စျေးကွက်အတွင်း အသွင်အပြင် ဒီဇိုင်း၊ ဘက်ထရီနဲ့ အသံအရည်အသွေးပိုင်းတွေမှာ ရွေးချယ်စရာဖြစ်လာတဲ့ OPPO A77 နဲ့ OPPO A77s

ကမ္ဘာ့ထိပ်တန်း စမတ်ဖုန်း အမှတ်တံဆိပ်ဖြစ်တဲ့ OPPO ကနေ ထုတ်လုပ်ထားတဲ့ OPPO A77 နဲ့ OPPO A77s ဖုန်းတွေဟာ သက်ဆိုင်ရာ ဖုန်းဈေးကွက်အတွင်း အဆင့်မြင့်တဲ့ အသွင်အပြင် ဒီဇိုင်း၊ ကြီးမားသော ဘက်ထရီနဲ့ အမြန်အားသွင်းစနစ်၊ ကောင်းမွန်တဲ့ အသံအရည်အသွေး စတဲ့ အပိုင်းတွေမှာ ရွေးချယ်စရာ ဖုန်းတွေ ဖြစ်လာခဲ့ပြီး ဒီ အပိုင်းတွေကို စိတ်ဝင်စား ရွေးချယ်ဝယ်ယူချင်သူတွေအတွက် ယခုအခါမှာတော့ ဈေးနှုန်းအသစ်နဲ့ ဝယ်ယူရရှိနိုင်တော့မှာဖြစ်ပါတယ်။

OPPO A77 ဟာ အလွန်ပါးလွှာတဲ့ လေးထောင့်ကျသော ဘေးဘောင်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပြီး အဆင့်မြင့်တဲ့ အသွင်အပြင်ရှိတဲ့ Sunset Orange နဲ့ Sky Blue ဆိုပြီး အရောင် နှစ်ရောင်နဲ့ ထွက်ရှိထားပါတယ်။ Sunset Orange အရောင်ဆိုရင် ဒီစျေးနှုန်း၀န်းကျင် ဖုန်းတွေမှာ ပထမဆုံး Fiberglass Leather Design နဲ့ ထွက်ရှိလာတဲ့ ဖုန်းဖြစ်ပြီး Premium ဆန်စေတဲ့ လှပမှုကို ရရှိစေကာ အစင်းရာခြစ်ရာခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ Sky Blue  အရောင်ဟာ သက်တံ့ကဲ့သို့ အရောင်ပြေးတွေ ပါဝင်တဲ့ မိုးကောင်းကင်အပြာရောင် ဖြစ်ပြီး လက်ဗွေရာ မထင်ဘဲ ခြစ်ရာခံနိုင်ရည်ရှိတဲ့ OPPO Glow Design နဲ့ ထွက်ရှိလာတာဖြစ်ပါတယ်။

Image: OPPO

OPPO A77s ဟာ ပေါပါးတဲ့ 2D Slim Design နဲ့ လေးထောင့်ဆန်တဲ့ ဘေးထောင့်တွေနဲ့ ခေတ်မီစွာ ဖန်တီးပြုလုပ်ထားပါတယ်။ OPPO A77s ကို အရောင် နှစ်ရောင်ဖြင့် ထုတ်လုပ်ထားပြီး ခေတ်မီလှပတဲ့ အ‌ရောင်ကို ရွေးချယ်ချင်သူတွေအတွက် Sunset Orange အရောင်နဲ့ တည်ငြိမ်ရင့်ကျက် လှပသောအရောင်ကို ဖော်ဆောင်ချင်သူတွေအတွက် Starry Black အရောင် ဆိုပြီး စိတ်တိုင်းကျ ရွေးချယ်နိုင်စေဖို့ ဖန်တီးထုတ်လုပ်ထားပါတယ်။ Sunset Orange အရောင်မှာဆိုရင် ဖုန်းရဲ့ နောက်ကျောဘက်ကို ခြစ်ရာခံနိုင်ရည်ရှိပြီး ကွဲအက်ခြင်းမရှိတဲ့ Fiberglass-Leather ဒီဇိုင်းနဲ့ ပြုလုပ်ထားကာ ဘေးဘောင်အကွေးတွေကို ရှင်းလင်းတဲ့ အသွင်အပြင် ရရှိအောင် ဆက်ရာမရှိတဲ့ ဘောင်‌ပျောက်ဒီဇိုင်းနဲ့ ထုတ်လုပ်ထားပါတယ်။ Starry Black အရောင်မှာဆိုရင် လက်ဗွေရာ၊ ခြစ်ရာနဲ့ ပွန်းပဲ့ဒဏ်တွေကို ခံနိုင်ရည်ရှိတဲ့ OPPO Glow ဒီဇိုင်းနဲ့ ပြုလုပ်ထားပါတယ်။

ဒါအပြင် OPPO A77s ရဲ့ မှန်ဘီလူးကို အလှဆင်ထားတဲ့ ဒီဇိုင်းမှာဆိုရင်လဲ သက်ဆိုင်ရာ ဖုန်းရဲ့ နောက်ကျောဘက်အရောင်တွေနဲ့ အတူတူဖြစ်အောင် ဖန်တီးထုတ်လုပ်ထားပါတယ်။ OPPO A77 နဲ့ OPPO A77s ဖုန်းတွေဟာ သက်ဆိုင်ရာ ဖုန်းဈေးကွက်အတွင်းမှာ ဖုန်းအသွင်အပြင် ဒီဇိုင်းပိုင်းတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ပေါ့ပါးပြီး Premium ဆန်ဆန် ကျစ်လစ်တဲ့ အထိအတွေ့ကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။

Image: OPPO

OPPO A77 နဲ့ OPPO A77s ဖုန်းတွေမှာဆိုရင် ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းတွေ ရရှိနိုင်စေဖို့အတွက် Android 12 ကို အခြေခံ ထားသည့် ColorOS 12.1 ကို အသုံးပြုထားပါတယ်။ OPPO A77 မှာ MediaTek Helio G35 (12nm) Processor ကို ထည့်သွင်း ပေးထားပြီး RAM 4GB ကို +4GB RAM Expansion  ထောက်ပံ့ပေးထားတာကြောင့် အများဆုံး 8G RAM ကို ရရှိစေမှာဖြစ်ကာ 128GB ROM ပါရှိပါတယ်။ OPPO A77s မှာဆိုရင် Processor အနေနဲ့ Qualcomm Snapdragon 680 (6nm) ထည့်သွင်းထားပြီး Memory Storage အနေနဲ့ RAM 8 GB နဲ့ ROM 128 GB တို့ ပါဝင်တဲ့အပြင် 8GB အထိ ထပ်မံ တိုးချဲ့လို့ရတဲ့ RAM Extension လုပ်ဆောင်ချက်လဲ ပါဝင်ပါတယ်။ OPPO A77 နဲ့ OPPO A77s ဖုန်းတွေဟာ သုံးစွဲသူတွေကို ပိုမိုချောမွေ့သော သုံးစွဲမှု အတွေ့အကြုံ ရရှိစေဖို့ နဲ့ App တွေ တစ်ခုနဲ့ တစ်ခု အကူးအပြောင်းတွေမှာ နှောင့်နှေးနေခြင်း အခက်အခဲတွေကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

OPPO A77 နဲ့ OPPO A77s ဖုန်းတွေမှာ ပိုမိုအသုံးခံတဲ့ ကြီးမားတဲ့ ဘက်ထရီ 5000 mAh ပါဝင်ပြီး အားသွင်းနေချိန် အပူချိန်လွန်ကဲမှုကို အဆင့်ငါးဆင့်နဲ့ ကာကွယ်ပေးမဲ့ Five Layer Protection ပါ၀င်တဲ့ အမြန်အားသွင်းစနစ် 33W SUPERVOOC ပါဝင်ပါတယ်။ OPPO A77 နဲ့ OPPO A77s ဖုန်းတွေဟာ နှစ်ရက်တာ ဘက်ထရီအား သက်တမ်းခံနိုင်ပြီး YouTube Video တွေကို ၁၅ နာရီ ကြည့်ရှုနိုင်မှာဖြစ်သလို ၁၀ မိနစ် အားသွင်းရုံနဲ့ ၃ နာရီကြာ ဗီဒီယိုကြည့်ရှုနိုင်မှာဖြစ်ကာ နာရီဝက်အတွင်း ၅၁ ရာခိုင်နှုန်းအထိ လျင်မြန်စွာ အမြန်အားသွင်းပေးနိုင်မှာဖြစ်ပါတယ်။ OPPO A77 နဲ့ OPPO A77s ဖုန်းတွေမှာ ကြာရှည်ခံတဲ့ ဘက်ထရီနဲ့ အမြန်အားသွင်းစနစ်ပါဝင်မှုကြောင့် ဘက်ထရီသက်တမ်း မြန်မြန်ကုန်ဆုံးမှာ စိုးရိမ်သူတွေနဲ့ တစ်နေ့တာအတွက် လိုအပ်သော ဖုန်းအားပမာဏကို လိုအပ်သူတွေအတွက် ရွေးချယ်စရာ ဖုန်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

Image: OPPO

OPPO A77 နဲ့ OPPO A77s တွေမှာ ပိုမိုကောင်းမွန်တဲ့ အသံအရည်အသွေးအတွေ့အကြုံကို ရရှိစေမဲ့ Ultra–Linear Stereo Speaker ပါဝင်လာတဲ့အတွက် အသံအရည်အသွေးကို အပြည့်အဝ ခံစားနိုင်မှာဖြစ်ပြီး Ultra Volume Mode ဟာ Mono Speaker ထက် အသံ ၃ ဆ ပိုမို ကျယ်စေပါတယ်။ Ultra-linear Stereo Speaker ကို ထည့်သွင်းပေးထားတဲ့အတွက် ရုပ်ရှင်၊ သီချင်း၊ ဗီဒီယိုတွေရဲ့ အသံကို ပိုကောင်းအောင် ပြုလုပ်ပေးပြီး ကြမ်းတမ်းတဲ့ ဆူညံသံတွေကို ဖယ်ရှားပေးတဲ့အတွက် အကောင်းဆုံး စတီရီယိုအသံကို ရရှိမည်ဖြစ်သည်။  ဒါကြောင့် ဂိမ်းဆော့တဲ့အခါ၊ သီချင်းနားထောင်တဲ့အခါ၊ ဗီဒီယိုကြည့်တဲ့အခါ အသံအရည်အသွေးကို အပြည့်အဝ ခံစားချင်ရင်ပဲဖြစ်ဖြစ် ဆူညံသံတွေကြားထဲမှာ အရေးကြီးတဲ့ ဖုန်းခေါ်ဆိုမှုတွေကို မကြားလိုက်ရဖြစ်မှာကို မဖြစ်စေချင်ရင်ပဲဖြစ်ဖြစ် OPPO A77 နဲ့ OPPO A77s တွေရဲ့ Speaker တွေဟာ ရွေးချယ်စရာ ဖုန်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။

OPPO A77 နဲ့ OPPO A77s ဖုန်းတွေကို ဖုန်းအသွင်အပြင် ဒီဇိုင်းပိုင်း ကြိုက်နှစ်သက်သူတွေ၊ ကြာရှည်ခံတဲ့ ဘက်ထရီနဲ့ အမြန်အားသွင်းစနစ်ကို အသုံးပြုလိုသူတွေ၊ ဖုန်းကနေထွက်တဲ့ အသံအရည်အသွေးကို ဂရုစိုက်သူတွေ စသဖြင့် ရွေးချယ်ဝယ်ချင်သူတွေအတွက် သက်ဆိုင်ရာ ဖုန်းဈေးကွက်အတွင်းမှာ သင့်တော်တဲ့ ဖုန်းတွေ ဖြစ်လာမှာဖြစ်ပြီး ဈေးနှုန်းအသစ်ဖြင့် ရရှိနိုင်မှာဖြစ်ကာ OPPO A77 ကို ၅၆၉,၉၀၀ ကျပ်နဲ့ OPPO A77s ကို ၆၆၉,၉၀၀ ကျပ်တို့နဲ့ ဝယ်ယူရရှိနိုင်မှာဖြစ်သလို OPPO A77 ကို ဝယ်ယူမယ်ဆိုပါက အိတ်ဆောင်ပန်ကာနဲ့ OPPO A77s ကို ဝယ်ယူမယ်ဆိုပါက ဘေးတစောင်းလွယ်အိတ်ကို OPPO ကနေ လက်ဆောင်ပေးအပ်သွားမှာ ဖြစ်ပါတယ်။

Image: OPPO

OPPO A77 နဲ့ OPPO A77s ဖုန်းတွေနဲ့ ပတ်သက်ပြီး အသေးစိတ်သိရှိလိုပါက OPPO Myanmar Facebook Page https://www.facebook.com/OPPOMyanmar/posts/pfbid0256h2yp7i9AKZUwe5CRobHiyDDUKP8y6wufZXoAQ616WFQdAH93gHuzEM2w7W8FBql နဲ့ OPPO Website https://www.oppo.com/mm/ တွေမှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။