သုံးစွဲသူတို့ရဲ့ ကြည်နူးဖွယ်အခိုက်အတန့်တွေကို မလွတ်တမ်းဖမ်းယူနိုင်မယ့် galaxy A04s စမတ်ဖုန်းသစ်

မိမိတို့ချစ်သူရသူများနှင့် အတူဖြတ်သန်းရင်း ကြည်နူးဖွယ်အခိုက်အတန့်များအား မှတ်တမ်းတင်နိုင် စေမည့် တန်ဖိုးသင့်ဖုန်းတစ်လုံးဖြစ်သော Galaxy A04s စမတ်ဖုန်းကို မြန်မာနိုင်ငံဈေးကွက်တွင် စတင် မိတ်ဆက်လိုက်ပြီ ဖြစ်သည်။

အသစ်မိတ်ဆက်လိုက်သော Samsung Galaxy A04s စမတ်ဖုန်းတွင် နောက်ကင်မရာ (၃) လုံး [50 MP Wide Camera, 2MP Depth Camera, 2MP Macro Camera] နှင့် Selfie ရိုက်ရန် ရှေ့ကင်မရာ (၁) လုံး [5MP Selfie Focus] ပါရှိသဖြင့် တန်ဖိုးဖြတ်မရသော အမှတ်တရအခိုက်အတန့်တိုင်းကို မလွတ်တမ်း ဖမ်းယူပေးနိုင်မည်ဖြစ်သည်။ ၆.၅ လက်မရှိ ကြီးမားကျယ်ပြန့်သော ၎င်း၏ဖန်သားမျက်နှာပြင်က အသုံးပြုသူတို့အား မြင်ကွင်းပြည့်ခံစားမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပြီး စမတ်ဖုန်း၏ ပျော့ပြောင်းသော အဝိုင်းပုံစံဘေးဘောင်များးက သွင်မြင်ဒီဇိုင်းကို သွက်လက်ပေါ့ပါးစေသည်။ ဖန်သားကဲ့သို့ တောက်ပြောင်သော ကျောဘက်ပါရှိသည့် Galaxy A04s စမတ်ဖုန်းကို အနက်ရောင်၊ Copper အရောင်နှင့် အစိမ်းရောင် စသည့် စွဲမက်ဖွယ် အရောင် (၃) မျိုးဖြင့် ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။ 

Photo Source https://www.samsung.com/mm/

Galaxy A04s စမတ်ဖုန်းသည် အမြင်ဆန်းရုံသာမက အားကောင်းသော 5,000 mAh ဘက်ထရီနှင့် မြန်နှုန်းမြင့် 15W အားသွင်းစနစ်တို့လည်း ပါဝင်ခြင်းကြောင့် ကြာရှည်အသုံးခံပြီး Exynos 850 Processor ကိုထည့်သွင်းတည်ဆောက်ထားခြင်းကြောင့် ချောမွေ့သော လုပ်ဆောင်ချက်များနှင့် ပိုမိုကောင်းမွန်သော သုံးစွဲမှုအတွေ့အကြုံကို ပေးစွမ်းနိုင်မည် ဖြစ်သည်။

“သုံးစွဲသူများအတွက် နေ့စဉ်လုပ်ငန်းဆောင်တာတွေကို တိုးမြှင့်လုပ်ဆောင်ပေးနို်ငတဲ့ အကောင်းဆုံး စမတ်ဖုန်းအတွေ့အကြုံတွေကို ဖန်တီးပေးနိုင်ဖို့ Samsung က အမြဲရည်သန်ကြိုးပမ်းလျက်ရှိပါတယ်။ စွမ်းဆောင်ရည်ပြည့်ဝတဲ့ ဘက်ထရီနဲ့ ကြည်လင်ပြတ်သားတဲ့ ကင်မရာတပ်ဆင်ထားတဲ့ ဒီ Galaxy A04s စမတ်ဖုန်းဟာဆိုရင် ကျွန်တော်တို့ရဲ့ ထူးခြားတဲ့သီတင်းကျွတ်အခါသမယမှာ ကြည်နူးဖွယ်  အခိုက်အတန့် တွေကို မှတ်တမ်းတင်ပေးထားနိုင်တဲ့ အကောင်းဆုံးစမတ်ဖုံးတစ်လုံးဖြစ်မှာ အသေအချာပါ ပဲ” ဟု Samsung Myanmar ၏ Head of MX Business Group ဖြစ်သူ ကိုဇာနည်ဝင်းထက်က ပြောကြားခဲ့သည်။ 

Photo Source https://www.samsung.com/mm/

Galaxy A04s စမတ်ဖုန်းသစ်ကို လက်ရှိတွင် ၅၇၉.၀၀၀ ကျပ်ဖြင့် မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် ဝယ်ယူရရှိနိုင်ပြီ ဖြစ်သည်။ ထို့အပြင် အစောဆုံး ဝယ်ယူအားပေးကြသူများကိုလည်း ငွေသားလက်ဆောင် ၃၅,၀၀၀ ကျပ် (အောက်တိုဘာလ ၁၂ ရက်နေ့အထိသာ) ပြည်လည်ပေးအပ်သွားမည့်အပြင် Phone Cover နှင့် Earphone များကိုလည်း ပစ္စည်းလက်ကျန်ရှိသေးသည်အထိ မေတ္တာလက်ဆောင်ပေးအပ်သွားမည် ဖြစ်သည်။

Samsung Galaxy A04s စမတ်ဖုန်းအကြောင်း အသေးစိတ်အချက်အလက်များကို Samsung Myanmar ၏ တရားဝင်ဖေ့ဘုတ်ခ်စာမျက်နှာတွင်လည်းကောင်း https://www.samsung.com/mm/ တွင်လည်းကောင်း ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။