Leak ထွက်ရှိလာတဲ့ Samsung ရဲ့ နောက်ဆုံးထွက် Galaxy S23 smartphone

Galaxy S Series ဟာ Samsung ရဲ့ လူကြိုက်များတဲ့ Series တစ်ခု ဖြစ်ပါတယ်။ အသစ်ထွက်ရှိဖို့ ပြင်ဆင်ထားတဲ့ Galaxy S23 ဟာလည်း ထွက်ရှိဖို့အတွက် တစ်လကျော်ကျန်ရှိနေသေးတဲ့ အချိန်မှာပဲ Leak ထွက်ရှိလာခဲ့ပါတယ်။

ထွက်ရှိလာခဲ့တဲ့ Leak တွေအရ Galaxy S23 Series ရဲ့ ပုံရိပ်တွေမှာ S23 Ultra ဟာ ထွက်ရှိပြီးသား S22 Ultra နဲ့ ကွာခြားမှုသိပ်မရှိဘူး S23 မှာတော့ ကင်မရာအနေအထား ပြောင်းလဲမှုတွေရှိပါတယ်။ ပုံစံအရ ပြောင်းလဲမှုတွေ ကတော့ ဒီလိုအချက်အနည်းငယ်လောက်ပဲရှိပါတယ်။ အရောင်အားဖြင့်လည်း Galaxy S23 Series မှာ Pink/Purple နဲ့ unique green shade အရောင်ဆိုပြီး ထွက်ရှိလာမယ်လို့ ယူဆရပါတယ်။ အရင်နှစ်ကထွက်ရှိခဲ့တဲ့ Galaxy S22 Series မှာ S22 နဲ့ S22+ အတွက် light pink အရောင်ကို အသုံးပြုထားပြီး Ultra အတွက် deep green အရောင်ကို အသုံးပြုထားပါတယ်။

Image: 9to5Google

နောက်ထပ်ရရှိထားတဲ့ အချက်အလက်တွေအရ Galaxy S23 Device သုံးခုလုံးမှာ အသုံးပြုထားတဲ့ Super AMOLED Display အတွက် Brightness အများဆုံး 1,750 nits အထိအသုံးပြုနိုင်မယ်လို့ သိရပါတယ်။ S22 ထွက်ရှိခဲ့တုန်းက 3,700mAh ဘတ္ထရီနဲ့ ထွက်ရှိလာပေမယ့် S23 မှာတော့ 3,900mAh နဲ့ ရရှိနိုင်မယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် အားသွင်းစနစ်ကတော့ ပြောင်းလဲမှုမရှိဘဲ 25W မှာပဲ ရှိနေမှာပါ။ S22+ အတွက် 4,500mAh ပဲပြုလုပ်ပေးထားတာကနေ S23+ အတွက် 4,700mAH ထိထည့်သွင်းပေးမှာ ဖြစ်ပါတယ်။ S23 Ultra အတွက်ကတော့ အရင်လို 5,000mAh ဘတ္ထရီကိုပဲ ထည့်သွင်းပေးမှာပါ။ Plus နဲ့ Ultra Model နှစ်မျိုးလုံးအတွက် 45W Charging System ကို အသုံးပြုပေးထားမယ်လို့ သိရပါတယ်။

Gorilla Glass Victus+ ကိုအသုံးပြုပေးထားပြီး IP68 Rating ပါဝင်မှာ ဖြစ်တဲ့အတွက် ဖုန်ဒဏ် ရေစိုတဲ့ ဒဏ်တွေကိုလည်း အတော်လေးခံနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် Snapdragon 8 Gen 2 SOC ကိုလည်းအသုံးပြုပေးထားပြီး 8/12GB RAM နဲ့ 128/256/512 GB Storage တွေကို ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Security အတွက်လည်း ပိုမိုကောင်းမွန်တဲ့ ultrasonic fingerprint sensor ကို ထည့်သွင်းပေးထားတယ် လို့လည်း သိရပါတယ်။