ထွက်ရှိလာမယ့် Samsung ရဲ့ One UI 5.1 update နဲ့ အသုံးပြုနိုင်မယ့်ဖုန်းများ

ဖေဖော်ဝါရီလတစ်ရက်နေ့မှာ ထွက်ရှိလာတော့မယ့် Samsung စမတ်ဖုန်းစီးရီးအသစ် Galaxy S23 Series နဲ့အတူ One UI 5.1 လည်းထွက်ရှိလာမယ်လို့ သိရပါတယ်။ Android 13 နဲ့အတူပါဝင်လာမှာ ဖြစ်ပါတယ်။ Device အမျိုးမျိုးမှာ စမ်းသပ်ပြီးတဲ့နောက်မှာတော့ One UI 5.1 ဟာ Galaxy S23 မှာ စတင်ပါဝင်လာမယ်လို့လည်း သိရပါတယ်။ ဒါပေမယ့် Tablet တွေအတွက်ကိုတော့ ဘယ်တော့ပါဝင်လာမယ်ဆိုတာ မသိရှိရသေးပါဘူး။

Samsung အနေနဲ့ One UI 5.1 ပါဝင်လာမယ့် Galaxy Watch 5 update မှာ “Camera Controller” function အသစ်ကို အသုံးပြုသူတွေအနေနဲ့ ချိတ်ဆက်ထားတဲ့ ဖုန်း Screen ကို ချဲ့ဖို့အတွက် နာရီကို လက်ကောက်ဝတ်ကနေ pinch to zoom ပြုလုပ်ပြီး ထိန်းချုပ်နိုင်ပြီ ဖြစ်တဲ့အကြောင်းကို ဖော်ပြပေးခဲ့ပါတယ်။ ဒီလုပ်ဆောင်ချက်ကလည်း ဖေဖော်ဝါရီလမှာ စတင်ပြီး အသုံးပြုနိုင်မယ်လို့ ဖော်ပြထားပါသေးတယ်။ ဒီအချက်ကြောင့် One UI 5.1 ဟာ ၂၀၂၃ ဖေဖော်ဝါရီလက စတင်အသုံးပြုနိုင်မယ်လို့ ယုံကြည်နိုင်သလို ဘယ်ဖုန်းအမျိုးအစားတွေနဲ့ ချိတ်ဆက်အသုံးပြုနိုင်မယ်ဆိုတာကိုလည်း confirm ပြုလုပ်ခဲ့ပါသေးတယ်။ ထည့်သွင်းထားတဲ့ အချက်အလက်တွေအရ One UI 5.1 ဟာ Galaxy S20 နဲ့ Galaxy Z Flip နောက်ပိုင်းထွက်ရှိလာတဲ့ flagship model တွေမှာဖြစ်တဲ့

  • Galaxy S21
  • Galaxy S21+
  • Galaxy S21 Ultra
  • Galaxy S21 FE
  • Galaxy S22
  • Galaxy S22+
  • Galaxy S22 Ultra
  • Galaxy Z Flip 5G
  • Galaxy Z Flip 3
  • Galaxy Z Flip 4
  • Galaxy Z Fold 2
  • Galaxy Z Fold 3
  • Galaxy Z Fold 4

တွေမှာ ပါဝင်အသုံးပြုလာနိုင်မှာ ဖြစ်ပါတယ်။ Budget-focus ပြုလုပ်ထားတဲ့ Device တွေနဲ့ Tablet တွေမှာလည်း One UI 5.1 ကပါဝင်လာဦးမယ်ဆိုပေမယ့် Galaxy Watch 5 နဲ့ချိတ်ဆက်ပြီး pinch to zoom လုပ်နိုင်တဲ့ လုပ်ဆောင်ချက်ကတော့ ပါဝင်လာမလားဆိုတာ မသိရသေးပါဘူး။