မြန်မာလူငယ်တွေဖန်တီး ထုတ်လုပ်ထားတဲ့ evotag ရဲ့ NFC tag

Laptop, Tablet, Smartphone, Smart Watch, Smart Band တွေအပြင် Earphone, Headphone တွေဆိုတာ ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်ဘဝမှာ ပိုပြီးအဆင်ပြေပြေ အဆင့်မြင့်မြင့်အသုံးပြုလာနိုင်စေဖို့အတွက် ဝင်ဆံ့ အောင် နည်းပညာအမျိုးမျိုးဆန်းသစ်တီထွင်လျက် ရှိကြပါတယ်။ NFC Tag တွေဆိုတာကလည်း ကျွန်တော်တို့ရဲ့ နေ့စဉ်ဘဝထဲကို စပြီးဝင်ရောက်လာတဲ့ Lifestyle Accessory တစ်ခုလို့ပြောရင်လည်း မမှားနိုင်ပါဘူး။

ရှင်းပြရမယ်ဆိုရင်တော့ NFC ဆိုတာ Near-Field Communication လို့ခေါ်တဲ့ short range communication device တစ်ခုဖြစ်ပါတယ်။ Contact Information Share တဲ့အချိန်မှာ အသုံးပြုခဲ့ကြတဲ့ Bluetooth လို Wireless sharing system တစ်မျိုးပါပဲ။ Radio Wave တွေကို အသုံးပြုထားပြီး Device တစ်ခုနဲ့တစ်ခုကို Information တွေ လုံလုံခြုံခြုံမျှဝေနိုင်အောင် ကူညီလုပ်ဆောင်ပေးပါတယ်။ Short Range ဖြစ်တဲ့အတွက် အလှမ်းဝေးတဲ့ Device နှစ်ခုကို ချိတ်ဆက်လို့တော့မရပါဘူး။ အသုံးပြုဖို့အတွက် NFC tag နဲ့ Device ကို နီးနီးကပ်ကပ်ထားရှိဖို့ လိုအပ်ပါတယ်။

Photo Source NFC support phones list

NFC tag တွေထဲမှာ Memory တွေကိုသိမ်းဆည်းဖို့အတွက် microchips အသေးလေးတစ်ခုနဲ့ radio wave တွေ ထုတ်လွှတ်ဖို့ smart phone ဆီ signals တွေပို့ဖို့အတွက် NFC antenna လေးပါဝင်ပါတယ်။ Battery မပါဘဲအလုပ်လုပ်တဲ့အတွက် အားသွင်းဖို့မလိုအပ်ပါဘူး။

ဘယ်လိုအသုံးပြုရမလဲဆိုရင်တော့ NFC tag ကိုအသုံးပြုဖို့အတွက် အရင်ဆုံး ကိုယ့်ရဲ့ဖုန်းက NFC support ဖြစ်မဖြစ် သိထားဖို့လိုပါတယ်။ NFC Support ပြုလုပ်တဲ့ဖုန်းတွေကိုလည်း ပုံမှာ ဖော်ပြပေးထား ပါသေးတယ်။ NFC support ဖြစ်တာနဲ့ အသုံးပြုမယ့် Device မှာ Application တစ်ခုရှိရပါမယ်။

evotag ဟာလည်း NFC tag တစ်ခုဖြစ်ပြီး မြန်မာနိုင်ငံက နည်းပညာလူငယ်တွေစုပေါင်းဖန်တီးထားတဲ့  Product လည်းဖြစ်ပါတယ်။ evotag ရဲ့ NFC tag ကို ကိုယ့်ရဲ့ Social Media နဲ့ Business Profile တွေကို မျှဝေဖို့၊ Contact Information, Contact Number နဲ့ Website Link တွေကိုပါ မျှဝေတဲ့နေရာမှာ အသုံးပြုနိုင်ပါတယ်။ Information Exchange ပြုလုပ်ပြီး Menu, ကြော်ငြာစာရွက်တွေ၊ ဖိတ်စာတွေ စတဲ့အချက်အလက်တွေကို မျှဝေတဲ့ နေရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ NFC tag တွေကို Business Material အနေနဲ့မဟုတ်ဘဲ အခြားနိုင်ငံတွေမှာလည်း အသုံးပြုနိုင်တဲ့အတွက် ရေပန်းစားလာမယ့် Lifestyle Accessory တစ်ခုဆိုရင်လည်း မမှားနိုင်ပါဘူး။

Photo Source http://evotags.com/

Application Download ချင်သူတွေအနေနဲ့ evotag Application ကို Google Play Store နဲ့ App Store တို့မှာ Download ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုဖို့အတွက် လက်ခံမယ့် Receiver ကလည်း NFC support ဖြစ်နေဖို့ လိုပါသေးတယ်။

NFC tag ကိုဝယ်ယူလိုသူတွေအနေနဲ့ evotag Facebook Page မှာဖော်ပြပေးထားတဲ့ Physical Store တွေကနေ ဝယ်ယူနိုင်သလို website evotags.com ကတစ်ဆင့်လည်း မှာယူနိုင်ပြီ ဖြစ်ပါတယ်။ evotag တစ်ခုကို မြန်မာငွေ တစ်သောင်းခွဲကျပ်နဲ့ အရောင်အားဖြင့် Ruby, Flame, Midnight, Navy, Cherry, Show အရောင် (၆) ရောင် မှာယူနိုင်မှာ ဖြစ်ပါတယ်။ evotag product နဲ့အသုံးပြုပုံတွေကိုလည်း https://evotags.com/user-guide မှာဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။