စွမ်းဆောင်ရည်မြင့် Galaxy Exclusive လုပ်ဆောင်ချက်အသစ်တွေနဲ့ Galaxy A15 LTE နဲ့ Galaxy A25 5G တို့ကို မြန်မာနိုင်ငံဈေးကွက်မှာ စတင်မိတ်ဆက်ရောင်းချ

Samsung Myanmar က Galaxy A Series အသစ်တွေဖြစ်တဲ့ Galaxy A15 LTE နဲ့ Galaxy A25 5G တို့ကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၂) ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံဈေးကွက်ထဲမှာ စတင်မိတ်ဆက် ရောင်းချပေးနေပါပြီ။ Galaxy A Series ဖုန်းသစ်တွေက နောက်ဆုံးပေါ် ဆန်းသစ်ထားတဲ့ လုပ်ဆောင်ချက်တွေကို ဈေးသက်သက်သက်သာသာနဲ့ တွေ့ကြုံခံစားရနိုင်စေဖို့ ဖန်တီးပေးထားတဲ့ ဖုန်းတွေဖြစ်လို့ နှစ်သစ်မှာ ဈေးသက်သာပြီး Performance ကောင်းတဲ့ ဖုန်းအသစ် လဲလှယ်ချင်သူတွေ အတွက်တော့ ရွေးချယ်စရာဖုန်းတွေဖြစ်လာနိုင်ပါတယ်။

သင့်တင့်တဲ့စျေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့် Galaxy A15 LTE နဲ့ Galaxy A25 5G နှစ်ခုလုံးမှာ ကြီးမားကျယ်ပြန့်ပြီး ကြည်လင်တဲ့ မျက်နှာပြင်၊ ကောင်းမွန်ပြည့်စုံတဲ့ ကင်မရာ၊ မြန်ဆန်တဲ့ချိတ်ဆက်မှု၊ လုံခြုံစိတ်ချရတဲ့ Security စနစ် စတာတွေအပြင် နေ့စဥ်အသုံးပြုမှုအတွေ့အကြုံကောင်းတွေ ပေးစွမ်းနိုင်စေမယ့် အဆင့်မြင့်လုပ်ဆောင်ချက်တွေလည်း ပါဝင်လာပါတယ်။

Image: Samsung

နေ့စဉ်အသုံးပြုမှုအတွက် စိတ်ချရတဲ့ AWESOME PERFORMANCE

Galaxy A Series စမတ်ဖုန်းအသစ်တွေမှာ အဆင့်မြှင့်တင်ထားတဲ့ Octa-core processor တွေကို ထည့်သွင်းပေးထားတာကြောင့် သုံးစွဲသူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရရှိခံစားနိုင်မှာပဲဖြစ်ပါတယ်။ Galaxy A25 5G မှာ 5-nanometer Exynos 1280 ချစ်ပ်ဆက်ကြောင့် သိသာထင်ရှားတဲ့ စွမ်း‌ဆောင်ရည်ပိုင်းဆိုင်ရာ တိုးတက်မှုတွေကို ခံစားရရှိနိုင်မှာဖြစ်တဲ့အပြင် ဂိမ်းကစားရာမှာ ဒါမှမဟုတ် ဗီဒီယိုကြည့်ရာမှာလည်း အခက်အခဲမရှိ ချောမွေ့စေမှာပါ။ ဒါ့အပြင် Galaxy A15 LTE မှာဆိုရင်လည်း အဆင့်မြှင့်တင်ထားတဲ့ Powered-up AP ကြောင့် ဖုန်းသုံးရာမှာ အထစ်အငေါ့မရှိဘဲ multitasking လုပ်ဆောင်နိုင်စေမှာပါ။ Galaxy A15 LTE ဖုန်းမျက်နှာပြင်မှာ Peak Brightness 800 Nits နဲ့ Galaxy A25 5G မှာ Peak Brightness 1000 Nits တွေအပြင် ဖုန်း ၂ မျိုးလုံးမှာ Vision Booster ပါဝင်လာလို့ နေရောင်အောက်ထဲ ဖုန်းသုံးရာမှာလည်း screen မှိန်ကျသွားတာမျိုးမရှိဘဲ ကောင်းမွန်တဲ့ နေ့စဥ်ဖုန်းသုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မှာပါ။ Galaxy A Series ဖုန်းသစ် ၂ ခုလုံးမှာ တစ်နေ့တာလုံး အသုံးခံတဲ့ 5000mAh ဘက်ထရီနဲ့ 25W အမြန်အားသွင်းစနစ်ကိုပါ ထည့်သွင်းပေးလာတာကြောင့် အားသွင်းရာမှာ မြန်ဆန်ပြီး တာရှည်အသုံးခံမှာလည်း ဖြစ်ပါတယ်။

Image: Samsung

ပိုကောင်းလာတဲ့ Video Quality နဲ့ Nightography

အပြင်နဲ့တစ်ထပ်တည်းကျပြီး အသက်ဝင်တဲ့မြင်ကွင်းတွေကို ဖုန်းတစ်လုံးနဲ့ပဲ ရိုးရှင်းစွာ ရိုက်ကူးလိုသူတွေအတွက် Galaxy A25 5G ရဲ့ နောက်ကျောဖက်မှာ အဓိကအနေနဲ့ တပ်ဆင်ပေးထားတဲ့ 50MP OIS ကင်မရာက ဓာတ်ပုံ၊ ဗီဒီယိုတွေ ရိုက်ကူးတဲ့အခါ လှုပ်ရှားမှုတွေကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မှုန်ဝါးမှုတွေကို လျှော့ချပေးနိုင်ပြီး လင်းအားနည်းတဲ့ ညအချိန်တွေမှာတောင် ကြည်လင်ပြတ်သားတဲ့ ရုပ်ထွက်တွေကို ရိုက်ကူးရယူစေနိုင်ဖို့ ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကျယ်ပြန့်တဲ့ မြင်ကွင်းတွေကို ရိုက်ကူးဖို့အတွက် 8MP Ultra-Wide ကင်မရာ၊ အရာဝတ္ထုတွေကို အသေးစိတ်ကျကျ ကြည်လင်ပြတ်သားစွာ ရိုက်ကူးနိုင်ဖို့အတွက် 2MP Marco ကင်မရာနဲ့ အမိုက်စား 13MP ရှေ့ဘက်ကင်မရာတို့ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။ ပိုမိုကောင်းမွန်ပြည့်စုံတဲ့ သုံးစွဲမှုအတွေ့အကြုံ ပေးနိုင်ဖို့ Flagship ဖုန်းများနည်းတူ အမိုက်စား Photo AI Editing လုပ်ဆောင်ချက်ကို ထည့်သွင်းပေးထားတာကြောင့် အရည်အသွေးမြင့်ဓာတ်ပုံတွေ ပြုလုပ်နိုင်တဲ့ Remastering Mood၊ ဓာတ်ပုံနောက်ကွယ်က မလိုလားအပ်တဲ့အရာတွေ၊ အရိပ်နဲ့ အလင်းပြန်တာတွေကိုလည်း Object Eraser နဲ့ အလွယ်တကူ ဖယ်ရှားတာ၊ ပြုပြင်တာအပြင် ကိုယ်လိုချင်တဲ့ ပုံရိပ်တစ်ခုတည်းကိုပဲ ရွေးချယ်ထုတ်ယူပြီး စိတ်ကြိုက် sticker တွေကို ဖန်တီးနိုင်မှာ ဖြစ်တဲ့အတွက် ပျော်ရွှင်ဖွယ်အမှတ်တရတွေ၊ နှစ်သက်ဖွယ် ဖန်တီးမှုတွေကိုလည်း ပိုမိုပြုလုပ်နိုင်တော့မှာဖြစ်ပါတယ်။ Galaxy A15 စီးရီးမှာလည်း Triple Camera Setup ကို အသုံးပြုထားပြီး ရင်သပ်ရှုမောဖွယ် ဓာတ်ပုံတွေ ရိုက်ကူးနိုင်စေမယ့် 50MP main ကင်မရာနဲ့အတူ 5MP Ultra-Wide ကင်မရာတို့ကလည်း ရိုက်ချက်တိုင်းကို ပိုပြီးအသက်ဝင်ကြည်လင်စေမှာပါ။

အားလပ်ချိန်တွေမှာ အဖော်ကောင်းဖြစ်စေဖို့ မြှင့်တင်ပေးလာတဲ့ Entertainment ပိုင်းဆိုင်ရာ လုပ်ဆောင်ချက်

အသစ်ထွက်ရှိလာမယ့် Galaxy A15 LTE မှာ 6.5” FHD+ SuperAMOLED မျက်နှာပြင်အပြင် ပါးလွှာတဲ့ ဘေးဘောင်တွေကို အသုံးပြုပေးထားလို့ သုံးစွဲသူတွေအနေနဲ့ ကြည်လင်စိုပြေတဲ့မျက်နှာပြင်နဲ့ Awesome အဖြစ်ဆုံး ရုပ်ထွက်အရည်အသွေးတွေကို အပြည့်အဝ ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။ Galaxy A25 5G မှာတော့ Hyper-active 120Hz Refresh Rate ထောက်ပံ့ပေးထားလို့ ဖုန်းသုံး ရုပ်ရှင်ကြည့်ရာမှာဖြစ်စေ၊ ဂိမ်းဆော့ရာမှာဖြစ်စေ ချောမွေ့စေမှာပါ။ ဒါ့အပြင် Dolby Atmos Stereo စပီကာကို အသုံးပြုပေးထားလို့ အကောင်းဆုံး မိုဘိုင်းလ်ဖျော်ဖြေရေးအတွေ့အကြုံနဲ့ အသံအရည်အသွေးကို ခံစားနိုင်စေမှာပဲဖြစ်ပါတယ်။

Image: Samsung

ပိုမိုကောင်းမွန်လုံခြုံတဲ့ သုံးစွဲမှုအတွေ့အကြုံ

Galaxy A15 နဲ့ Galaxy A25 ဖုန်းသစ်တွေမှာ Android 14 အခြေခံထားတဲ့ OneUI 6 ကို ထောက်ပံ့ပေးထားလို့ သုံးစွဲသူတွေအနေနဲ့ ပိုမိုကောင်းမွန်တဲ့ အတွေ့အကြုံတွေကို ခံစားနိုင်မှာဖြစ်ပါတယ်။ OneUI 6 ရဲ့ အဓိကတိုးတက်မှုကတော့ Auto Blocker လို့ခေါ်တဲ့ လုပ်ဆောင်ချက်ပါဝင်လာတာပဲဖြစ်ပါတယ်။ Auto Blocker ကို ဖွင့်ထားတဲ့အခါ Unauthorized Sources တွေကတဆင့် အက်ပလီကေးရှင်းတွေကို install လုပ်ခြင်းကို တားဆီးပေးတဲ့အပြင် Malware ရှိမရှိ စစ်ဆေးတာ၊ အန္တရာယ်ရှိတဲ့ လုပ်ဆောင်ချက်တွေကိုတားဆီးပေးတာ စသဖြင့် ကိုယ့်ရဲ့ Galaxy Device နှင့် ဒေတာတွေကို ကာကွယ်ပေးထားမှာဖြစ်ပါတယ်။

ဒါ့အပြင် သုံးစွဲသူတွေရဲ့ အချက်အလက်တွေကို ပိုမိုလုံခြုံမှုရှိစေဖို့အတွက် ယခုနှစ် Galaxy A Series စမတ်ဖုန်းတွေမှာ Samsung Knox Vault Feature ကို ထည့်သွင်းပေးထားလို့ ဖုန်းရဲ့ software ပိုင်း၊ hardware ပိုင်းကို စနစ်တကျ ကာကွယ်ပေးနိုင်မှာပါ။ ဒါ့အပြင် Android OS Update ကို ၄ ကြိမ်၊ Security Update ကို ၅ နှစ်အထိ ထောက်ပံ့ပေးထားတာကြောင့် ရေရှည်အသုံးပြုချင်သူတွေ အတွက်လည်း အဆင်ပြေစေမှာဖြစ်ပါတယ်။

အရောင်အနေနဲ့ကလည်း အနက်၊ နက်ပြာ၊ အပြာနု၊ အဝါ လိုမျိုး လူငယ်ဆန်တဲ့အရောင်တွေနဲ့ ထွက်ရှိလာမှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ Galaxy A15 8/128GB ကို ၇၇၉,၀၀၀ကျပ်၊ Galaxy A25 8/256GB ကို ၈၈၉,၀၀၀ကျပ်၊ 8/256GB ကို ၁,၁၉၉,၀၀၀ကျပ် နဲ့ ရောင်းချပေးသွားမှာဖြစ်ပါတယ်။ Samsung ရဲ့ ထုံးစံအတိုင်း လက်ရှိကိုင်ဆောင်နေတဲ့ ဖုန်းအဟောင်းနဲ့ လဲလှယ်လိုသူတွေအတွက် ထပ်ဆောင်းခံစားခွင့် ၁၂၀,၀၀၀ကျပ်အထိ ပေးအပ်သွားမယ့် Trade in အစီအစဥ်၊ Samsung Care+ စသဖြင့် အထူးခံစားခွင့်တွေကိုလည်း ရရှိခံစားနိုင်မှာဖြစ်ပါတယ်။