COVID-19 ဆိုင်ရာ နောက်ဆုံးရသတင်းနှင့်အချက်အလက်များအား “အသိပေး” App အားမိတ်ဆက်

COVID-19 ဖြစ်ပွားနေစဉ်ကာလအတွင်း ရောဂါဖြစ်ပွားမှုနှင့် ပတ်သက်သော သတင်းအချက်အလက်များအား အချိန်နှင့်တပြေးညီ အသုံးပြုသူများထံ ဖြန့်ဝေပေးနိုင်ရန် ဟူသည့် အချက်သည် အူရီဒူးမြန်မာ၏ ဦးစားပေး လုပ်ဆောင်ချက်တစ်ခုဖြစ်သည်နှင့်အညီ စေတနာ့ဝန်ထမ်းများပါဝင်သည့်အဖွဲ့တစ်ဖွဲ့မှ ပါဝင်ကူညီ တီထွင်ဖန်တီးပေးထားသည့် အသိပေး ဟုအမည်ရသည့် အက်ပလီကေးရှင်းတစ်ခုအား စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ အက်ပလီကေးရှင်းသည် ယခုကဲ့သို့ အရေးကြီးနေသည့် အချိန်ကာလအတွင်း မြန်မာနိုင်ငံရှိ ပြည်သူများထံသို့ မှန်ကန်စိတ်ချရသော သတင်းနှင့် အချက်အလက်များကို အချိန်နှင့်တပြေးညီ အသိပေးတင်ပြသွားမည် ဖြစ်သည်။ အူရီဒူး အသုံးပြုသူများအနေဖြင့် အဆိုပါ အက်ပလီကေးရှင်းအား အခမဲ့ ဒေါင်းလုတ်ရယူနိုင်မည် ဖြစ်သည့်အပြင် အခြား ဆက်သွယ်ရေးအော်ပရေတာ အသုံးပြုသူများသည်လည်း www.athipay.com တွင် ရယူအသုံးနိုင်မည် ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

ကမ္ဘာတစ်ဝှမ်းတွင် COVID-19 ကူးစက်ပြန့်နှံ့ချိန်မှစ၍ အူရီဒူးမြန်မာသည် ဤ‘အသိပေး’အက်ပလီကေးရှင်း အကောင်အ ထည်ပေါ်ပေါက်လာစေရန် ကူညီထောက်ပံ့ပေးခဲ့သည့် အပြင် စေတနာ့ဝန်ထမ်းလူငယ် အ‌ယောက်နှစ်ဆယ်ခန့်မှနေ၍ ဗိုင်းရပ်စ်ပြန့်ပွားခြင်းကို ကာကွယ်ရန်နှင့် လျှော့ချရန် ကူညီပေးနိုင်မည့် ဤ အက်ပလီကေးရှင်းကို တီထွင်ခဲ့ကြခြင် းဖြစ်ပါသည်။ စေတနာ့ဝန်ထမ်းလူငယ်အဖွဲ့တွင်Android နှင့်ပတ်သက်သောဝန်ဆောင်မှုများကိုဖန်တီးသူများ၊ UI/UX ဒီဇိုင်နာများ၊ ဒေတာအချက်အလက်သုံးသပ် စိစစ်သူများ၊ product/system ဗိသုကာများနှင့် ဈေးကွက်ဆိုင်ရာ ကျွမ်းကျင်သူများ ပါဝင်သည့် အဆိုပါ အသိပေး အက်ပလီကေးရှင်းအား အစအဆုံး ၎င်းတို့ကိုယ်တိုင် တီထွင်ဖန်တီး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ၎င်း အက်ပလီကေးရှင်းအားဒေတာအသုံးပြုခ အခမဲ့ဖြင့် အူရီဒူးဇုန် (https://zone.ooredoo.com.mm/) မှ ဒေါင်းလုတ်ရယူနိုင်ရန်နှင့်နည်းပညာဆိုင်ရာ အက်ပလီကေးရှင်းတည်ဆောက်ခြင်း နှင့် ပတ်သက်သည့် နည်းပညာပိုင်းဆိုင်ရာ ကုန်ကျစရိတ်များအားအူရီဒူးမှ ကူညီထောက်ပံ့ပေးထားသည်။
“အသိပေး” အက်ပလီကေးရှင်းတွင်ပါဝင်သော လုပ်ဆောင်ချက်များထဲတွင်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန နှင့် ပြန်ကြားရေးဝန်ကြီးဌာနတို့မှ နောက်ဆုံးရ သတင်းများနှင့် ထုတ်ပြန်ချက်များအား အချိန်နှင့်တပြေးညီ push notification alert ပေးပို့ခြင်း နှင့် အခြားသော အသုံးဝင်သည့် အောက်ပါလုပ်ဆောင်ချက်များစွာပါဝင်သည်။
(၁) အနီးတစ်ဝိုက်ရှိ ဆေးရုံများ၊ အရေးပေါ်ဝန်ဆောင်မှုများ၊ လူထုအခြေပြု အဖွဲ့အစည်းများ၊ လှူဒါန်းမှုများ ပြုလုပ်နိုင်ရန်အတွက် ပရဟိတအဖွဲအစည်းများ အစရှိသည်တို့၏ လိပ်စာနှင့် ဖုန်းနံပါတ် စသည့် ဆက်သွယ်နိုင်ရန်အချက်အလက်များ၊
(၂) ကမ္ဘာတဝန်းနှင့် ပြည်တွင်းရှိ လက်ရှိဖြစ်ပွားနေသူ၊ ပိုးမတွေ့ရှိသူ၊ ပြန်လည်ကောင်းမွန်သူ စသည့် အသေးစိတ် အချက်အလက်များပါဝင်သည့် နောက်ဆုံးရ COVID-19 တွေ့ရှိချက်များ၊
(၃) အသွားအလာ ကန့်သတ်ခြင်း(Quarantine) ပြုလုပ်ရန် လို၊ မလို ဟူသည့် အချက်အား အမေးအဖြေများဖြင့် စိစစ်ဖော်ထုတ်ပေးနိုင်မည့် Self-Quarantine Checkerလုပ်ဆောင်ချက်၊
“အခုလိုအရေးပါပြီး ခက်ခဲနေတဲ့အချိန်တွေမှာ သတင်းအချက်အလက်တွေကို တိကျမှန်ကန်တဲ့ သတင်းရင်းမြစ်ကရရှိနိုင်ဖို့ ဆောင်ရွက်ပေးနိုင်ခဲ့တဲ့အတွက် တကယ်ကို ဝမ်းမြောက်ရပါတယ်။ အခုအက်ပလီကေးရှင်းဖြစ်လာဖို့ ပံ့ပိုးပေးမှု အပေါ်မှာဆိုရင် အသုံးပြုသူတွေအနေနဲ့ ဒီ အက်ပလီကေးရှင်းကို စိတ်ချလက်ချ အသုံးပြုနိုင်မှာဖြစ်ပြီး နောက်ဆုံးရ သတင်း အချက်အလက်တွေကိုလည်း အချိန်နဲ့ တပြေးညီ ရရှိနိုင်မှာ ဖြစ်တဲ့အတွက်မိမိကိုယ်တိုင်အတွက်ရော မိမိရဲ့ချစ်ခင်ရသူတွေအတွက်ပါ ဒီ အက်ပလီကေးရှင်းက ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်တော်တို့အနေနဲ့ မျှော်လင့်ပါတယ်” ဟု အူရီဒူးမြန်မာ၏ Head of Corporate Communications ဖြစ်သူ ဦးတင့်နိုင်ထွဋ်မှ အူရီဒူးအသုံးပြုသူများထံသို့ အသိပေး အက်ပလီကေးရှင်း ယူဆောင်လာဖြစ်ပုံနှင့်ပတ်သက်ပြီး ပြောကြားသည်။

Photo Source https://www.facebook.com/OoredooMyanmar

မြန်မာနိုင်ငံ၏ တာဝန်သိ ဆက်သွယ်ရေးအော်ပရေတာ တစ်ခုဖြစ်သော အူရီဒူးမြန်မာသည် COVID-19 ဆိုင်ရာ မှန်ကန် သော သတင်းအချက်အလက်များကို လွယ်လင့်တကူ အသုံးပြုသူများထံသို့ ရောက်ရှိသွားစေရန် လုပ်ဆောင်ပေးခြင်းဖြင့် ကြိုတင်ကာကွယ်မှုများ လုပ်ဆောင်သွားစေနိုင်ရန် မျှော်လင့်ထားပါသည်။ တစ်ချိန်တည်းမှာပင် အူရီဒူးမှ ယခုကဲ့သို့ မိမိ၏ ချစ်ခင်ရသူများနှင့် တွေ့ဆုံခြင်း မပြုလုပ်နိုင်သည့် ကာလတွင်လည်း အချင်းချင်း အလွယ်တကူ ဆက်သွယ်ပြောဆို သွားနိုင်စေရန် ဆောင်ရွက်ပေးလျှက်ရှိကြောင်းသိရသည်။
https://www.facebook.com/OoredooMyanmar