Samsung Electronics မှ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး နိုင်ငံတကာကုန်အမှတ်တံဆိပ် အခု (၁၀၀) စာရင်းတွင် Top 5 အဖြစ်ရပ်တည်နေပြီး SEAL Business Sustainability Award ကိုပါ ဆွတ်ခူးရရှိ

Samsung Electronics သည် နိုင်ငံတကာထိပ်တန်း ကုန်အမှတ်တံဆိပ် (၅) ခုထဲမှ တစ်ခုဖြစ်ကြောင်း ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်အတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သည့် Interbrand ၏ အသိအမှတ်ပြုမှုကို ရရှိခဲ့ပြီး ၎င်း၏ စုစုပေါင်းကုန်အမှတ်တံဆိပ်တန်ဖိုး (Brand Value) ဆယ်ဂဏန်းကျော်တိုးတက်မှုကိုလည်း နှစ်နှစ်ဆက်တိုက် ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း သိရသည်။ ထို့အပြင် Samsung Electronics သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ကြိုးပမ်းအားထုတ်မှုများကြောင့် 2022 SEAL Business Sustainability Award ကိုပါ ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့သည်။ 

Image: Samsung

ကမ္ဘာလုံးဆိုင်ရာ ကုန်အမှတ်တံဆိပ်အတိုင်ပင်ခံကုမ္ပဏီကြီးဖြစ်သည့် Interbrand က Samsung Electronics ကို ၂၀၂၂ ခုနှစ်အတွက် အကောင်းဆုံး နိုင်ငံတကာထိပ်တန်း ကုန်အမှတ်တံဆိပ် (၅) ခုထဲမှ တစ်ခုဖြစ်ကြောင်း  အသိအမှတ်ပြုလိုက်သည်။ Interbrand သည် နှစ်စဉ်နှစ်တိုင်း နိုင်ငံတကာထိပ်တန်း ကုန်အမှတ်တံဆိပ်ပေါင်း အခု ၁၀၀ ၏ စာရင်းကို ထုတ်ပြန်လေ့ရှိပြီး ယခုနှစ် ထုတ်ပြန်ချက်အရ  Samsung Electronics ၏ ကုန်အမှတ်တံဆိပ်တန်ဖိုးသည် အမေရိကန်ဒေါ်လာ ၈၇.၇ ဘီလီယံထိ ရှိလာခဲ့ပြီး ၂၀၂၁ ခုနှစ်တွင်ရရှိခဲ့သော အမေရိကန်ဒေါ်လာ ၇၄.၆ ဘီလီယံနှင့် နှိုင်းယှဉ်ပါက ၁၇% အထိတိုးတက်လာသည်ကို တွေ့မြင်ရသည်။ ထို့ကြောင့် Samsung Electronics သည် နိုင်ငံတကာထိပ်တန်း ကုန်အမှတ်တံဆိပ်ပေါင်း ၁၀၀ စာရင်းတွင် ပဉ္စမနေရာ၌  သုံးနှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့သည်။ Samsung Electronics ၏ ပြန်လည်ကောင်းမွန်လာသော ဘဏ္ဍာရေးစွမ်းဆောင်ရည်နှင့် ဒေတာသုံးစွဲမှု တိုးမြှင့်လာသည့်အတွက် memory ဝယ်လိုအား များပြားလာခြင်းတို့ကြောင့် ဤကဲ့သို့အောင်မြင်မှုကို ရရှိခဲ့ခြင်းဖြစ်သည်။ 

Image: Samsung

စွန့်ပစ်ငါးဖမ်းပိုက်ကွန်များကို အသွင်ပြောင်းကာ စွမ်းဆောင်ရည်မြင့် Galaxy ထုတ်ကုန်များတွင် ကုန်ကြမ်းအဖြစ် ပြန်လည်ထည့်သွင်းအသုံးပြုထားသည့် ထူးခြားဆန်းသစ်သော ကြိုးပမ်းအားထုတ်မှုများအတွက်လည်း Samsung Electronics သည် ၂၀၂၂ ခုနှစ်အတွက် SEAL Business Sustainability Award ကို ဆွတ်ခူးရရှိခဲ့သည်။ SEAL Business Sustainability Award သည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ရေရှည်တည်တံ့ရေးအတွက် အကောင်းဆုံးနှင့် အထိရောက်ဆုံး ကြိုးပမ်းအားထုတ်လျက်ရှိသော ကုမ္ပဏီများကို ဂုဏ်ပြုချီးမြှင့်သည့် ဂုဏ်သိက္ခာကြီးမားသော ဆုတံဆိပ်ဖြစ်သည်။

“တန်ချိန်ပေါင်း ၆၄၀,၀၀၀ ရှိတဲ့ ငါးဖမ်းပိုက်ကွန်တွေနဲ့ ငါးဖမ်းကိရိယာတွေဟာ တုန်လှုပ်စရာကောင်းလောက်အောင် သမုဒ္ဒရာထဲကို နှစ်စဉ် စွန့်ပစ်ခံနေရတာကြောင့် အဏ္ဏဝါသတ္တဝါတွေအတွက် ပိတ်ဆို့ငြိတွယ်မှုအန္တရာယ်ဖြစ်စေပြီး သန္တာကျောက်တန်းများကိုလည်း ထိခိုက်ပျက်စီးစေပါတယ်” ဟု SEAL Awards ၏ Founder ဖြစ်သူ Matt Harney က မှတ်ချက်ပြုခဲ့သည်။ Samsung Electronics က သမုဒ္ဒရာတွင်းသို့ရောက်ရှိမည့် အဆိုပါ ငါးဖမ်းပလတ်စတစ်စွန့်ပစ်ပစ္စည်းများကို အောင်မြင်စွာ အသွင်ပြောင်း၍ Galaxy S22 စမတ်ဖုန်းများတွင် ပထမဦးစွာ ပေါင်းစပ်ထုတ်လုပ်ခဲ့ပြီးနောက် တက်ဘလက်များ၊ လက်ပ်တော့များ နှင့် နားကြပ်များအပါအဝင် Galaxy Ecosystem တစ်ခုလုံး၏ ထုတ်ကုန်ဒီဇိုင်းများတွင် အဆိုပါကုန်ကြမ်းပစ္စည်းကို ထည့်သွင်းအသုံးပြုနိုင်ခဲ့သည်။ 

Image: Samsung

နှစ်စဉ်နှစ်တိုင်း အံ့မခန်းအောင်မြင်မှုများနှင့်အတူ Samsung Electronics သည် ပိုမိုကောင်းမွန်၍ ကျေနပ်အားရဖွယ်ရှိသော သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ရန် ကုမ္ပဏီတစ်ခုလုံးအနေနှင့် ပူးပေါင်းကြိုးပမ်းသွားမည်ဖြစ်ကြောင်း ကတိကဝတ်ပြုထားသည့်အပြင် ပို၍ထင်သာမြင်သာရှိသော ရာသီဥတုဖောက်ပြန်မှု တုံ့ပြန်ရေး လုပ်ဆောင်ချက်များကို ဆက်လက်လုပ်ဆောင်သွားရန်လည်း ရည်သန်လျက်ရှိသည်။