ZM Delivery Service ကို ရန်ကုန်နဲ့ မန္တလေးမြို့က Online Shopping လုပ်ငန်းတွေက အသုံးအများဆုံးဖြစ်ပြီး နောက်ပိုင်း မှာ Promotion အစီအစဉ်တွေလည်း ဆက်လက်လုပ်ဆောင်သွားဦးမှာလည်းဖြစ်ပါတယ်။ ZM Delivery Service အနေနဲ့ လုပ်ငန်းစတင်ချိန်တုန်းက ငွေကြိုရှင်း Delivery Service တစ်ခုဖြစ်တာကြောင့် ငွေကြေး အလိမ်ခံရတဲ့ အခက်အခဲ တွေလည်းရှိခဲ့ပါသေးတယ်။
“တခါတလေ အလိမ်ခံရတာတွေ ရှိတယ်။ အဲလိုမျိုးတွေကလည်း တစ်လကို လေးငါးသိန်းဖိုးလောက်ကြုံရပါတယ်။ နောက်ပိုင်းကျတော့ ကျွန်တော်တို့က စည်းမျဉ်း၊ စည်းကမ်းလေးတွေသတ်မှတ်လိုက်တယ်။ အဲဒါက ပထမဦးဆုံးအကြိမ်မှာ ငွေကြိုရှင်းကို ၃ သောင်းထက်ပိုမရှင်းပေးဘူး။ နောက်တစ်ခုက ပစ္စည်းသွားကောက်တဲ့အခါမှာ လမ်းမှာ ကောက်တာ တွေမလုပ်ဘူး။ အိမ်မှာကောက်တယ်။ ဆိုင်မှာကောက်တယ်။ ဂိုဒေါင်တွေမှာကောက်တယ်။ အဲ့လိုမျိုးစည်းကမ်းလေးတွေ လုပ်ထားတော့ အလိမ်ခံရတာ မရှိတော့သလောက်ဖြစ် သွားပါတယ်” ဟု သူက ပြောပြပါတယ်။

Photo Source https://www.facebook.com/ZMExpressServices

ZM Delivery Service ရဲ့ နောက်အခက်အခဲတစ်ခုကတော့ ZM Delivery Service ဟာ အလတ်စားလုပ်ငန်းတစ်ခုဖြစ်တာ ကြောင့် ဝန်ထမ်းအင်အားနဲ့ ပစ္စည်းပို့ဆောင်မှုဆိုင်ရာမှာလည်း မမျှမတဖြစ်နေခြင်းပါ။ ပစ္စည်းပို့တာများလို့ ဝန်ထမ်းဦးရေ တိုးခန့်လိုက်တာအချိန်မှာ ပစ္စည်းပို့တာ နည်းသွားတာမျိုးကြုံရတာကလည်း အခက်အခဲတစ်ခုပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာ လည်း ဝန်ဆောင်မှုပိုမိုကောင်းမွန်တဲ့ Delivery Service တစ်ခုဖြစ်အောင်လုပ်ဆောင်သွားမည့်အပြင် Online Shopping လုပ်ငန်းတွေရဲ့ ယုံကြည်မှုအပြည့်အဝရရှိနိုင်အောင် ဆက်လက်လုပ်ဆောင်သွားအုံးမှာပါ။
“Delivery လုပ်ခဲ့တဲ့သက်တမ်းတိုတိုလေးမှာ လက်တွဲလာတဲ့ Online Shopping တွေကို လည်း ကျေးဇူးတင်တယ်။ နောက်ထပ်လက်တွဲလုပ်ကိုင်မယ့် Online Shopping တွေကိုလည်း အကောင်းဆုံး ဝန်ဆောင်မှုတွေ ပေးသွား မယ်လို့ပြောချင်ပါတယ်။ တခါတလေ ရက်အနည်းငယ်ကျော်သွားရင်တောင် ကျွန်တော်တို့ဘက်က ဖုန်းဆက်ပြီး တောင်းပန် တယ်။ ယုံကြည်မှုကို တန်ဖိုးထားတယ်ပေါ့နော်။ လက်တွဲမယ့် Online Shopping တွေအနေနဲ့ ကျွန်တော်တို့နဲ့ အလုပ်တွဲလုပ်ကြည့်ပါ။ စိတ်မပျက်စေရပါဘူး လို့ပြောချင်ပါတယ်” ဟု ကိုပြည့်စုံဝင်းက ဖြည့်စွတ်ပြောကြားခဲ့ပါတယ်။
အောက်ပါ Link မှာဝင်ရောက်ကြည့်ရှု့နိုင်ပါတယ်။

https://www.facebook.com/ZMExpressServices