အိမ်မှာနေရင်း ငွေ၀င်နေမယ့် Share Pay Mal

Share Pay Mal ရဲ့လုပ်ငန်းစဉ်တွေနဲ့ ပက်သက်ပြီး ပြောတော့မယ်ဆိုရင်  အရင်ဦးဆုံး ပါ၀င်ပူးပေါင်းလိုသူတွေ၊ Customer တွေအတွက် ဘယ်လောက်ထိ အာမခံချက်ရှိလဲ ဆိုတာကို ပြောဖို့လို့ပါလိမ့်မယ်။ မဟုတ်ရင်တော့ အပေါ်ယံဗန်းပြရုံပဲရှိတဲ့ အပေါစားလုပ်ငန်းထင်ပြီး အထင်သေးကောင်း သေးနိုင်ပါတယ်။ ဘာလို့ဆိုတော့ လောကကြီးမှာ ငွေဆိုတာ လွယ်လွယ်နဲ့ မရနိုင်တဲ့အရာတစ်ခုပါ။ ထိုက်သင့်သလောက် ပေးဆပ်မှုတော့ ရှိရပါတယ်။ ဒါပေမယ့် ခုက IT ခေတ်ဆိုတော့ တစ်ချို့နေရာတွေမှာ မိမိရဲ့လုပ်ဆောင်ချက် (တစ်တည်းပြောရရင် ဗျူဟာပေါ့) သာ တကယ်လိုအပ်နေတဲ့ နေရာအတွက် ထိထိရောက်ရောက် အကျိုးရှိခဲ့မယ်ဆိုရင် ချွေးတစ်စက်မှမထွက်ဘဲ အကျိုးခံစားခွင့် မြိုးမြိုးမြက်မြက် ရရှိနိုင်တယ်ဆိုတာ လက်ခံထားဖို့တော့ လိုပါလိမ့်မယ်။

Share Pay Mal ဆိုတာ Aluto Benli Co.,Ltd ရဲ့ လုပ်ငန်းတစ်ခုပါ။ ဆိုတော့ အဲဒီ Aluto Benli ကုမ္ပဏီဆိုတာ ဘာလဲဆိုတဲ့ မေးခွန်းကတော့ စိတ်ထဲအလိုလို ပေါ်လာပါလိမ့်မယ်။ Aluto Benli ဆိုတာ နိုင်ငံတော်အစိုးရဆီမှာ တရား၀င်မှတ်ပုံတင်ထားတဲ့  IT ကုမ္ပဏီတစ်ခုပါ။ အွန်လိုင်းကနေပြီး ကုန်ပစ္စည်း ဖြန့်ဖြူးတာတွေလည်း လုပ်ကိုင်ပါတယ်။ အဓိကလုပ်ငန်းကတော့ Website တွေ၊ Mobile Application တွေ ရေးသားဖန်တီးတာပါ။ ပြီးတော့ အာမခံချက် အပြည့်အ၀ပေးနိုင်တဲ့ Programming သင်တန်းတွေလည်း ဖွင့်လှစ်ပို့ချပေးပါသေးတယ်။

နောက်ထပ်လုပ်ငန်းတွေ ဆက်ပြောပါဦးမယ်။ ခုခေတ်က အမျိုးသမီးသာမက အမျိုးသားတွေအတွက်ပါ အလှအပရေးရာအခန်းကဏ္ဍက အရေးပါလာတဲ့ ခေတ်ဆိုတာ အားလုံးလက်ခံကြပါလိမ့်မယ်။ ဒီလိုအပ်ချက်အတွက်လည်း ကမ္ဘာမှာ အလှပဂေးနိုင်ငံတွေလို့ သတ်မှတ်နိုင်တဲ့ ကိုရီးယား၊ ဂျပန်တို့ကထုတ်လုပ်တဲ့ ကမ္ဘာကျော် အလှကုန်ပစ္စည်းတွေကိုလည်း အွန်လိုင်းကတစ်ဆင့် ဖြန့်ဖြူးရောင်းချပေးလျက် ရှိပါတယ်။ ပြီးတော့ အလုပ်အကိုင်အခွင့်အလမ်းတွေ ရှာပါးနေတဲ့ မြန်မာနိုင်ငံလုပ်သားထုအတွက် မရှိ၊ရှိတဲ့  အလုပ်အကိုင်တွေကို အတတ်နိုင်ဆုံး ခြစ်ထုတ်ပြီး ဖော်ဆောင်ပေးနေပါသေးတယ်။ ဒါကတော့ Myanmar Freelance Hub ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ ၀က်ဘ်ဆိုက်တွေကနေပြီး မိမိအိမ်မှာနေရင်း လုပ်ကိုင်နိုင်တဲ့ အချိန်ပိုင်း အလုပ်အကိုင် အခွင့်အလမ်းတွေကို ကုမ္ပဏီအကြီး/အသေးပေါင်း မြောက်များစွာနဲ့ ချိတ်ဆက်ပြီး ကူညီဆောင်ရွက်ပေးနေတာပဲ ဖြစ်ပါတယ်။

နောက်တစ်ခုကတော့ မြန်မာနိုင်ငံ နည်းပညာလောကရဲ့ သတင်းတွေ၊ အပြုသဘောဆောင် ဝေဖန်ထားတဲ့ ဆောင်းပါတွေကို နေ့စဉ်နေ့တိုင်း အချိန်နဲ့တပြေးညီ တင်ဆက်ပေးနေတဲ့ Myanmar Tech Press ဆိုတဲ့ ဖေ့စ်ဘွတ်ပေ့ချ်နဲ့ ၀က်ဘ်ဆိုက်ကိုလည်း စတင်လုပ်ဆောင် နေပြီဖြစ်ပါတယ်။ အဲလောက်ဆိုရင်တော့ Aluto Benli Co.,Ltd အကြောင်း လိုအပ်သလောက် သိရှိသွားပြီထင်ပါတယ်။ ဒါမှလည်း Share Pay Mal အတွက်လည်း အတိုင်းအတာတစ်ခုထိ ယုံကြည်မှုရှိနိုင်မှာပဲလေ။ ဒီတော့ Share Pay Mal အကြောင်းကို ဆက်ပြောပါမယ်။

Share Pay Mal ဆိုတာက ကုန်ပစ္စည်း(သို့မဟုတ်) ၀န်ဆောင်မှု ကုမ္ပဏီတွေရဲ့ ကြောငြာတွေကို Customer တွေဆီ အရောက်ပို့ပေးဖို့ ကြားခံဆက်သွယ်ပေးတဲ့ အကျိုးဆောင်လို့ လွယ်လွယ်ပြောနိုင်ပါလိမ့်မယ်။ ဒါပေမယ့် အဲဒီအကျိုးဆောင်အလုပ်ကို Share Pay Mal ကကိုယ်တိုင်မလုပ်ပါဘူး။ မြန်မာပြည်သူတွေ အလုပ်အကိုင်တွေ ပိုမိုရရှိကြစေဖို့ တစ်ဆင့်လွှဲပေးတဲ့ ဘဘောပါ။ အများအားနဲ့ဆိုတော့ ပိုမိုကျယ်ပြန့်ပြီး အချိန်တိုအတွင်း အောင်မြင်နိုင်တာရယ်၊ ပြီးတော့ အိမ်မာပဲနေနေရတဲ့ အိမ်ရှင်မတွေအတွက် အပို၀င်ငွေရရှိစေလိုတာရယ် ကြောင့်ပဲဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။

Share Pay Mal ရဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်ပုံတွေကို ဆက်ရှင်းပြပါမယ်။ Share Pay Mal ၀က်ဘ်ဆိုက်ရဲ့ မူလစာမျက်နှာ(Home) နဲ့ Get Money From Ads ဆိုတဲ့ စာမျက်နှာတွေမှာ  ကြော်ငြာတွေ ဖေါ်ပြထားပါတယ်။ မိမိ Share လိုတဲ့ကြော်ငြာကိုတွေ့ရင် ( I will share this advertisement) ဆိုတဲ့ စာတန်းလေးကို ထိလိုက်ပါ။ ပြီးတာနဲ့ Facebook အကောင့်နဲ့ Login ၀င်ခိုင်းပါလိမ့်မယ်။ Login with Facebook ဆိုတဲ့ စာတန်းလေးကိုထိပြီး ၀င်လိုက်ပါ။ ရောက်သွားတဲ့ စာမျက်နှာထဲက (Copy) ဆိုတဲ့ နေရာလေးကိုထိပြီး copy ယူလိုက်ပါ။ အဲဒီ copy ယူထားတဲ့ လင့်ခ်လေးကို မိမိပို့လို၊ထားလိုတဲ့ တစ်နေရာမှာ Paste ချလိုက်ပါ။

မိမိရဲ့ Faceook, Twitter, Google Plus, Messenger, Viber, Line, Whatsapp, Beetalk, Zalo တို့လို့ လူမှုကွန်ယက်တွေဆီက သူငယ်ချင်းတွေ မြင်အောင် post တင်တာပဲဖြစ်ဖြစ်၊ အီးမေးလ်နဲ့ ဖုန်းမက်ဆေ့ချ် တို့ကနေပြီး တိုက်ရိုက်ပေးပို့လို့လည်း ရပါသေးတယ်။ မိမိတင်ထားတဲ့ အဲဒီလင့်ခ်လေးထဲကို တစ်ယောက်ယောက်က ၀င်ရောက်ပြီး အဲဒီကုန်ပစ္စည်း (သို့မုဟုတ်) ၀န်ဆောင်မှုကို ၀ယ်ယူ၊ ငွေပေးချေမှုအားလုံး ပြီးမြောက်သွားပြီဆိုတာနဲ့ မိမိရဲ့ အကျိုးဆောင်မှု အောင်မြင်သွားပြီ ဖြစ်ပါတယ်။ ဒီလိုမိမိလင့်ခ်မှတစ်ဆင့် ၀င်ရောက်၀ယ်ဟူသွားခြင်းကို “Request Rewards” ဆိုတဲ့ စာမျက်နှာမှာ ၀င်ကြည့်လို့ရပါတယ်။ ပြီးတော့ မိမိရဲ့၀န်ဆောင်ခ(ဆုကြေးငွေ)ကို “Request Rewards” ဆိုတဲ့ စာမျက်နှာသို့ ၀င်ရောက်ပြီး တောင်းခံရပါမယ်။ မိမိရသင့်တဲ့ ဆုကြေးငွေကို တစ်ပတ်အတွင်း Share Pay Mal ရုံးသို့ လာရောက်ပြီးထုတ်ယူ နိုင်ပါတယ်။ ဘဏ်ကတစ်ဆင့်လည်း ထုတ်ယူလို့ရပါသေးတယ်။ ကျွန်တော့်မိတ်ဆွေ တစ်ဦးကတော့ Share Pay Mal ရဲ့ ၄သိန်း ၇သောင်းတန် ၀န်ဆောင်မှုတစ်ခုကနေ ဆုကြေးငွေ ၅သောင်း ရရှိဖူးတာကိုတော့ ကိုယ်တွေ့လို့ ပြောရမှာပဲ ဖြစ်ပါတယ်ဗျာ။

ဒါကြောင့် အချိန်မကုန်၊ လူမပန်းဘဲ၊ အရင်းအနှီးလည်း စိုက်စရာမလိုတဲ့ Share Pay Mal နဲ့ အမြန်ဆုံး ပူးပေါင်းကြဖို့ အကြံပြုလိုက်ပါတယ်ခဗျာ။