Snapdragon 8 Gen 2 နဲ့ထွက်ရှိလာတဲ့ Xiaomi 13 နဲ့ 13 Pro

Flagship စမတ်ဖုန်းတွေကို ကြိုက်နှစ်သက်ပြီး အသစ်တွေကိုမလွတ်တမ်းဝယ်ယူအသုံးပြုချင်သူတွေအတွက် Xiaomi ရဲ့ Xiaomi 13 နဲ့ 13 Pro ကိုမိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ Xiaomi ရဲ့ထွက်ရှိခဲ့ဖူးတဲ့ Flagship Smartphone တွေထဲမှာ ဈေးအသက်သာဆုံး Flagship ဖုန်းတစ်လုံးလည်း ဖြစ်မယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာပဲ မိတ်ဆက်ရောင်းချသေးတာဖြစ်တဲ့အတွက် Global Release ကိုတော့ ဘယ်အချိန်မှာ ပြုလုပ်မယ်ဆိုတာ မသိရသေးပါဘူး။ အသွင်အပြင်ဒီဇိုင်းတင်မကပါဘူး Xiaomi 13 နဲ့ 13 Pro မှာထည့်သွင်းအသုံးပြုထားတဲ့ Snapdragon 8 Gen 2 ကြောင့်လည်း လူတိုင်းမျက်စိကျနေကြမယ်ဆိုတာ သေချာပါတယ်။

IMG Xiaomi

Xiaomi 13

၆.၃၆ လက်မရှိတဲ့ Display နဲ့ 1080 x 2400 pixel resolution ပါဝင်တဲ့ Xiaomi 13 ဟာ 120Hz refresh rate, Dolby Vision, HDR10+, color temperature sensor အစရှိတဲ့လုပ်ဆောင်ချက်တွေ ပါဝင်မှာ ဖြစ်ပါတယ်။ Xiaomi 13 ရဲ့ ကင်မရာပိုင်းမှာတော့ 50MP, native 3x zoom ပါဝင်တဲ့ 10MP နဲ့ Ultrawide 12MP camera တွေကို ထည့်သွင်းပေးထားပါတယ်။ ဘတ္ထရိပိုင်းမှာဆိုရင်လည်း 4500mAh ကိုမှ 67W fast wired charging, 50W wireless charging အပြင် 10W reverse wireless charging တွေကိုပါ အသုံးပြုနိုင်ဦးမှာပါ။ Xiaomi ရဲ့ Xiaomi 13 ဖုန်းမှာ Dolby Atoms Stereo speaker ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။ IP68 certification လည်းရရှိထားတဲ့အတွက် ဖုန်နဲ့ ရေစိုမှုတွေကိုလည်း ကောင်းကောင်းကြီး ခံနိုင်မှာ ဖြစ်ပါတယ်။ အရောင်အနေနဲ့ Black, Light Green, Light Blue, Gray နဲ့ White ဆိုပြီး ထွက်ရှိမှာ ဖြစ်ပါတယ်။

IMG Xiaomi

Xiaomi 13 Pro

13 လိုပဲ Xiaomi 13 Pro ကလည်းပြောင်းလဲမှုမရှိပါဘူး။ Processor အနေနဲ့ Snapdragon 8 Gen 2 ကိုထည့်သွင်းထားပြီး LPDDR5X memory နဲ့ next-generation UFS 4.0 Storage တွေကို ထည့်သွင်း အသုံးပြုပေးထားပါတယ်။ Xiaomi 13 Pro မှာလည်း 50MP Triple Camera ကို တပ်ဆင် ပေးထားပါတယ်။ Telephoto ရိုက်ကူးမှုအတွက် 50MP နဲ့ 3x zoom အထိလုပ်ဆောင်နိုင်ပြီး ultrawide အတွက်လည်း 50MP ကင်မရာနဲ့ macro လုပ်ဆောင်ချက်ကိုလည်း ထောက်ပံ့ထားပေးပါသေးတယ်။ နောက်ထပ် 13 နဲ့မတူတဲ့အချက်ကတော့ ဘတ္ထရီကို 4820mAh ထိတိုးမြင့်ပေးထားပြီး 120W wired charging, 50W wireless charging အပြင် 10W reverse wireless charging ကိုပြုလုပ်ပေးထားပါတယ်။ Dolby အသုံးပြုမှုနဲ့ IP68 ကိုလည်း ပြောင်းလဲထားမှုမရှိပါဘူး။ White, Black, Green နဲ့ Light Blue အရောင်လေးမျိုးနဲ့ မှာယူနိုင်မှာ ဖြစ်ပါတယ်။ 

IMG Xiaomi

Xiaomi 13 နဲ့ 13 Pro အတွက် တရုတ်နိုင်ငံမှာ Pre-order တင်ထားပြီး ဒီဇင်ဘာလ ၁၄ ရက်နေ့ကနေ စတင်ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ အောက်ပါဈေးနှုန်းတွေအတိုင်းမှာယူနိုင်မှာ ဖြစ်ပါတယ်။

Xiaomi 13

8 GB of RAM/128 GB of storage – US$575

8 GB of RAM/256 GB of storage – US$618

12 GB of RAM/256 GB of storage – US$661

12 GB of RAM/512 GB of storage – US$719

Xiaomi 13 Pro

8 GB of RAM/128 GB of storage – US$720

12 GB of RAM/512 GB of storage – US$900