မြန်မာပြည်ရဲ့ Internet Service Provider များ

Image Source: https://pixabay.com/en

မြန်မာ့ဆက်သွယ်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အစိုးရက အဘက်ဘက်မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ Internet Service တွေအတွက်လည်း ပြည်တွင်းပြည်ပ ကုမ္ပဏီစုစုပေါင်း(၂၅)ခုကို လုပ်ငန်းလုပ်ကိုင်ခွင့်များ ချပေးထားပြီးပါတယ်။ အဲဒီကုမ္ပဏီတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
-Ooredoo Myanmar
-Myanma Posts and Telecommunications
-Telenor Myanmar
-Frontiir Co. Ltd
-Global Technology Co., Ltd.
-Yatanarpon Teleport Company Limited
-Golden TMH Telecom Co. Ltd
-Kinetic Myanmar Technology

-KBZ Gateway Company Ltd
-Fortune International Ltd.
-NTT Communications (Thailand) Co., Ltd. (Yangon Branch)
-Horizon Telecom Internation Company Limited
-Myanmar Net
-Myanmar Unilink Communication Company Limited
-Dept. of Information Technology & Cyber Security
-Myanmar Network Company Limited
-Welink
-Myanmar Broadband Telecom Co., Ltd
-AGB Communication Co.Ltd
-Shwe Than Lwin Media Co.,Ltd.
-Skynet MPS
-5BB Broadband
-Seanet
-Myanmar Speed Net Co.,Ltd
-HO’NGSA’ Telecom Company Limited

ဒီအထဲမှ လက်ရှိလူသုံးများနေတဲ့ ကုမ္ပဏီအချို့ရဲ့ ၀န်ဆောင်မှုတွေ၊ ၀န်ဆောင်ခတွေနဲ့ အရည်အသွေးတို့ကို အတတ်နိုင်ဆုံး ကြိုးစားစုဆောင်းပြီး အောက်မှာဆက်လက် ဖော်ပြပေးထားပါတယ်။
Myanmar Net

Image Source: http://www.myanmarnet.com/product/

ပထမဆုံးပြောချင်တာကတော့ Myanmar Net အကြောင်းပါပဲ။ သူကမြန်မာနိုင်ငံသားပိုင် ကုမ္ပဏီတစ်ခုဖြစ်တဲ့ Frontiir ရဲ့ လက်ခွဲလုပ်ငန်းတစ်ခုဖြစ်ပါတယ်။ ၀န်ထမ်းစုစုပေါင်းရဲ့ ၉၉% ကလည်း မြန်မာနိုင်ငံသားတွေပဲ ဖြစ်ကြပါတယ်။ Myanmar Net ရဲ့၀န်ဆောင်မှုတွေကတော့ အမျိုးအစားစုံလင်တယ်လို့ ပြောနိုင်ပါတယ်။ သူက WiFi ၀န်ဆောင်မှုပေးတဲ့နေရာမှာ အားလုံးထက်နည်းနည်း ထူးဆန်းပါတယ်။ များသောအားဖြင့်ကတော့ လုပ်ငန်းသုံးနဲ့ အိမ်(မိသားစု)သုံး ဆိုပြီးပေးကြတာ များပါတယ်။ Myanmar Net ကတော့ လုပ်ငန်းသုံး၊ အများ(အိမ်/မိသားစု)သုံးအပြင် တစ်ကိုယ်ရေသုံး ဆိုပြီ:တော့လည်း သီးသန့်လုပ်ထားတဲ့ သူတို့ရဲ့ငွေဖြည့်ကဒ်လေးတွေနဲ့ “(၃၀၀) ဖိုးသုံး တစ်နေ့လုံး ဒေတာအကန့်အသတ်မဲ့ အစီအစဉ်” ဆိုတာကိုပါ တွင်တွင်ကျယ်ကျယ် ၀န်ဆောင်မှုပေးနေပါတယ်။
ခုအချိန်ထိတော့ Myanmar Net ကရန်ကုန်နဲ့ မန္တလေးနှစ်မြို့တည်းပဲ ၀န်ဆောင်မှုပေးနိုင်သေးပါတယ်။ ကျန်တဲ့ မြန်မာပြည်အနှံ့ထိပေးဖို့တော့ တော်တော်ကြာဦးမှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့မှာဆိုရင်တော့ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တထောင်၊ ပုဇွန်တောင်နဲ့ မဂ်လာတောင်ညွန့် စတဲ့ မြို့နယ်(၇)မြို့နယ်တို့မှာ အများသုံးအင်တာနက်အနေနဲ့ လူတိုင်းမှာယူ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။
ဒါ့အပြင် မြို့နယ်ပေါင်း (၁၈)မြို့နယ်မှာရှိတဲ့ ကွန်ဒိုနဲ့ အိမ်ရာတွေမှာလည်း အသုံးပြုလို့ရနေပါပြီ။ ဒီနေရာတွေကို ဖော်ပြပေးရမယ် ဆိုရင်တော့ လပြည့်၀န်းပလာဇာ၊ Tat Toe Nu Yin ကွန်ဒို(ဒဂုံမြို့နယ်)၊ ပုလဲကွန်ဒို၊ Link ကွန်ဒို(ဗဟန်းမြို့နယ်)၊ ဗားဂရာကွန်ဒို၊ Residence Khaymar၊ Twin Centro Complex(စမ်းချောင်းမြို့နယ်)၊ Orchid ကွန်ဒို၊ Hill Top ကွန်ဒို(အလုံမြို့နယ်)၊ မြန်မာပလာဇာ၊ ရွှေအုန်းပင်အိမ်ရာ၊ ရန်အေး၊ ရန်ငြိမ်း၊ ဝါဝါဝင်းအိမ်ရာ၊ မင်းရဲကျော်စွာကွန်ဒို(ရန်ကင်းမြို့နယ်)၊ ချမ်းသာကွန်ဒို(တာမွေမြို့နယ်)၊ Inya View ကွန်ဒို(ကမာရွတ်မြို့နယ်)၊ မင်းဓမ္မကွန်ဒို၊ သီရိကွန်ဒို၊ Royal Malikha ကွန်ဒို၊ Primrose ကွန်ဒို(မရမ်းကုန်းမြို့နယ်)၊ ပန်းလှိုင်ဂေါက်ကွင်းအိမ်ရာ၊ ပန်းလှိုင်စီလုံဆေးရုံ၊ စက်မှုဇုံ-၅(လှိုင်သာယာမြို့နယ်)၊ ပင်လုံဆေးရုံ(မြောက်ဒဂုံမြို့နယ်)၊ ကန်တော်ကြီးတာဝါ(မဂ်လာတောင်ညွန့်မြို့နယ်)၊ မလိခကွန်ဒို(သဃ်န်းကွန်းမြို့နယ်)တို့အပြင် အခြားသော(၆)မြို့နယ်ရဲ့ ကွန်ဒိုနဲ့ အိမ်ရာအချို့ဖြစ်ပါတယ်။ ကျန်တဲ့(၆)မြို့နယ်ရဲ့ နေရာအတိအကျတွေကို မဖေါ်ပြပေးနိုင်တာကတော့ ကျွန်တော်တို့အနေနဲ့ အချက်အလက်စုဆောင်းမှု အပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတဲ့အတွက် သည်းခံပေးကြဖို့ အနူးအညွတ်တောင်းပန်ပါတယ်။
မန္တလေးမြို့မှာဆိုရင်တော့ ချမ်းအေးသာဇံမြို့နယ်အတွင်းက (၇၁)လမ်းနဲ့(၇၄)လမ်း၊ (၂၆)လမ်းနဲ့(၃၅)လမ်းကြားတွေမှာ Myanmar Net ကို မှာယူချိတ်ဆက်ပြီး အသုံးပြုနိုင်ပါပြီ။ မန္တလေးလိုမြို့ကြီးတစ်မြို့ အတွက်တော့ ဒီဧရိယာပမာဏက ကျဉ်းမြောင်းတယ်လို့ ဆိုရမှာပါ။ အမြန်ဆုံး ပိုမိုချဲ့ထွင်နိုင်ဖို့ လိုပါလိမ့်မယ်။
Myanmar Net ရဲ့၀န်ဆောင်မှုတွေကို နည်းနည်းရှင်းပြပေးပါမယ်။ ပထမဆုံးရှင်းပြပေးမှာကတော့ အများသုံးအင်တာနက် အကြောင်းပါ။ အများသုံးအင်တာနက် ဆိုတာက လိုအပ်သူတိုင်း စိတ်ကြိုက်ပုံစံနဲ့ မှာယူချိတ်ဆက်နိုင်တာလို့ အလွယ်ပြောလို့ရပါတယ်။ လက်ရှိမှာ ရန်ကုန်မြို့ရဲ့ မြို့နယ်(၇)ခုမှာ Myanmar Net ကွန်ရက်တွေ ထုတ်လွှင့်ထားပါတယ်။ ဒီကွန်ရက်ဧရိယာအတွင်း မိမိစိတ်ကြိုက် ၀န်ဆောင်မှုမျိုးကို အသုံးပြုနိုင်ခြင်းမျိုးပါ။
နောက်ထပ်တစ်ခုကတော့ လုပ်ငန်းသုံးအင်တာနက်ဆိုတဲ့ ၀န်ဆောင်မှုပါ။ တကယ်လို့ မိမိအဆောက်အဦအနေနဲ့ Myanmar Net ကွန်ရက်ရှိတဲ့ မြို့နယ်ဧရိယာအတွင်း မဟုတ်ခဲ့ပါက အလွယ်တကူချိတ်ဆက်ဖို့ မဖြစ်နိုင်တော့ပါ။ ဒီလိုအခါမျိုးမှာ သီးသန့်ကွန်ရက်ချိတ်ဆက်မှုတွေ ပြုလုပ်ဖို့လိုပါလိမ့်မယ်။ ကွန်ရက်တစ်ခုအတွင်း အများနဲ့ဝေငှသုံးစွဲ သလိုမျိုးမဟုတ်ဘဲ တစ်ဦးတည်းတိုက်ရိုက် ချိတ်ဆက်သလိုမျိုးပါ။ ဒါ့ကြောင့် ဒီ၀န်ဆောင်မှုက အများသုံးထက် စျေးပိုကြီးပါတယ်။
တစ်ကိုယ်ရေသုံး ဆိုတာကတော့ မိုဘိုင်းလ်အကောင့်နဲ့ ငွေဖြည့်ကဒ် တွဲသုံးတဲ့စနစ်ပါ။ ဒီ၀န်ဆောင်မှုကိုလည်း အများသုံးအင်တာနက် ကွန်ရက်ရှိတဲ့(၇) မြို့နယ်တွင်းမှာပဲ ချိတ်ဆက်သုံးစွဲ နိုင်ပါလိမ့်မယ်။ ဒီ၀န်ဆောင်မှုက ဖုန်းဆင်းကဒ်ရဲ့ မိုင်ဘိုင်းအင်တာနက် အသုံးပြုသလိုမျိုးပါပဲ။ သူကအထိုင်စက်နဲ့ တွဲသုံးရတာမဟုတ်ဘူး ဆိုပေမယ့် အိမ်တွင်း၊အိမ်ပြင် ဘယ်နေရာဖြစ်ဖြစ် မိမိမှာယူတားတဲ့ အမြန်နှုန်းအတိုင်း အဆင်ပြေပြေ အသုံးပြုနိုင်မယ်လို့တော့ အာမခံထားပါတယ်။
Myanmar Net ရဲ့၀န်ဆောင်မှု အသီးသီးနှင့် စျေးနှုန်းများကို ဆက်လက်ဖော်ပြပေးပါမယ်။
လစဉ်သုံး(အ၀သုံး) အင်တာနက်
ဒီစနစ်မှာ ၀န်ဆောင်မှု(၂)မျိုး ရှိပါတယ်။ PCE လို့ခေါ်တဲ့ အထိုင်စက်နဲ့ ချိတ်ဆက်အသုံးပြုရတာနဲ့ မိုဘိုင်းလ်အကောင့်ကဒ်နဲ့ အသုံးပြုရတာ ဆိုပြီး ၀န်ဆောင်မှု(၂)မျိုးပါ။ PCE စက်နဲ့ အသုံးပြုမယ်ဆိုရင်တော့ တစ်မိသားစုလုံး သုံးလို့ရမှာပေါ့။ ဒီ၀န်ဆောင်မှုကို ရယူမယ်ဆိုရင်တော့ စတင်သုံးစွဲခဆိုပြီး (၄၇၀၀၀)ပေးရပါတယ်။ စက်ကိုတော့အခမဲ့ ငှားပေးတယ်လို့ ဆိုပါတယ်။ ကျွန်တော့်အထင်တော့ စတင်အသုံးပြုခဆိုတဲ့ (၄၇၀၀၀)ဟာ စက်ငှားခပဲဖြစ်ပါလိမ့်မယ်။ အမြန်နှုန်းတွေကိုတော့ မိမိစိတ်ကြိုက် ရွေးချယ်သုံးလို့ရပါတယ်။
လစဉ်ကြေး(ကျပ်) အမြန်နှုန်းအကောင့်ကဒ်
၁၆၀၀၀ကျပ်   500 Kbps   ၁ ခု
၂၄၀၀၀ကျပ်    800 Kbps   ၂ ခု
၄၄၀၀၀ကျပ်    1.5 Mbps   ၃ ခု
၆၄၀၀၀ကျပ်    2.2 Mbps   ၄ ခု
၈၃၀၀၀ကျပ်    2.8 Mbps   ၅ ခု
၁၅၈၀၀၀ကျပ်   5.5 Mbps   ၆ ခု
၂၂၅၀၀၀ကျပ်    8 Mbps    ၇ ခု
PCE စက်မပါဘဲ စုပေါင်းအ၀သုံး အစီအစဉ်မှာတော့ စတင်သုံးစွဲခအနေနဲ့ (၃၀၀၀) ပေးဆောင်ရပါတယ်။
လစဉ်ကြေး(ကျပ်) အမြန်နှုန်းအကောင့်ကဒ်
၇၅၀၀ကျပ်    300 Kbps   ၁ ခု
၁၂၀၀၀ကျပ်    500 Kbps   ၁ ခု
၂၀၀၀၀ကျပ်    800 Kbps   ၂ ခု
၄၀၀၀၀ကျပ်    1.5 Mbps   ၃ ခု
၆၀၀၀၀ကျပ်    2.2 Mbps   ၄ ခု
၇၉၀၀၀ကျပ်    2.8 Mbps   ၅ ခု
၁၅၄၀၀၀ကျပ်    5.5 Mbps   ၆ ခု
၂၂၁၀၀၀ကျပ်    8 Mbps   ၇ ခု
နေ့စဉ်သုံးမိုဘိုင်းလ်အကောင့်ကဒ် ဆိုတာလည်းတစ်မျိုး ရှိပါသေးတယ်။ ဒါကိုအသုံးပြုမယ်ဆိုရင်တော့ အကောင့်တစ်ခုကို တစ်ထောင်ကျပ်နဲ့ ၀ယ်ယူရမှာဖြစ်ပြီးတော့ တစ်ရက်စာအတွက် (၃၀၀)ကျပ်နဲ့ ငွေဖြည့်ကဒ် ၀ယ်ယူသုံးစွဲ ရမှာပါ။ ဒီနေ့စဉ်သုံးစနစ်မှာလည်း ၀န်ဆောင်မှု အမျိုးမျိုးရှိပါသေးတယ်။ အကယ်၍ အဆောက်အဦအနေအထားအရ လိုင်းအားနည်းနေတယ် ဆိုပါက CPE စက်ကို ငှားသုံးနိုင်ပါတယ်။ စက်ငှားမယ်ဆိုရင်တော့ လစဉ်ကြေး(၃၀၀၀)ကျပ်နဲ့ တပ်ဆင်ခ (၁၅၀၀၀) ကျပ် အပြင်စပေါ်ငွေ(၅၀၀၀၀)ကျပ် ပေးသွင်းရပါတယ်။ တကယ်လို့ စက်ငှားရမ်းမှု ရပ်တန့်မယ်ဆိုရင်တော့ မူလပေးသွင်းထားတဲ့ စပေါ်ငွေကို ပြန်လည်ထုတ်ပေးပါလိမ့်မယ်။ တကယ်လို့ CPE စက်ကို မိမိအပိုင်၀ယ်ယူမယ် ဆိုရင်တော့ (၂၁၀၀၀၀)ကျပ် ကျပါလိမ့်မယ်။ တပ်ဆင်ခအတွက်လည်း (၁၅၀၀၀)ကျပ် ပေးရပါသေးတယ်။ သုံးစွဲသူတွေဆီက ကြားရတာတွေကတော့ အဆင်ပြေတာတွေရှိသလို အဆင်မပြေတာတွေလည်း ရှိပါတယ်။ တစ်ခါတစ်လေ အခက်အခဲတွေကိုဖြေရှင်းပေးဖို့ ဆက်သွယ်လို့မရတာတွေကတော့ လူတွေမကြိုက်ဆုံး အချက်ပါပဲ။ အကောင်းအဆိုး၊ အမှားအယွင်း ဆိုတာမျိုးကတော့ နေရာတိုင်းမှာ ရှိတတ်ပါတယ်။ အရေးကြီးဒါက customer ရဲ့လိုအပ်ချက်ကို အမြန်ဆုံးဆောင်ရွက်ပေးတဲ့ ၀န်ဆောင်မှုမျိုး ရှိဖို့ပဲ အရေးကြီးတာပါ။ ဒီအပိုင်းမှာ အားနည်းနေရင်တော့ အများနဲ့ယှဉ်တဲ့အချိန်မှာ နောက်ကောက်ကျနေခဲ့ပါလိမ့်မယ်။ Myanmar Net ကိုဆက်သွယ်ရမယ့်လိပ်စာနဲ့ ဖုန်းနံပါတ်တွေကတော့-
အမှတ် (၂၀၅) ဘုန်းကြီးလမ်းနှင့် အနော်ရထာလမ်းထောင့်၊ လမ်းမတော်မြို့နယ်။
အမှတ် (၁၄၈) ရွှေဘုံသာလမ်း၊ အောက်ဘလောက်၊ ပန်းဘဲတန်းမြို့နယ်။
အမှတ် (၉၁) ဆိပ်ကမ်းသာလမ်းနှင့် အနော်ရထာလမ်းထောင့်၊ ကျောက်တံတားမြို့နယ်။
အမှတ် (၁၃၆) အနော်ရထာလမ်း၊ ၄၈ လမ်းနှင့် ဗိုလ်မြတ်ထွန်းလမ်းကြား၊ ဗိုလ်တစ်ထောင်မြို့နယ်။
အမှတ် (၅ဝ၂) ၊ သိမ်ဖြူလမ်း ၊ မင်္ဂလာတောင်ညွန့်မြို့နယ်။
မြန်မာပလာဇာ ၊ ဒုတိယထပ် စက်လှေကားအနီး။
အမှတ် (၅) ၊ ဘုရင့်နောင်လမ်းမကြီး၊ လှိုင်မြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း-09777223230/31 တို့ပဲဖြစ်ပါတယ်။

Myanmar Net Facebook Page

True Net

Image Source: https://www.facebook.com/truenetwisp/

True Net ဆိုတာကတော့ AGB Communication Co.Ltd ရဲ့ လုပ်ငန်းခွဲတစ်ခု ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကမှ စပြီးလုပ်ကိုင်လာခဲ့တာပါ။ သူကလည်းအခုဆိုရင် ရန်ကုန်မြို့ရဲ့ နေရာတော်တော်များများမှာ ၀န်ဆောင်မှုတွေ ပေးနေနိုင်ပြီ ဖြစ်တဲ့အပြင် မန္တလေးမြို့မှာပါ စတင်နေပြီဖြစ်ပါတယ်။ သူ့ရဲ့၀န်ဆောင်မှု အပိုင်းနဲ့ပက်သက်ပြီးတော့ ဝေဖန်မှုတွေ ထွေထွေထူးထူး မကြားရပေမယ့် True Net ကအချိန်တိုအတွင်း အောင်မြင်မှုတွေ ရလာတာဆိုတော့ သူများထက် နည်းနည်းပိုကောင်းလိမ့်မယ်လို့ ထင်ပါတယ်။
ရန်ကုန်မြို့မှာ True Net တပ်ဆင်အသုံးပြုလို့ရတဲ့ နေရာတွေကို အတိအကျ ဖော်ပြပေးပါမယ်။ လမ်းမတော်၊ လသာ၊ ပန်းဘဲတန်း၊ ကျောက်တံတား၊ ဗိုလ်တစ်ထောင်၊ စမ်းချောင်း၊ တာမွေ၊ သာကေတ၊ ဒဂုံ၊ ကမာရွက်(လှည်းတန်း)၊ တောင်ဉက္ကလာပ၊ မြောက်ဉက္ကလာပ၊ သဃ်န်းကျွန်း၊ မြောက်ဒဂုံ၊ ပုဇွန်တောင်(၅၃-၅၆လမ်းကြား) စတဲ့မြိုနယ်တွေအပြင် တောင်ဒဂုံစက်မှဒဇုန်၊ တောင်ဒဂုံဆိပ်ကမ်း စက်မှုဇုံ၊ အရှေ့ဒဂုံ စက်မှုဇုံနဲ့ မဂ်လာဒုံ စက်မှုဇုန်တွေမှာပါ အသုံးပြုခွင့်ရနေပြီ ဖြစ်ပါတယ်။
True Net မှာလည်း အိမ်သုံးအင်တာနက်နဲ့ လုပ်ငန်းသုံးအင်တာနက်ဆိုပြီး (၂)မျိုးရှိပါတယ်။ အိမ်သုံးအင်တာနက်ကိုလည်း (၂)မျိုးခွဲထားပါသေးတယ်။ အိမ်သုံးအင်တာနက်ကို (၂)မျိုးခွဲထားတယ်ဆိုတာကတော့ အကန့်အသတ်နဲ့ အကန့်အသတ်မဲ့ ဆိုတဲ့သဘောပါ။ ပုံမှန်ဆိုရင်တော့ တပ်ဆင်ခအနေနဲ့ (၁)သိန်းပေးရပါတယ်။ ပရိုမိုးရှင်း လုပ်တဲ့အခါမျိုးတွေမှာတော့ (၄)သောင်း၊ (၆)သောင်းဆိုပြီး ရနိုင်ပါတယ်။ စက်ပစ္စည်းတွေ ငှားရမ်းခကတော့ တစ်လကို တစ်သောင်းပေးရပေမယ့် လုပ်ငန်းသုံးသမားတွေနဲ့၊ အိမ်းသုံးသမားတွေထဲက အသုံးပြုခလစဉ်ကြေးကို (၆)လစာကြိုပေးမယ့်သူတွေဆိုရင်တော့ စက်ပစ္စည်းငှားရမ်းခတွေကိုတော့ လုံး၀ပေးရတော့မှာ မဟုတ်ပါဘူး။ စျေးနှုန်းတွေကတော့-
အိမ်သုံး အင်တာနက် (၁)-အကန်ု့အသတ်
1Mbps Speed (Unlimited Data) 65000 Ks per month
(90% Guarantee Speed)
2Mbps Speed (Unlimited Data) 120000 Ks per month
(90% Guarantee Speed)
3Mbps Speed (Unlimited Data) 170000 Ks per month
(90% Guarantee Speed)
4Mbps Speed (Unlimited Data) 215000 Ks per month
(90% Guarantee Speed)
အိမ်သုံး အင်တာနက် (၂)-အကန့်ကသတ်မဲ့
1Gb per day Quota Plan (Speed 1 to 2 Mbps) 30000 Ks per month(After 1Gb per day quota user can still use internet with 512Kbps Speed)
2Gb per day Quota Plan (Speed 1 to 2 Mbps) 55000 Ks per month
(After 2Gb per day quota user can still use internet with 512Kbps Speed)
3Gb per day Quota Plan (Speed 2 to 3 Mbps) 75000 Ks per month
(After 3Gb per day quota user can still use internet with 512Kbps Speed)
လုပ်ငန်းသုံး အင်တာနက်
1Mbps Speed (Unlimited Data Dedicated Speed) 100000 Ks per month
(100% Guarantee Speed)
2Mbps Speed (Unlimited Data Dedicated Speed) 190000 Ks per month
(100% Guarantee Speed)
3Mbps Speed (Unlimited Data Dedicated Speed) 275000 Ks per month
(100% Guarantee Speed
4Mbps Speed (Unlimited Data Dedicated Speed) 340000 Ks per month
(100% Guarantee Speed) တို့ပဲဖြစ်ပါတယ်။
ထပ်မံအသစ်တိုးပေးထားတဲ့ မေတ္တအစီအစဉ်တွေကတော့ အိမ်သုံးအင်တာနက်ကို အကန့်အသတ်နဲ့ အသုံးပြုတဲ့ customer တွေအနေနဲ့-
၁။ နေ့ စဉ် Data 1 GB အား အင်တာနက် အမြန်နှုန်း အနည်းဆုံး 1 Mbps နှင့် 2 Mbps အတွင်း သုံးစွဲနိုင်ပြီး Data 1GB ကုန်သွားပြီးနောက် အမြန်နှုန်း 512 Kbps ဖြင့် ည ၁၂ နာရီ အထိသုံးစွဲ နိုင်ခြင်း၊
၂။ နေ့ စဉ် Data 2 GB အား အင်တာနက် အမြန်နှုန်း အနည်းဆုံး 1 Mbps နှင့် 2 Mbps အတွင်း သုံးစွဲနိုင်ပြီး Data 2GB ကုန်သွားပြီးနောက် အမြန်နှုန်း 512 Kbps ဖြင့် ည ၁၂ နာရီ အထိသုံးစွဲ နိုင်ခြင်း၊
၃။ နေ့ စဉ် Data 3 GB အား အင်တာနက် အမြန်နှုန်း အနည်းဆုံး 2 Mbps နှင့် 3 Mbps အတွင်း သုံးစွဲနိုင်ပြီး Data 3GB ကုန်သွားပြီးနောက် အမြန်နှုန်း 512 Kbps ဖြင့် ည ၁၂ နာရီ အထိသုံးစွဲ နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။
အိမ်သုံးအင်တာနက် (အကန့်အသတ်မဲ့) နဲ့ လုပ်ငန်းသုံးသမားတွေအတွက်ကတော့ အင်တာနက်လိုင်း အမြန်နှုန်းများကို-
ယခင် 1Mbps = ယခု 2Mbps (ည ရ နာရီ မှ နောက်တနေ့ နံနက် ရ နာရီ အထိ)
ယခင် 2Mbps = ယခု 4Mbps (ည ရ နာရီ မှ နောက်တနေ့ နံနက် ရ နာရီ အထိ)
ယခင် 3Mbps = ယခု 6Mbps (ည ရ နာရီ မှ နောက်တနေ့ နံနက် ရ နာရီ အထိ)
ယခင် 4Mbps = ယခု 8Mbps (ည ရ နာရီ မှ နောက်တနေ့ နံနက် ရ နာရီ အထိ) တိုးမြှင့်သုံးစွဲခွင့် ပေးလိုက်ခြင်းပဲဖြစ်ပါတယ်။
ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကတော့-
ရန်ကုန်-095140516, 09421034183, 09975522123
မန္တလေး-09457770677, 09967770677, 09787770677

True Net Facebook Page

Net Core

Image Source: https://www.facebook.com/netcoreinternet/

Net Core ကလည်းသုံးစွဲသူတွေကြားထဲ နာမည်ရှိတဲ့ ကုမ္ပဏီတစ်ခုပါပဲ။ သူကခုအချိန်မှာ ရန်ကုန်တစ်မြို့တည်းပဲ ၀န်ဆောင်မှုပေးနိုင်သေးတယ်။ နယ်ဘက်တွေ မရနိုင်သေးဘူး။ ၀န်ဆောင်မှုအမျိုးအစားတွေကတော့ (၃)မျိုးပဲရှိတယ်။ အိမ်သုံး၊ အသေးစားစီးပွားရေးသုံးနဲ့ အကြီးစားစီးပွားရေးသုံးရယ်လို့ ပြောရမှာပေါ့။ စျေးနှုန်းတွေကြည့်မယ်ဆိုလည်း အများနည်းတူလောက်ပါပဲ။ သိပ်မကွာပါဘူး။ ဒီခေတ်ကလည်း အပြိုင်အဆိုင်လေးတွေရှိတော့ တစ်ဦးတည်းစျေးကိုင်ထားလို့ မရတော့ဘူးလေ။ မိမိပစ္စည်းအရည်အသွေးကို မြှင့်ပြီး စျေးနှုန်းကိုသူများထက်လျှော့နိုင်မှ လူတွေဆီမှာ မျက်နှာရနိုင်မယ်။
Net Core ရဲ့၀န်ဆောင်မှုတွေနဲ့ စျေးနှုန်းတွေကို တစ်ခုချင်းစီအလိုက် ဖော်ပြပေးပါ့မယ်။ Net Core ရဲ့၀န်ဆောင်မှုတိုင်းမှာ Data သုံးစွဲမှုနှုန်းက အကန့်အသတ်မဲ့ပါ။ မိမိကြိုက်သလောက် Download, Upload သုံးစွဲနိုင်ပါတယ်။ ခြားနားတာကတော့ အမြန်နှုန်းပါပဲ။ အမြန်နှုန်းမြင့်လေ သုံးရတာအဆင်ပြေပြီး စျေးပိုကြီးလေ ဆိုတဲ့သဘောပါ။ အပိုလက်ဆောင်အနေနဲ့ကတော့ ညနေ(၆)နာရီကနေ မနက်(၆)နာရီအတွင်း မိမိပုံမှန်အမြန်နှုန်းထက် (၂)ဆရရှိနိုင်မှာပဲဖြစ်ပါတယ်။ တကယ်လို့ အမြန်နှုန်း 1 Mbps ယူထာတယ်ဆိုရင် အဲဒီအချိန်မှာ 2 Mbps နဲ့ ပိုမြန်ပြီးသုံးနိုင်ပါလိမ့်မယ်။
အိမ်သုံးအင်တာနက်
ဒီ၀န်ဆောင်မှုအတွက် လစဉ်ကြေးကတော့ 1 Mbps အမြန်နှုန်းဆိုရင် (၆၀၀၀၀)ပါ။ 2Mbps ဆိုရင်တော့ တစ်သိန်းကျပါတယ်။ တပ်ဆင်ကြေးကတော့ (၄၀၀၀၀)ပေးရပါတယ်။ စက်ငှားရမ်းခကတော့ တစ်လကို တစ်သောင်းနှုန်းနဲ့ (၆)လအတွက်ပဲပေးရမှာပါ။ အဲဒီနောက်ပိုင်းတော့ ပေးစရာမလိုတော့ပါဘူး။ စက်ငှားရမ်းခကို တစ်ခါတည်းလည်း ပေးလိုက်လို့ရသလို တစ်လချင်းစီလည်း ပေးလို့ရပါတယ်။ လက်ရှိရန်ကုန်မြို့မှာ အိမ်သုံးအင်တာနက်ကို အသုံးပြုလို့ရတဲ့ မြို့နယ်တွေကတော့ လှည်းတန်း၊ လှိုင်(ဘူတာရုံ)။ ကျောက်မြောင်း၊ တာမွေ၊ မဂ်လာတောင်ညွန့်၊ သာကေတ၊ သဃ်န်းကျွန်း၊ တောင်ဉက္ကလာပ၊ ရန်ကင်း၊ ဗဟန်း၊ကြည့်မြင်တိုင်၊ စမ်းချောင်း၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ ၉ မိုင်၊ သမိုင်း စတဲ့မြို့နယ်တွေပဲ ဖြစ်ပါတယ်။ တကယ်လို့ အိမ်သုံးအင်တာနက်သုံးလို့မရတဲ့ မြို့နယ်အချို့ဆိုရင်လည်း အသေးစားလုပ်ငန်းသုံးအင်တာနက်(SBI-plan) နဲ့ သုံးစွဲလို့ ရနိုင်ပါသေးတယ်။
အသေးစားလုပ်ငန်းသုံးအင်တာနက်(Small Business Internet)
ဒီ၀န်ဆောင်မှုကတော့ စီးပွားရေးလုပ်ငန်းလေးတွေအတွက် ဖြစ်ပါတယ်။ သူ့မှာလစဉ်ကြေးအနေနဲ့ အမြန်နှုန်း 1Mbps ကို (၉၄၀၀၀) ကျပ်ကျပါလိမ့်မယ်။ တပ်ဆင်ကြေးကတော့ (၂၉၄၀၀၀)ကျပ်ပါ။ စက်ပစ္စည်း ငှားရမ်းခတော့ မပေးရပါဘူး။ အိမ်သုံးမရတဲ့ အချို့မြိုနယ်တွေမှာဆိုရင် ဒီ၀န်ဆောင်မှုကို ပဲသုံးစွဲရပါတယ်။ သူကလည်း ရန်ကုန်မြို့တွင်း နေရာအားလုံးတော့ မရနိုင်သေးပါဘူး။
Dedicated Business Internet
Dedicated Business Internet ဆိုတာကတော့ အိမ်ရာသို့မဟုတ် ကွန်ဒိုတွေ၊ စက်ရုံတွေအတွက် ၀န်ဆောင်မှုပေးတဲ့သဘောပါ။ နောက်တစ်မျိုးပြောရမယ် ဆိုရင်တော့ အကြီးစားစီးပွားရေးသုံးအင်တာနက်လို့ ဆိုနိုင်ပါတယ်။ ဒီ၀န်ဆောင်မှုမှာ Fiber နဲ့ Wireless ဆိုပြီး(၂)မျိုးရှိပါတယ်။ Fiber ကတော့ တပ်ဆင်ခပိုပြီးစျေးကြီးပါတယ်။ Fiber နဲ့တပ်ဆင်မယ်ဆိုရင် တစ်ကီလိုမီတာအတွင်းကို (၁၅)သိန်းကျပါတယ်။ Wireless ကိုတော့ (၃)မျိုးခွဲထားပါတယ်။ Short-range ဆိုရင် (၄)သိန်း၊ Mid-range ဆိုရင် (၅)သိန်းနဲ့ Long-range ကို (၆)သိန်းပေးရမှာ ဖြစ်ပါတယ်။ အမြန်နှုန်းအလိုက် လစဉ်ကြေးတွေကို အောက်မှာအစဉ်လိုက်တိုင်း ဖော်ပြပေးပါမယ်။
1 mbps – 140,000 ks
2 mbps – 280,000 ks
4 mbps – 550,000 ks
6 mbps – 750,000 ks
10 mbps – 1,100,000 ks
20 mbps – 2,000,000 ks
50 mbps – 4,500,000 ks ဆိုပြီး အသီးသီးဖြစ်ပါတယ်။
Net Core က Video Conferencing Service လို့ခေါ်တဲ့ အခြားသောပြိုင်ဘက်တွေနဲ့ မတူတဲ့ ၀န်ဆောင်မှုအသစ်တစ်မျိုးကိုလည်း လုပ်ဆောင်နေပါသေးတယ်။ ဒါကတော့ လုပ်ငန်းကြီးတွေအနေနဲ့ ရုံးခွဲတွေနဲ တစ်ထိုင်းတည်း အစည်းအဝေးလုပ်ရသလိုမျိုး Video, Voice ကြည်လင်ပြတ်သားစွာနဲ့ လွယ်လွယ်ကူကူ ဆောင်ရွက်နိုင်ဖို့ ၀န်ဆောင်မှုမျိုးပဲ ဖြစ်ပါတယ်။ ဒီ၀န်ဆောင်မှုက Video ၊ voice ကြည်လင်ပြတ်သာခြင်း၊ eWhite board နဲ့ ရှင်းပြနိုင်ခြင်း၊ Chat Group နဲ့ စာတိုပို့နိုင်ခြင်း၊ Website နှင့် Media Sharing ဖွင့်ပြနိုင်ခြင်း၊ Screen Sharing ဖွင့်ပြနိုင်ခြင်း၊ file Sharing ပို့နိုင်ခြင်း၊ အစည်းအဝေးအတွင်း လူဦးရေ(၅၀)ထိ ပါ၀င်နိုင်ခြင်း တို့ပဲဖြစ်ပါတယ်။ ဒီ၀န်ဆောင်မှုကို အသုံးပြုဖို့အတွက် Video Conferencing Account နဲ့ Mobile Phone Internet တို့ပဲလိုအပ်ပြီး Video Conferencing Device အပြင် အခြားမည်သည့် Device မှ လိုအပ်မှာ မဟုတ်ပါဘူး။ ပြီးတော့ Account ကို(၁)ပတ်တိတိ အခမဲ့စမ်းသပ်အသုံးပြုခွင့် ရရှိပါဦးမယ်။ ၀န်ဆောင်ခကတော့ Nomal User Account ဆိုရင် တစ်လကို 12 USD နဲ့ Net Core User Account ဆိုရင်တော့ တစ်လအတွက် 10 USD ပေးရပါလိမ့်မယ်။
Net Core နဲ့ပက်သက်ပြီးတော့ ထူးထူးခြားခြား ဝေဖန်သံတွေ သိပ်ပြီးမကြားရပါဘူး။ သူဟာနဲ့သူတော့ ပုံမှန်လည်ပတ်နေနိုင်တဲ့ သဘောမျိုးပါပဲ။ ဆက်သွယ်ရမယ့် လိပ်စာကတော့ အမှတ်-၄/၀၃၊ ကြီးပွါးရာအိမ်ရာ၊ သဃ်န်းကျွန်းမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း- 09779899100 ပဲဖြစ်ပါတယ်။

Net Core Facebook Page

5BB Broadband

Image Source: http://www.5bb.com.mm/

5BB Broadband ဆိုတာကတော့ ယခုနှစ်အစပိုင်းကမှ စတင်ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ သူက Global Technology Co., Ltd ရဲ့ လုပ်ငန်းခွဲတစ်ခုဖြစ်ပါတယ်။ Global Technology Co., Ltd ကတော့ ၂၀၀၂ ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့ပြီး မြန်မာပြည်တွင်း Network Service လုပ်ငန်းများကို အောင်မြင်စွာ လုပ်ကိုင်နေတဲ့ ကုမ္ပဏီကြီးတစ်ခုပါ။
5BB Broadband ရဲ့ ၀န်ဆောင်မှုတွေက (၂)မျိုးရှိပါတယ်။ Fiber To The Home(FTTH) လို့ခေါ်တဲ့ အိမ်အရောက် ဖိုင်ဘာကြိုးတွေနဲ့ ဆက်သွယ်ပြီး အင်တာနက်ပေးတာရယ်၊ နောက်တစ်မျိုးက အများပြည်သူအတွက် Free WiFi လွှင့်ပေးတာရယ်ပါ။ လက်ရှိအချိန်မှာ ရန်ကုန်တစ်မြို့တည်းမှာပဲ ၀န်ဆောင်မှုတွေ ပေးနိုင်သေးပါတယ်။ သိပ်မကြာခင်မှာတော့ မန္တလေးမြို့မှာပါ ပေးနိုင်တော့မယ်လို့ ကြေညာထားပါသေးတယ်။ ရန်ကုန်မြို့တွင်း ဘယ်နေရာမှာပဲဖြစ်ဖြစ် Fiber သွယ်တန်းဆက်သွယ်ပြီး ၀န်ဆောင်မှုပေးနေတယ်လို့ သိရပါတယ်။
5BB Broadband ရဲ့ ပုံမှန်၀န်ဆောင်ခ စျေးနှုန်းတွေကို ဖော်ပြပေးပါမယ်။ တပ်ဆင်ခကတော့ (၃)သိန်းကျပါတယ်။ FTTH-WiFi router နဲ့ Fiber Cable တွေအားလုံးအပါအ၀င် ဖြစ်ပါတယ်။ 5BB Broadband ရဲ၀န်ဆောင်မှုတွေကို အသုံးပြုနေသမျှ ကာလပတ်လုံး FTTH-WiFi router ပျက်စီးမှုရှိခဲ့ပါ အခမဲ့ ပြန်လည်လှဲလှယ်ပေးမယ်လို့ ဆိုထားပါတယ်။ ၀န်ဆောင်မှု အမျိုးအစားအလိုက် လစဉ်ကြေးတွေကတော့-
XS plan 1 Mbps 60000 ks
S plan 3 Mbps 120000 ks
M plan 5 Mbps 180000 ks
L plan 10 Mbps 300000 ks
XL plan 20 Mbps 520000 ks တို့ အသီးသီး ဖြစ်ကြပါတယ်။
5BB Broadband အနေနဲ့ ရန်ကုန်မြို့တွင်း လူစည်ကားတဲ့ နေရာတွေမှာ Free WiFi များ လွှင့်ပေးလျက်ရှိပြီး၊ အားလုံးစုစုပေါင်း (၃၆)နေရာထိရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီနေရာတွေကတော့-
(1) ရွှေတိဂုံစေတီတော်မြတ်
(2) ဆေးတက္ကသိုလ် (၁)
(3) နိုင်ငံခြားဘာသာတက္ကသိုလ် (UFL)
(4) Yangon International Airport
(5) ရန်ကုန်ဘူတာကြီး
(6) ဗိုလ်ချုပ်အောင်ဆန်းစျေး
(7) ကရဝိတ် ဥယျာဉ်ကမ္ဘာ
(8) တပ်မတော်ခန်းမ
(9) Ya Kun Coffee & Toast (Yangon International Airport)
(10) Lotteria (Peral Condo)
(11) Lotteria (6.5 Miles)
(12) Lotteria (China Town)
(13) Eatfinity Thai Food
(14) ရွှေကောင်းဟော့ပေါ့(ဗဟန်း)၊ Shwe Kaung Hot Pot (Bahan)
(15) O-Shabu
(16) Harmony (လှိုင်တက္ကသိုလ်)
(17) Café Milano
(18) LA Bar
(19) 7th Joint Bar & Grill
(20) DIY BBQ & Hot Pot
(21) Happy Cafe & Noodle(အင်းယားလမ်း)
(22) ခိုင်ခိုင်ကျော်မြန်မာထမင်းဆိုင်(ဂန္ဓမာ wholesale)
(23) Friendship Restaurant(အင်းယားလမ်း)
(24) Friendship Restaurant(လေဆိပ်အနီး)
(25) Friendship Restaurant(ရွှေဂုံတိုင်)
(26) မာကျူရီလက်ဖက်ရည်ဆိုင်(ကျောက်ကုန်း)
(27) မော်ဒန်လက်ဖက်ရည်ဆိုင်
(28) Mai Thai Restaurant
(29) Golden Seafood Restaurant(ကျောက်ကုန်း)
(30) KKS Thai Food & B.B.Q
(31) ရွှေကောင်းဟော့ပေါ့(နာနတ်တောလမ်း)
(32) Market Place (ပြည်လမ်း၊ ၆မိုင်ခွဲ)
(33) Market Place (ရွှေတောင်ကြား၊ ဗဟန်း)
(34) City Mart (သမိုင်း)
(35) Ocean Super Center (တာမွေ)
(36) Ocean Super Center (၉မိုင်) တို့ဖြစ်ကြပါတယ်။
ပြီခဲ့တဲ့ရက်ပိုင်းကတော့ “ထပ်ဆင့်မြင့် plan” ဆိုတဲ့ ပရိုမိုးရှင်း အစီအစဉ်တစ်ခု လုပ်ခဲ့ပါတယ်။ ဒါကတော့ လစဉ်ကြေးကို (၁၂)စာကြိုသွင်းတဲ့ customer တွေအနေနဲ့ ငွေစသွင်းတဲ့လကစပြီး (၄)လအထိ ထပ်ဆင့်မြင့် plan ကိုရယူသုံးစွဲနိုင်မှာဖြစ်ပြီး ကျန်တဲ့နောက်ပိုင်း(၈) လကိုတော့ မိမိ၀ယ်ယူထားတဲ့ ပုံမှန် plan အတိုင်း သုံးစွဲသွားရမှာ ဖြစ်ပါတယ်။ ထပ်ဆင့်မြင့် plan ဆိုတာကတော့ ဥပမာ- မိမိအနေနဲ့ XS plan ကို၀ယ်ယူသုံးစွဲမည်ဆိုပါက XS ရဲ့အမြန်နှုန်းဖြစ်တဲ့ 1Mbps အတိုင်းမဟုတ်ဘဲ သူ့ထက်တစ်ဆင့်ပိုမြင့်တဲ့ S plan ရဲ့အမြန်းနှုန်း 3 Mbps အတိုင်း အသုံးပြုခွင့်ရရှိမှာကို ဆိုလိုတာပါ။ ထပ်ဆင့်မြင့် plan ရဲ့ သတ်မှတ်ချက်တွေကို အောက်မှာဖော်ပြပေးပါဦးမယ်။
XS plan – 1Mbps – 49,500 kyats x 12 လ = 594,000 kyats
S plan – 3Mbps – 99,500 kyats x 12 လ = 1,194,000 kyats
M plan – 5Mbps – 149,500 kyats x 12 လ = 1,794,000 kyats
L plan – 10Mbps – 249,500 kyats x 12 လ = 2,994,000 kyats
XL plan – 20Mbps – 449,500 kyats x 12 လ = 5,394,000 kyats
5BB Broadband ဟာစတင်လုပ်ကိုင်မှု သိပ်မကြာသေးတာကြောင့် customer service ပိုင်းမှာ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ ဝေဖန်သံတွေ ရှိနေပါတယ်။ သူတို့ဘက်ကလည်း ဒီဝေဖန်မှုကို လက်ခံထားပါတယ်။ လိုအပ်တဲ့၀န်ထမ်းအင်အား ထပ်မံဖြည့်တင်းပြီး အချိန်တိုအတွင်း အကောင်းဆုံး ပြင်ဆင်နိုင်ဖို့ ကြိုးစားနေတယ်လို့ ကြားရပါတယ်။
5BB Broadband ကိုဆက်သွယ်ရမယ့်လိပ်စာကတော့ အမှတ်-၄၇၁၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်၊ ဖုန်း- 01524978, 0949208223, 0949208224 တို့ဖြစ်ပါတယ်။

5BB Broadband Facebook Page

အခုဖော်ပြပေးခဲ့တဲ့ Internet Service Provider တွေကတော့ လက်ရှိမှာ လူကြိုက်များနေတဲ့ အထဲကမှ ထပ်မံရွေးချယ်ဖော်ပြ ပေးခဲ့တာတွေပဲဖြစ်ပြီး နောက်ထပ်လည်း အောင်မြင်စွာ လုပ်ကိုင်နေတဲ့ Internet Service Provider တွေများစွာရှိပါသေးတယ်။ သုံးစွဲသူတွေရဲ့ စကားသံတွေအရ ဆိုရင်တော့ လက်ရှိ Internet Service Provider တွေရဲ့ လိုင်းဆွဲအားတွေဟာ ပုံမှန်ဆိုရင်တော့ ကောင်းကောင်းမွန်မွန် အသုံးပြုနိုင်တယ်ဆိုပေမယ့် မကြာခနတော့ နွေးကွေးမှုပြဿနာ ဖြစ်တတ်တယ်လို့ ဆိုကြပါတယ်။ ဒါက ကြီးမားတဲ့ ပြဿနာတစ်ခုတော့ မဟုတ်ပေမယ့် အမြန်ဆုံးပြန်လည် မြှင့်တင်ပေးနိုင်ဖို့တော့ လိုပါတယ်။ တကယ်လို့ ဒီလိုလိုင်းဆွဲအား နှေးသွားတဲ့အခါမျိုးတွေမှာ မြန်မြန်ဆန်ဆန်နဲ့ ပြန်လည်မြှင့်တင် မပေးနိုင်ဘူးဆိုရင်တော့ သုံးစွဲသူတွေအနေနဲ့ ငြိုငြင်ကြမှာ အမှန်ပါပဲ။ ပြီးတော့ပြဿနာ တစ်ခုခုကြောင့် ဖုန်းနဲ့ဆက်သွယ်တဲ့အခါ လက်ခံဖြေဆိုမှု မရှိဘဲ ရှောင်နေကြတဲ့ ပြဿနာကလည်း အခုတလော Provider အားလုံးလိုလိုမှာ ဖြစ်ပေါ်နေကြပါတယ်။ ဘာပဲပြောပြောလေ ဆိုးဆိုးဝါးဝါး မဖြစ်ရင်ပဲ ကောင်းတယ်လို့ မှတ်ယူနိုင်ပါပြီ။ ဘာလို့ဆိုတော့ နိုင်ငံရဲ့အဘက်ဘက်က အနေအထားတွေအရလည်း အဆင့်မြင့်တဲ့နိုင်ငံဖြစ်ဖို့ အချိန်နဲ့ ပြောင်းလဲမှုတွေ လိုနေသေးလို့ပါပဲ။