အသုံးပြုသူတွေနဲ့ Brainstorming တွေလုပ်ပြီး စကားပြောနိုင်တဲ့ Claude AI

စကားပြောနိုင်၊ တိုင်ပတ်ဆွေးနွေးပြီး၊ Assistant တစ်ယောက်လိုကူညီပေးနိုင်တဲ့ AI တွေကတော့ အများကြီးကိုပေါ်လာနေပြီးသားပါ။ ဒီလို AI Model တွေအများကြီးရှိတဲ့ထဲကမှ အသုံးပြုရလည်း အဆင်ပြေ အကုန်အကျ မများချင်သူတွေအတွက် အခမဲ့ပါ အသုံးပြုလို့ရတဲ့ AI အမျိုးအစားဆိုရင်တော့ ကိုယ်တိုင်း စိတ်တိုင်းကျအောင် တော်တော်လေးရှာဖွေရမှာပါ။

OpenAI ရဲ့ ChatGPT, Microsoft ရဲ့ Copilot တွေဟာ အခမဲ့အသုံးပြုနိုင်သလို လုပ်ဆောင်ချက်တွေ တော်တော်ကြီးကိုလည်း စုံလင်တဲ့ AI အမျိုးအစားတွေဖြစ်ပါတယ်။ ဒီလိုကုမ္ပဏီကြီးတွေရဲ့ AI Model တွေကို တခြား AI အမျိုးအစားတွေက ပြိုင်လို့ရပါဦးမလားဆိုရင်တော့ ရပါသေးတယ်။ Anthropic ကုမ္ပဏီရဲ့ Claude AI ဟာ ၂၀၂၃ မှာ GPT-4 Model အသစ်ကိုမိတ်ဆက်လိုက်ပြီးတဲ့နောက်ပိုင်း ChatGPT နဲ့အပြိုင် ဖြစ်လာခဲ့တဲ့ (Large Language Model) LLM တစ်ခုဖြစ်ပါတယ်။

Claude AI

Image: ANTHROP\C

Anthropic ရဲ့ Claude AI ဟာ အခမဲ့အသုံးပြုနိုင်သလို Web Version တစ်ခုထဲပဲ အသုံးပြုနိုင်တဲ့ AI ဖြစ်ပါတယ်။ Image Generation လည်းအသုံးပြုလို့မရပါဘူး။ ဒါပေမယ့် Claude AI ရဲ့ အားသာချက်တွေ အနေနဲ့ ChatGPT မှာ Context Window ၃၂,၀၀၀ Tokens ရှိပေမယ့် Claude မှာတော့ ၂၀၀,၀၀၀ Tokens ထိပါဝင်မှာဖြစ်သလို တစ်ချို့သောကိစ္စရပ်တွေအတွက် ၁,၀၀၀,၀၀၀ Tokens အထိပါဝင်မှာ ဖြစ်ပါတယ်။ ဘာသာစကားအနေနဲ့ အင်္ဂလိပ်၊ ဂျပန်၊ စပိန်၊ တရုတ်၊ ဂျာမန် နဲ့ ဘာသာစကား (၁၀) မျိုး အထက် ပြောနိုင်တဲ့ AI တစ်ခု ဖြစ်ပါတယ်။

Introducing Claude \ Anthropic

Image: ANTHROP\C

Claude AI ရဲ့စာအရေးအသားတွေဟာ လူသားပိုဆန်တဲ့ပုံစံမျိုးပေါက်သလို Creativity လည်း ဖြစ်ပါ သေးတယ်။ အမှားရှာဖွေဖို့အတွက် Proofreading နဲ့ Factchecking ပိုင်းမှာလည်း ကောင်းမွန်သလို 2023 data တွေကို အခြေခံပြီး လေ့ကျင့်ပေးထားတာ ဖြစ်ပါတယ်။ အမှားရှာဖွေတဲ့နေရာမှာ တိတိကျကျ ရှာဖွေ ပေးနိုင်သလို မှန်မှန်ကန်ကန်လည်း ပြင်ဆင်ထောက်ပြပေးနိုင်ပါသေးတယ်။ Claude ဟာ တခြား AI Model တွေထက် လူသားပိုဆန်တဲ့အတွက် Emotional  ဖြစ်ပါတယ်။ Analysis ပိုင်းမှာတော့ Content Window ပိုပြီးတဲ့ Claude က ChatGPT နဲ့ယှဉ်လိုက်ရင် ပိုပြီး Analysis လုပ်နိုင်စွမ်း ကောင်းမွန် တာကိုလည်း တွေ့ရမှာ ဖြစ်ပါတယ်။ ဟင်းအမျိုးအစားတွေရဲ့ ပါဝင်ပစ္စည်းတွေကို ပုံပို့ပြီး ရှာဖွေ ပေးနိုင်သလို၊ တိကျတဲ့ Research လုပ်နိုင်စွမ်း၊ အကျဉ်းချုပ်ပေးနိုင်စွမ်း၊ ခရိးသွား အစီအစဉ်တွေနဲ့ မေးလ် ရေးသားပေးတဲ့ နေရာမျိုးတွေအထိ လုပ်ဆောင်နိုင်သလို Personal Assistant အနေနဲ့ပဲဖြစ်ဖြစ် Team Member တစ်ယောက်အနေနဲ့ပဲဖြစ်ဖြစ် ကိုယ်လုပ်ချင်တာတွေကို Brainstorming ကောင်းကောင်း လုပ်ပေး နိုင်တဲ့ AI အမျိုးအစားတစ်ခု ဖြစ်ပါတယ်။