Flagship ဆန်ဆန် Galaxy AI လုပ်ဆောင်ချက်တွေနဲ့ ပိုမိုစျေးသက်သာတဲ့ Galaxy S24 FE

စွမ်းဆောင်ရည်အမြင့်မားဆုံးနဲ့ လူကြိုက်အများဆုံး Samsung Galaxy S24 FE စမတ်ဖုန်းကို ပိုမို သက်သာတဲ့ဈေးနှုန်း အသစ်တွေနဲ့ ဝယ်ယူရရှိနိုင်ပြီ ဖြစ်ကြောင်း Samsung Myanmar က ယနေ့ ကြေညာလိုက်ပါတယ်။  လူကြိုက်အများဆုံး Galaxy AI လုပ်ဆောင်ချက်တွေပါဝင်တဲ့ Fan Edition စမတ်ဖုန်း Galaxy S24 FE ကို ပရီမီယံ ဒီဇိုင်း၊ မြင့်မားတဲ့ စွမ်းဆောင်ရည်၊ သင့်တင့်မျှတမှု အရှိဆုံးဈေးနှုန်းတွေနဲ့ ဖန်တီးထုတ်လုပ်ထားတာ ဖြစ်ပါတယ်။
Image: Samsung
Galaxy S24 FE စမတ်ဖုန်းတွေကို ယနေ့ (၂၀၂၅ ခုနှစ်၊ မေလ ၉ ရက်နေ့) ကနေစတင်ပြီး
  • 8/128 GB မော်ဒယ်ကို ယခင်ဈေးနှုန်း မြန်မာငွေ ၃,၂၇၅,၀၀၀ ကျပ် ကနေ ဈေးနှုန်းအသစ် ၂,၆၇၅,၀၀၀ ကျပ်
  • 8/256 GB မော်ဒယ်ကို ယခင်ဈေးနှုန်း မြန်မာငွေ ၃,၅၇၅,၀၀၀ ကျပ်ကနေ ဈေးနှုန်းအသစ် ၃,၁၈၅,၀၀၀ ကျပ်
အသီးသီး နဲ့ မြန်မာနိုင်ငံတဝန်းက နီးစပ်ရာ Samsung Showroom နဲ့ အ​ရောင်းကိုယ်စားလှယ်ဆိုင်ကြီးတွေမှာ ဝယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Image: Samsung
Galaxy S24 FE စမတ်ဖုန်းကို လှပသစ်လွင်တဲ့ Bue, Mint, Grey အရောင် ၃ မျိုးအနက် ကြိုက်နှစ်သက်ရာ ရွေးချယ် ဝယ်ယူနိုင်မှာ ဖြစ်ပြီး
  • ၆.၇” Adaptive Dynamic AMOLED 2X မျက်နှာပြင်၊ 120Hz refresh rate နဲ့ Exynos 2400 Series Chipset
  • အကြမ်းခံနိုင်စွမ်းမြင့်မားတဲ့ Gorilla Glass Victus+ Aluminum Frame နဲ့ IP68 ရေဒဏ်၊ ဖုန်ဒဏ်ခံနိုင်မှု
  • Optical Image Stabilization (OIS) စနစ် ပါရှိတဲ့ 50MP Wide Lens၊ 8MP Telephoto Lens with 3x optical zoom၊ 12MP Ultra-Wide Lens နဲ့ 10MP selfie ကင်မရာ
  • Circle to Search၊ Interpreter နဲ့ LIVE Translate အစရှိတဲ့ စွမ်းဆောင်ရည်မြင့် Galaxy AI လုပ်ဆောင်ချက်
တွေနဲ့အတူ ဖန်တီးထုတ်လုပ်ထားပါတယ်။
Image: Samsung
ဒါ့အပြင် Galaxy S24 FE စမတ်ဖုန်းတွေကို ဝယ်ယူအားပေးသူတွေ အနေနဲ့
  • AYA Pay နဲ့ ချိတ်ဆက်မှာယူမယ်ဆိုရင် Down Payment လုံးဝ ပေးသွင်းစရာမလိုပဲ ၆ လ အတိုးမဲ့ အရစ်ကျ စနစ်နဲ့ ဝယ်ယူရရှိနိုင်မှု
  • ATOM SIM Card အသုံးပြုသူတွေအတွက် Operator Bundle Benefits များ
  • Samsung Care+ ဝန်ဆောင်မှု ပါရှိတဲ့အတွက် မတော်တဆ ဖုန်း အရှေ့မျက်နှာပြင် ထိခိုက် ပျက်စီးခြင်း အတွက် လက်ခနဲ့ပစ္စည်းတန်ဖိုး ၇၀% အထိ သက်သာခွင့် (သို့) ဖုန်း အနောက်မျက်နှာပြင် ထိခိုက် ပျက်စီးခြင်း အတွက် လက်ခနဲ့ပစ္စည်းတန်ဖိုး ၁၀၀% အထိ သက်သာခွင့်တွေကို ဝယ်ယူပြီး ၁၈ လအတွင်း ၁ ကြိမ် ခံစားရရှိနိုင်မှု
စတဲ့ ထပ်ဆောင်းအကျိုးခံစားခွင့်တွေကိုလည်း ရရှိသွားမှာ ဖြစ်ပါတယ်။
Image: Samsung
Galaxy S24 FE စမတ်ဖုန်းနဲ့ ပတ်သက်ပြီး အသေးစိတ် ထပ်မံသိရှိလိုပါက Samsung Myanmar Facebook Page မှာလည်း ဝင်ရောက် ကြည့်ရှုနိုင်ပါတယ်။