Huawei ၏ nova Y Series အသစ်ဖြစ်သည့် ဖက်ရှင်နှင့် နည်းပညာပေါင်းစပ်ထားသော HUAWEI nova Y61 အား Pre-order မှာယူနိုင်ပြီ

Huawei ၏ ဖက်ရှင်နှင့် နည်းပညာပေါင်းစပ်ထားသည့် ဈေးသင့်သော စမတ်ဖုန်းစီးရီးအသစ် HUAWEI nova Y61 ကို နိုဝင်ဘာလ (၃) ရက်နေ့အထိ Pre-order မှာယူနိုင်မည် ဖြစ်သည်။ 

Photo Source http://consumer.huawei.com

HUAWEI nova Y61 တွင် 50MP AI Triple Camera ပါရှိပြီး အနောက်ဘက်ရှိ ကင်မရာ ၃ လုံးမှာ ကြည်လင်ပြတ်သားသည့် ပုံရိပ်များကိုရိုက်ကူးပေးနိုင်သည့် 50MP Main Camera၊ Bokeh ပုံများအား ကောင်းမွန်စွာ ရိုက်ကူးပေးနိုင်မည့် 2MP Depth Camera နှင့် အနုစိတ်ပုံရိပ်များကို ရိုက်ကူးပေးနိုင်သည့် 4cm Macro Camera တို့ဖြစ်သည်။

HUAWEI nova Y61 တွင် Tripod မလိုဘဲ ညဘက်ရိုက်ချက်များကို အမိအရရိုက်ကူးပေးနိုင်သည့် Super Night Shot အား အထောက်အပံ့ပေးထားပြီး Super Night Shot တွင် highlights များကို ပိုမိုသိသာထင်ရှားစေသည့် Multi-frame noise reduction algorithm ပါဝင်သည့်အတွက် long exposure ရိုက်ချက်များကို 6s shutter အထိရိုက်ကူးစေနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 တွင် Huawei’s scene detection algorithm မှတစ်ဆင့် လှုပ်ရှားမှုများကိုအလိုအလျောက် သိရှိစေသော intelligent AI Snapshot ပါဝင်ပြီး ကင်မရာ၏ အမှားအယွင်းမရှိသော point-and-shoot shutter မှ shutter speed အားထိန်းညှိပေးကာ လှုပ်ရှားနေသည့်အရာများကို အမိအရ ရိုက်ကူပေးနိုင်သည့်အတွက် ထိုကဲ့သို့ ရိုက်ချက်များအတွက် နည်းပညာများအားလေ့လာရသည့်အခက်အခဲများမှ ကူညီပေးနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 ၏ အနောက်ဘက်ကင်မရာတွင် Content creators များအတွက်အထူးအဆင်ပြေစေမည့် Slow Motion feature လည်းပါဝင်သည်။ ထို့အပြင် အရာဝတ္ထုနှင့် ရှုခင်းများအား အလိုအလျောက် သိရှိပြီး အလင်းနှင့်အရောင်အား ပိုမိုကောင်းမွန်စေကာ၊ Portraitပုံ၊ အစားအသောက်ပုံ၊ နေထွက်ချိန်/ နေဝင်ချိန်၊ နှင်းကျချိန်စသည်ဖြင့်အမျိုးမျိုးသော မြင်ကွင်းများအား ပိုမိုကောင်းမွန်သော ရိုက်ချက်များ ဖန်တီးပေးနိုင်သည့် Master AI အားထည့်သွင်းထုတ်လုပ်ထားသည်။

HUAWEI nova Y61 သည် နေ့စဉ်အသုံးပြုရန်ကောင်းမွန်သည့် ပါးလျှသောစမတ်ဖုန်းတစ်လုံးဖြစ်ကာ လုံခြုံပြီးအသုံးပြုရ အဆင်ပြေသည့် Fingerprint power buttonလည်းပါရှိသည်။ HUAWEI nova Y61 မှာ ပါးလွှာသော်လည်း ဘေးဘက်ရှိ Power Button မှာ လက်ဗွေရာအား ကောင်းစွာသိရှိပြီး ဖုန်းအားထိရုံနှင့်အလွယ်တကူ ပွင့်နိုင်သည်။

ကြည်လင်တောက်ပသည့် မြင်ကွင်းများကိုကြည့်ရှုနိုင်မည့်အပြင် 8x Ultra High-Resolution Touching Control ဖြင့် အကောင်းဆုံး ဖုန်း display ကို အသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 တွင် ၉နာရီခွဲကြာ ဂိမ်းကစားခြင်း၊ ၂၅ နာရီကြာဖုန်းပြောခြင်း၊ ၁၃နာရီခွဲကြာ အင်တာနက်ဝက်ဘ်ဆိုက်များကြည့်ရှုခြင်း နှင့် ၁၃.၃ နာရီကြာ ဗီဒီယိုများကြည့်ရှုခြင်း စသည်တို့ကို အထစ်အငေါ့မရှိ အသုံးပြုနိုင်သည့် 5000 mAh ဘက်ထရီတပ်ဆင်ထားသည်။ ထို့ပြင် 22.5W HUAWEI SuperCharge မှလည်း အခြားဈေးတန်းတူ ထုတ်ကုန်များနှင့်နှိုင်းယှဉ်ပါက ပိုမိုမြန်ဆန်စွာ အားသွင်းနိုင်မည်ဖြစ်သည်။ 

Photo Source http://consumer.huawei.com

HUAWEI nova Y61 သည် HUAWEI Vision၊ HUWEI Freebuds 3/4/5i တို့နှင့် အလွယ်တကူ တွဲဖက်အသုံးပြုနိုင်ပြီး Distributed file system ပါဝင်သည့်အတွက် PC နှင့်ချိတ်ဆက်ကာ Memory drive အနေဖြင့်အသုံးပြု၍ ဖိုင်များကို အလွယ်တကူ ရွေ့ပြောင်းနိုင်သည့် Super Device အားထောက်ပံ့ပေးသည်။ Wireless စနစ်ဖြင့် မိုဘိုင်းဖုန်းမှဖိုင်များအား ကွန်ပျူတာတွင် ကြည့်ရှုခြင်း၊ သိမ်းဆည်းခြင်းနှင့် ကူးပြောင်းခြင်းများကို ချော့မွေ့စွာပြုလုပ်နိုင်မည်ဖြစ်သည်။

Simple mode အားဖွင့်ထားခြင်းဖြင့် ပိုမိုကြီးသော စာလုံးအရွယ်အစား၊ ပိုကြီးသော icons များနှင့် ပိုကျယ်သောအသံ တို့ကိုအသုံးပြုနိုင်မည်ဖြစ်သည်။ ဤကဲ့သို့ အလွယ်တကူလုပ်ဆောင်နိုင်သည့် feature သည် ခေတ်မှီနည်းပညာများအား အမှီလိုက်နေသည့် လူကြီးများအတွက် ကူညီပေးနိုင်မည်ဖြစ်သည်။ Service Widgets အားဖွင့်ထားခြင်းဖြင့်လည်း ဖုန်းတွင် widgets အမျိုးမျိုးကို စိတ်ကြိုက်ရွေးချယ်ကာ ပိုမိုလွယ်ကူပြီး မြန်ဆန်စွာအသုံးပြုနိုင်မည်ဖြစ်သည်။

HUAWEI nova Y61 ကို RAM 6 GB + 64 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Midnight Black (အနက်ရောင်)၊ Sapphire Blue (အပြာရောင်)နှင့် Mint Green (အစိမ်းရောင်)တို့အား မြန်မာကျပ် ၃၈၉,၀၀၀ ဖြင့် နိုဝင်ဘာလ (၃) ရက်နေ့အထိ Pre-order မှာယူနိုင်မည်ဖြစ်ကြောင်းသိရသည်။