Moontonမှ MPL-MM S4 ၏ Regular Season၊ Playoffs ပွဲစဉ်များနှင့် Grand Final အတွက် ပွဲစဉ်အချိန်များထုတ်ပြန်

၂၀၁၇ ခုနှစ်မှစတင်ကာ ကမ္ဘာတစ်ဝှမ်းရှိ Esports လောကကို ဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ စီစဉ်ကျင်းပလျက်ရှိ သည့် Mobile Legends: Bang Bang Professional League သည် ယခုနှစ် ၂၀၂၀ အထိ သုံးကြိမ်တိုင်အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီဖြစ်သည်။
MPL-MM S4 ပွဲစဉ်များအား ၂၀၂၀ ခုနှစ် ဧပြီလတွင် COVID-19 အကြပ်အတည်းကြောင့် နောက်ဆုတ်ခဲ့ရသော်လည်း ယခုအခါတွင် Moontonမှပုံမှန်ပွဲစဉ်များကို မေလ ၁၆ ရက် ၂၀၂၀ ခုနှစ်မှစ၍ ဇွန်လ ၇ ရက် ၂၀၂၀ ခုနှစ်အထိ ပြန်လည်ကျင်းပသွားမည်ဖြစ်ပြီး Grand Final ပွဲကို ဇွန်လ ၂၀ ရက်နှင့် ၂၁ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း ကြေညာခဲ့သည်။
“ကျွန်တော်တို့အနေနဲ့ ဒီပြိုင်ပွဲကြီးမှာ ပါဝင်ကြသူများအားလုံးရဲ့ ကျန်းမာရေးနဲ့ လုံခြုံရေးအတွက် ဂရုတစိုက်စီစဉ် ဆောင်ရွက်ထားပြီး ကျွန်တော်တို့ နှစ်သက်တဲ့ဂိမ်းကို တာဝန်သိတတ်စွာနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်လည်ကစားလိုပါတယ်။ အခုပြန်လည်ရေးဆွဲထားတဲ့ ပွဲစဉ်အချိန်ဇယားကတော့ ၂၀၂၀ခုနှစ် လိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကြမယ့် ကစားသမားတွေ၊ ဝန်ထမ်းတွေနဲ့ အားပေးကြမယ့် ပရိသတ်တွေရဲ့ ကျန်းမာရေးကို ထည့်သွင်းစဉ်းစားပြီး စီစဉ်ထားတာ ဖြစ်တဲ့အတွက် ဒီနှစ်ပြိုင်ပွဲရဲ့ ထူးခြားမှဒကိုလည်း ဆက်လက်ထိန်းသိမ်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ပွဲစဉ်အချိန်ဇယားအသစ်ရေးဆွဲတဲ့နေရာမှာ ပြည်သူ့ကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ လမ်းညွှန်ချက်တွေကို တိကျစွာလိုက် နာသွားမှာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ပရိသတ်အားလုံးနဲ့ မိတ်ဖက်တွေအားလုံးကိုလညး ဒီ Season ကို အမှတ်တရရှိ နေစေဖို့ ကျွန်တော်တို့နဲ့အတူ အားအင်အပြည့်နဲ့ ပါဝင်အားပေးကြဖို့ မျှော်လင့်ပါတယ်” ပြန်လည်ပြင်ဆင်ထားသော ပွဲစဉ် အချိန်များနှင့် ပက်သက်ပြီး Moonton၏ Esports Director ဖြစ်သူ Lucas Mao မှ ဟု ပြောကြားသည်။

Photo source https://www.facebook.com/MobileLegendsGameMyanmar/

MPL-MM S4 သည် မြန်မာနိုင်ငံ၏ အကြီးမားဆုံးနှင့် လူကြိုက်အများဆုံး Mobile Legends: Bang BangEsports ဂိမ်းပြိုင်ပွဲဖြစ်ပြီး ပရောဖက်ရှင်နယ် ကစားသမားများအနေဖြင့်လည်း အဆိုပါပြိုင်ပွဲမှ တစ်ဆင့် ၎င်းတို့၏ ကျွမ်းကျင်မှုအား နိုင်ငံအဆင့်သို့ ထုတ်ဖော်ပြသနိုင်မည်ဖြစ်သည်။
ဆုကြေးငွေ စုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်မည့် MPL-MM S4 သည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ အကောင်းဆုံး Mobile Legends: Bang Bang အသင်းများအားတစ်စုတစ်စည်းတည်း မြင်တွေ့နိုင်မည့် မြန်မာနိုင်ငံ၏ အကြီးမားဆုံး မိုဘိုင်းလ် Esport ဂိမ်းပြိုင်ပွဲ တစ်ခုလည်းဖြစ်သည်။ ပြိုင်ပွဲ၏ အကောင်းဆုံး ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ်အရှေ့တောင်အာရှဖလားသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဖိတ်ကြား ခြင်းခံရမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏ အကြီးမားဆုံး Mobile Esport ဂိမ်းပြိုင်ပွဲတစ်ခုလည်းဖြစ်သည်။
MPL MM S4 ဂိမ်းပြိုင်ပွဲတွင် ဆုကြေးငွေစုစုပေါင်း အမေရိကန် ဒေါ်လာ ၅၀,၀၀၀ကျော် (မြန်မာကျပ်ငွေ သိန်း ၇၅၀ ကျော်) ပေးအပ်သွားမည်ဖြစ်ပြီး ချန်ပီယံဆုရရှိသော အသင်းအား အမေရိကန် ဒေါ်လာ ၁၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၁၉၅ သိန်းခန့်) နှင့် ဒုတိယ နှင့် တတိယ ရရှိသွားသော အသင်းများအား အမေရိကန်ဒေါ်လာ ၆,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၈၅ သိန်းခန့်) နှင့် အမေရိကန် ၃,၀၀၀ (မြန်မာကျပ်ငွေ သိန်း ၄၅ သိန်းခန့်) အသီးသီးပေးအပ်သွားမည်ဖြစ်သည်။ ငွေသားဆုကြေးအပြင် ပြိုင်ပွဲ၏ အကောင်းဆုံး အသင်း ၂ သင်းသည် Mobile Legends: Bang Bang ၏ ၂၀၂၀ ခုနှစ် အရှေ့တောင်အာရှ ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရမည်ဖြစ်သည်။ အဆိုပါပြိုင်ပွဲသည် နိုင်ငံတကာပြိုင်ပွဲ တစ်ခုဖြစ်ပြီး မြန်မာ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊ စင်ကာပူ၊ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘာဒီယားနှင့်လာအိုတို့မှထိပ်သီး အသင်းများ ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

Photo source https://www.facebook.com/MobileLegendsGameMyanmar/

Mobile Legends: Bang Bang ဂိမ်းသည် ကမ္ဘာ့ Multi-player Online Battle Arena (MOBA)ဂိမ်းနယ်ပယ်တွင် ထင်ပေါ်ကျော်ကြားဆုံး ဂိမ်းအမျိုးအစားတစ်ခု ဖြစ်သည်။ လက်ရှိအချိန်တွင် လူသန်း ၅၀၀ ကျော် Install ပြုလုပ်ထားပြီး လစဉ်ကစားသူပေါင်း ၇၅ သန်းကျော်ရှိပါသည်။ ဂိမ်းကစားသူဦးရေ အလျင်အမြန် တိုးတက်လာသောကြောင့် နိုင်ငံပေါင်း ၈၀ ကျော်တွင် ဝင်ငွေအများဆုံး ထိပ်ဆုး ၁၀ ခုစာရင်းတွင် ပါဝင်ခဲ့ပါသည်။ Mobile Legends: Bang Bangသည် နိုင်ငံစုစုပေါင်း ၁၃၉ နိုင်ငံကို ရောက်ရှိခဲ့ပြီး ဘာသာစကား ၂၅ ခုဖြင့် ဘာသာပြန်ထုတ်လုပ်လားသော ဂိမ်းအား အထစ်အငေါ့မရှိဘဲ အဆင်ပြေချောမွေ့စွာ ကစားနိုင်ရန် အတွက် Servers ၁၂,၀၀၀ ကျော်ဖြင့် လည်ပတ်လုပ်ကိုင်လျက်ရှိပါသည်။