မိုဘိုင်းဂိမ်းနဲ့ ပတ်သက်လာရင် တစ်ဆစ်ချိုး အပြောင်းအလဲတွေကို ဖန်တီးပေးလာနိုင်မဲ့ OPPO Reno13 Series

လူတွေရဲ့‌ နေ့စဉ်ဘဝတွေမှာ မိုဘိုင်းဂိမ်းတွေက ဖျော်ဖြေရေးအတွက် နေရာတစ်နေရာမှာ ပါဝင်လာနေကြပြီဖြစ်ပြီး eSports ကဏ္ဍတွေက ခေတ်သစ်မျိုးဆက်အတွက် အရေးကြီးတဲ့ ကဏ္ဍတစ်ခုအဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။ OPPO ရဲ့ Reno Series တွေဟာဆိုရင် ယခင်တည်းက Photography နဲ့ ပတ်သက်လို့ နာမည်ကျော်ကြားခဲ့တဲ့ ထုတ်ကုန် Series တစ်ခုဖြစ်သလို ဒီတစ်ခေါက် OPPO Reno13 Series မှာဆိုရင် သုံးစွဲသူတွေအတွက် ပိုမို အဆင်ပြေလာစေဖို့ ရည်ရွယ်ချက်နဲ့အတူ Photography ပိုင်းမှာ အားကောင်းရုံတင်သာမက ဂိမ်းပိုင်းဆိုင်ရာ အတွေ့အကြုံနဲ့ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာတွေမှာ ပိုပြီးအားစိုက်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သုံးစွဲသူပေါင်းများစွာကို ကိုယ်စားပြုတဲ့အနေနဲ့ ကမ္ဘာ့ထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ် OPPO က Reno Series တွေမှာ သုံးစွဲသူတွေအတွက် တကယ်လိုအပ်တဲ့အချက်တွေ ထည့်သွင်းနိုင်ဖို့ စဉ်ဆက်မပြတ် ဖန်တီးထုတ်လုပ်လျက်ရှိပါတယ်။ ယခုဆိုရင် Photography နည်းပညာမှာပါ ကောင်းမွန်ထူးခြားတဲ့ OPPO Reno13 Series ဟာ ဂိမ်းပိုင်းဆိုင်ရာ လုပ်ဆောင်ချက်တွေကို အဆင့်မြှင့်တင်ထားပြီးဖြစ်တာကြောင့် ဂိမ်းကစားတတ်သူ လူငယ်တွေအတွက် အကောင်းဆုံး အဖော်အဖြစ် တည်ရှိလာနိုင်မှာဖြစ်ပါတယ်။

 

Image: OPPO

အလွန် ချောမွေ့တဲ့ ဂိမ်းပိုင်းဆိုင်ရာ အတွေ့အကြုံတွေအတွက် အဆင့်မြှင့်တင်ထားတဲ့ Hardware နဲ့ System Optimization

ဂိမ်းကစားတတ်သူတွေအတွက်ဆိုရင်တော့ Performance က အဓိကဆိုပေမဲ့လဲ စမတ်ဖုန်းတစ်လုံးပေါ်မှာ စဉ်ဆက်မပြတ် ချောမွေ့လွန်းတဲ့ ဂိမ်းကစားမှုဆိုင်ရာ အတွေ့အကြုံရရှိဖို့ဆိုတာက တကယ်တမ်းတော့ လွယ်ကူတဲ့အရာ မဟုတ်ပါဘူး။ OPPO Reno13 Series က Hardware ပိုင်းဆိုင်ရာ အဆင့်မြှင့်တင်မှုတွေ နဲ့ ဂိမ်းကစားမှုအတွေ့အကြုံဆိုင်ရာ အသားပေးတဲ့ ဒီဇိုင်း ၊ ဂိမ်းကစားမှုအတွေ့အကြုံတွေအတွက် ရေရှည် ချောမွေ့စေနိုင်မဲ့ အတွင်းကျကျ System-level Optimization စနစ်တွေကို ပေါင်းစပ်ပြီး စဉ်ဆက်မပြတ် ချောမွေ့မြန်ဆန်တဲ့ ဂိမ်းပိုင်းဆိုင်ရာ အတွေ့အကြုံရရှိနိုင်အောင် ဖန်တီးထားတာဖြစ်ပါတယ်။ ဒီလို ချောမွေ့မြန်ဆန်ဖို့အတွက် အဓိကကျတာကတော့ OPPO နဲ့ MediaTek က ပူးပေါင်း အဆင့်မြှင့်တင်ထားတဲ့ Dimensity 8350 Chipset ကြောင့်ပဲ ဖြစ်ပါတယ်။ ဒီ Chipset ဟာ မြင့်မားတဲ့ လုပ်ဆောင်ချက်နဲ့ အားကောင်းတဲ့ စွမ်းဆောင်ရည် နှစ်ခုအကြား အတော်လေး ဟန်ချက်ညီအောင် ဖန်တီးပေးသလို ယခင် မျိုးဆက်နဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုပါက GPU စွမ်းဆောင်ရည် မြှင့်တင်မှု ကို ၆၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်ပြီး စွမ်းအင် သုံးစွဲမှု ကို ၅၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ယခု အသုံးပြုထားတဲ့ Chipset ရဲ့  စွမ်းအင်အပြည့်ကို အသုံးပြုနိုင်ဖို့အတွက် OPPO AI HyperBoost နဲ့ MediaTek တို့ရဲ့ လုပ်ဆောင်ချက်တွေက ဒီ Chipset နဲ့အတူ အတူတကွ အဆင့်မြှင့်တင်လုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

နှောင့်နှေးမှုတွေနဲ့ ဆက်သွယ်မှုပိုင်းဆိုင်ရာ ပြဿနာတွေကြောင့် လက်နဲ့ ထိန်းထားရတဲ့ အခြေအနေမျိုးတွေကို ရှောင်ရှားဖို့ဆိုရင် OPPO Reno13 5G မှာ ပေါင်းစပ် အင်တာနာ ၁၁ ခု ပါရှိတဲ့  ၃၆၀ ဒီဂရီ ပတ်ပတ်လည် ဖန်တီးထားတဲ့ Antenna ဒီဇိုင်း ၊ OPPO Reno13 F မှာဆိုရင် ပေါင်းစပ် အင်တာနာ  ၁၀ ခုပါရှိတဲ့ ၃၆၀ ဒီဂရီပတ်ပတ်လည် တည်ရှိတဲ့ အင်တာနာ ဒီဇိုင်း ပါရှိပါတယ်။ ဒါတင်သာမက AI LinkBoost 2.0 ပါရှိမှုကြောင့် ကွန်ရက်ပိုင်းဆိုင်ရာ အသားပေးတဲ့ နည်းစနစ် ပါဝင်ပြီး ဖုန်းကို အလျားလိုက် ကိုင်ထားတဲ့အခါမှာလဲ ပိုပြီးကောင်းမွန်တဲ့ ကွန်ရက်ကို အမြန်ဆုံး ကူးပြောင်းပေးနိုင်တဲ့  Multi-antenna ပါ ပါရှိပါသေးတယ်။ ရလဒ်အနေနဲ့ကတော့ ဒီနည်းပညာက ဆဲလ်လူလာ စွမ်းဆောင်ရည်မှာ ၁၇၅ ရာခိုင်နှုန်းအထိ စွမ်းဆောင်ရည် တိုးမြှင့်ပေးနိုင်ပြီး ဂိမ်းဆော့တဲ့အခါမှာလဲ Gaming Latency ကို ၃၅ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Reno13 မှာ AI LinkBoost 2.0 နဲ့အတူ X1 Chipset အပို ပါရှိလာတာကြောင့် ဆက်သွယ်ရေးပြတ်တောက်နေတဲ့‌နေရာတွေမှာတောင် လိုင်းဆွဲအားကို ပိုမိုကောင်းမွန်အောင်၊ တနည်းအားဖြင့် ပြောရရင် သာမန်ထက် လိုင်းဆွဲအားကို ပိုမိုကောင်းမွန်စေမှာ ဖြစ်ပါတယ်။ X1 Chip မှာ Wi-Fi Positioning ပါဝင်လာတာကြောင့် သုံးစွဲသူတွေအတွက် ပိုမို အားကောင်းတဲ့ ဆက်သွယ်ရေး ကွန်ရက်ကို ရရှိစေမှာဖြစ်သလို X1 Chip နဲ့ OPPO ရဲ့ Software Strategy Optimization နည်းပညာက Wi-Fi ဆက်သွယ်ရေးကွန်ရက်ကို သာမန်ထက်ပိုတဲ့ လိုင်းဆွဲအားပမာဏ ရရှိအောင် တိုးမြှင့်ပေးမှာဖြစ်ပါတယ်။

ကြိမ်နှုန်းနည်းတဲ့ အင်တာနာ နည်းပညာကလဲ AI LinkBoost 2.0 အတွက် အဓိကကျတဲ့ အဆင့်မြှင့်တင်မှုဖြစ်ပြီး ဒီနည်းပညာကြောင့် ဆက်သွယ်ရေးအားနည်းတဲ့ နေရာတွေ အထူးသဖြင့် မြေအောက်နေရာတွေ ၊ အစွန်အဖျားကျတဲ့ နေရာဒေသတွေ နဲ့ နေရာအရွှေ့အပြောင်းတွေ မှာ တည်ငြိမ်တဲ့ ဆက်သွယ်ရေးရရှိနိုင်အောင် ဖန်တီးပေးနိုင်မှာ ဖြစ်ပါတယ်။ စက်ပစ္စည်းတွေ အနေနဲ့  နေရာဒေသတစ်ခုရဲ့ အစွန်အဖျားကိုရောက်တဲ့အခါမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆက်သွယ်ရေး နှောင့်နှေးမှုတွေနဲ့ ပြတ်တောက်မှုတွေကို လျှော့ချပေးနိုင်တဲ့ အရှိန်မြှင့်ကိရိယာတစ်ခုလဲ ပါရှိမှာဖြစ်ပါတယ်။ ဒါတင်သာမက ဆက်သွယ်ရေး ပိုမိုအားကောင်းစေဖို့အတွက် နယ်မြေပိုင်းဆိုင်ရာ ကာကွယ်မှုတွေ နဲ့ ကောင်းမွန်တဲ့ ကွန်ရက်တွေကို ရွေးချယ်အသုံးပြုခြင်းအားဖြင့် ကွန်ရက်စွမ်းဆောင်ရည်ကိုလဲ လူနေထူထပ်တဲ့ ပတ်ဝန်းကျင်တွေမှာ ပိုမိုကောင်းမွန်အောင် ပြုလုပ်ထားတာဖြစ်ပါတယ်။

 

Image: OPPO

Game Developer Collaboration ဖြင့် မြှင့်တင်ထားတဲ့ ဂိမ်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်

လူသိများကျော်ကြားတဲ့ ဂိမ်းတွေကို လူငယ်တွေ ကစားသမားတွေက အခုဆိုရင် ပိုပြီး စိတ်ဝင်စားလာကြတာကြောင့် OPPO က ထိပ်တန်းဂိမ်းတွေဖြစ်ကြတဲ့ Mobile Legends: Bang Bang နဲ့သော်လည်းကောင်း၊ PUBG Mobile နဲ့ ကမ္ဘာအနှံ့အဝန်းသော်လည်းကောင်း ပူးပေါင်းပြီး OPPO Reno13 Series အနေနဲ့ ထူးခြားတဲ့ ဂိမ်းအတွေ့အကြုံတွေကို ပေးစွမ်းနိုင်စေဖို့ ရည်ရွယ်ကာ Developers တွေဆီမှာ တိကျတဲ့ ဂိမ်းအခြေအနေတွေကို လေ့လာရင်း ဂိမ်းပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့ စွမ်းဆောင်ရည်ချိန်ညှိမှုကို ယူဆောင်လာပေးမှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ ပြောရရင် ပြင်းထန်တဲ့ Mobile Legends: Bang Bang အဖွဲ့လိုက် ဂိမ်းပွဲတွေမှာဆိုရင် OPPO Reno13 Series က ချောမွေ့တဲ့ ရုပ်ပုံအသွင်အပြင်တွေ နဲ့ မြန်ဆန်တဲ့ တုံ့ပြန်မှု ထိန်းချုပ်နိုင်စွမ်းတွေကို ပိုမိုကောင်းမွန်စေနိုင်ဖို့အတွက် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးခြင်းအားဖြင့် ကစားသမားတွေရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ပေးမှာဖြစ်ပါတယ်။ နေ့စဉ်ဂိမ်းကစားတဲ့ အခြေအနေတွေမှာလဲ အချိန်ထပ်တိုး ဂိမ်းကစားနိုင်စေရန်အတွက် စွမ်းအင်သုံးစွဲမှုကို လျှော့ချပြီး တည်ငြိမ်တဲ့ Frame Rate တွေကိုပါ ထိန်းသိမ်းပေးထားမှာ ဖြစ်ပါတယ်။

 

Image: OPPO

အထူးသီးသန့် ဂိမ်းပိုင်းဆိုင်ရာ နည်းပညာ နဲ့အတူ ဦးဆောင်နေတဲ့ OPPO Adaptive Frame Booster

Frame Insertion နည်းပညာဟာ ပိုမိုကောင်းမွန်တဲ့ ရုပ်ထွက်စွမ်းဆောင်ရည် ရရှိဖို့အတွက် မြှင့်တင်ပေးနိုင်တာကြောင့် ဂိမ်းကစားသူတွေအနေနဲ့ နှစ်သက်ကြသလို OPPO Reno13 Series မှာဆိုရင် OPPO Adaptive Frame Booster ပါဝင်လာတာကြောင့် Frame Rate မြှင့်တင်မှုနှုန်းအနေနဲ့ ကြည့်မယ်ဆိုရင် အတော်လေး တိုးတက်လာတာကို မြင်တွေ့နိုင်မှာဖြစ်ပါတယ်။

Frame တွေ ထည့်သွင်းဖို့အတွက် ပြင်ပ GPU Chip တွေကိုသာ အားကိုးတဲ့ သမားရိုးကျနည်းလမ်းများနဲ့ မတူတာကတော့ OPPO ရဲ့ လုပ်ဆောင်ချက်တွေဟာဆိုရင် Chipset အဆင့်မှာတင် တိုက်ရိုက် အလုပ်လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒေတာတွေကို လုပ်ဆောင်နိုင်ရန်အတွက် Dimensity 8350 ရဲ့ GPU ကို အသုံးပြုခြင်းအားဖြင့် Frame တွေကို GPU ရဲ့ Output Stream ထဲသို့ တိုက်ရိုက်ထည့်သွင်းပေးနိုင်မှာဖြစ်ပါတယ်။ ဒီလို ဆန်းသစ်တဲ့ နည်းလမ်းဟာဆိုရင် Processing လုပ်တဲ့ အလုပ်ဝန်အားကို လျှော့ချပေးနိုင်သလို Frame Rate တွေကို သိသိသာသာ မြှင့်တင်ပေးနိုင်တာကြောင့် ပိုမိုချောမွေ့တဲ့ ရုပ်ပုံတွေကို ထုတ်ပေးနိုင်မှာဖြစ်ပါတယ်။

OPPO Adaptive Frame Booster ကြောင့် OPPO Reno13 5G မှာဆိုရင် MLBB ကို 60 FPS မှ 120 FPS အထိ တည်တည်ငြိမ်ငြိမ် ဆော့ကစားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် သာမန် 120 FPS ဖြင့် MLBB ဆော့ကစားခြင်းနဲ့ နှိုင်းယှဉ်ကြည့်တဲ့အခါ စွမ်းအင်သုံးစွဲမှုကို ၁၈ ရာခိုင်နှုန်း အထိ လျှော့ချပေးမှာဖြစ်ပြီး ချောမွေ့ကြည်လင်တဲ့ ပုံရိပ်တွေကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

OPPO Reno13 Series ဟာဆိုရင် တကယ်ကို အားကောင်းတဲ့ Chipset တပ်ဆင်ထားပြီး Game အတွက် အထောက်အကူပြုနိုင်တဲ့ Hardware ပါရှိသလို စဉ်ဆက်မပြတ် တည်ငြိမ်ချောမွေ့တဲ့ ဂိမ်းကစားခြင်းဆိုင်ရာ အတွေ့အကြုံတွေအတွက် System-level အဆင့်ရှိတဲ့ စွမ်းဆောင်ရည်မြှင့်တင်မှု  ပါရှိတာကြောင့် ပြီးပြည့်စုံတဲ့ ဂိမ်းကစားခြင်း အဖော်မွန်အဖြစ် တည်ရှိနေမှာဖြစ်ပါတယ်။ အထူးသီးသန့်ပါရှိလာတဲ့ OPPO Adaptive Frame Stabilizatipn နဲ့ဆိုရင် ဂိမ်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်တွေအတွက်လဲ ထူးခြားတဲ့ အဆင့်မြှင့်တင်မှုတွေ ရရှိနိုင်မှာ ဖြစ်ပါတယ်။ OPPO Reno13 Series နဲ့အတူ လူကြီးမင်းတို့အားလုံး လွတ်လွတ်လပ်လပ် ၊ ယုံကြည်မှုရှိရှိ ဂိမ်းကစားနိုင်ပြီဖြစ်ပါတယ်။

အပူ ထိန်းချုပ်မှု အပိုင်းကလဲ စွမ်းဆောင်ရည်ကို အကောင်းဆုံးအနေအထားရောက်အောင် ထိန်းသိမ်းတဲ့နေရာမှာ တကယ်ကို အဓိက ကျတဲ့နေရာကနေ တည်ရှိနေတာကြောင့် OPPO Reno13 Series ဟာဆိုရင် Cooling System နဲ့ ပတ်သက်လို့ အဓိက အဆင့်မြှင့်တင်မှုတွေများစွာကို ပြုလုပ်လာပြီဖြစ်ပါတယ်။ OPPO Reno13 မှာဆိုရင် Vapor Chamber Cooling System ဧရိယာအားဖြင့် ၄၆၁၉ စတုရန်းမီတာ ရှိတဲ့အတွက် အပူထုတ်မှုကို လျှော့ချပေးနိုင်သလို ကြာရှည်အသုံးပြုတဲ့အခါမျိုးတွေမှာတောင် စွမ်းဆောင်ရည်မကျဆင်းနိုင်အောင် ၊ တည်ငြိမ်မှုရှိအောင် ထိန်းသိမ်းထား နိုင်မှာဖြစ်ပါတယ်။ ဒါတင်သာမက OPPO Frame Partition နည်းပညာကလဲ ဂိမ်းကစားနေစဉ် ပူနွေးတဲ့ နေရာတွေနဲ့ လက်နဲ့ ထိတွေ့မှု တွေကို လျှော့ချပေးပြီး  အတွင်းပိုင်း က အပူစီးဆင်းတဲ့ လမ်းကြောင်းတွေကို အကောင်းဆုံးဖြစ်အောင် ဖန်တီးထားပေးတာ ဖြစ်ပါတယ်။

 

Image: OPPO

အခုလို ပစ်မှတ်ထားပြီး ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းကြောင့် OPPO Reno13 Series ဟာ တကယ် အရေးကြီးတဲ့အခြေအနေမျိုးတွေမှာဆိုရင် တကယ်ထူးခြားပြောင်မြောက်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်သလို  ဂိမ်းကစားခြင်းအတွက် ကြာရှည်ခံတဲ့ ဘက်ထရီသက်တမ်းနဲ့အတူ အချိန်ကြာကြာဆော့ကစားနိုင်မှာဖြစ်ပါတယ်။ OPPO နဲ့ ဂိမ်းဆော့ဖ်ဝဲရေးဆွဲသူတွေ ပူးပေါင်းကာ ပိုမိုကောင်းမွန်အောင်ပြုလုပ်ခြင်းဟာ OPPO Reno13 Series  ရဲ့ ဂိမ်းပိုင်းဆိုင်ရာ စွမ်းဆောင်ရည်အတွက် တကယ်ကို ကြီးမားတဲ့ အထောက်အကူဖြစ်သလို ဒီအချက်ဟာဆိုရင် အထူးသီးသန့် ဘက်စုံအဆင့်မြှင့်တင်မှု အကူအညီတစ်ခုအဖြစ် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။ ဒီလို ထူးခြားပြီး တည်ငြိမ်တဲ့ frame rate မြှင့်တင်မှုဟာ တုံ့ပြန်မှုမြန်ဆန်ပြီး ချောမွေ့တဲ့ ဂိမ်းကစားခြင်း အတွေ့အကြုံ ရရှိစေနိုင်တာကြောင့် အပြိုင်အဆိုင်များတဲ့ ဂိမ်းကစားသမားတွေအနေနဲ့လဲ ဒီ နည်းပညာကို အားကိုးနိုင်မှာဖြစ်ပါတယ်။

ကင်မရာ ကောင်းရုံသာမက ဂိမ်းပိုင်းဆိုင်ရာအတွေ့အကြုံနဲ့ ဖုန်းရဲ့ စွမ်းဆောင်ရည်မှာပါ ပိုမိုအားကောင်းလာတဲ့ OPPO Reno13 နဲ့ ပတ်သက်လို့ အသေးစိတ် သိရှိလိုပါက OPPO Myanmar Official Facebook Page https://www.facebook.com/OPPOMyanmar/ ၊ Website – https://shorturl.at/wpkL2  ၊ Viber – https://bit.ly/3W6lzCe နဲ့ Telegram – https://bit.ly/3xRjQr6 တို့ကနေ တစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါတယ်။