MPT သုံးစွဲသူများ Play4U ဝန်ဆောင်မှုကတစ်ဆင့် ဂိမ်းအတွင်း အသုံးပြုနိုင်သည့် ဂိမ်း Item များ ဝယ်ယူခြင်းဖြင့် ၁၀၀% ပြန်အမ်းငွေ ရရှိနိုင်

မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် ဂိမ်း Item များ (တိုက်ရိုက်ငွေဖြည့်ခြင်း) နှင့် လက်ဆောင်ကတ် (ဈေးဝယ်ဘောင်ချာ) များကို MPT ဖုန်းဘေလ်ဖြင့်  ချက်ချင်း လွယ်ကူစွာ ဝယ်ယူရရှိနိုင်သည့် Play4U ဝန်ဆောင်မှုကို MPT သုံးစွဲသူများအတွက်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ပရီမီယံဂိမ်း  Item များနှင့် ဒီဂျစ်တယ်နည်းလမ်းဖြင့် စာရင်းသွင်း ဝယ်ယူမှုများကို MPT ဖုန်းဘေလ်ဖြင့် ငွေပေးချေခြင်းဖြင့် ချက်ချင်းရရှိနိုင်သည့် Play4U ဝန်ဆောင်မှုသည် ကမ္ဘာ့အနှံ့တွင် လူအများ အသုံးပြုနေကြသည့် ဝန်ဆောင်မှုများကို MPT သုံးစွဲသူများထံယူဆောင်လာခြင်းဖြစ်ကာ  နိုင်ငံတကာ ငွေပေးချေမှု အတွေ့အကြုံကို ရိုးရှင်းသောနည်းဖြင့်ပေးအပ်ထားပြီး MPT4U အက်ပလီကေးရှင်းတွင်လည်း အသေးစားဂိမ်း အချို့ကို ထည့်သွင်းပေးထားပါသည်။ သုံးစွဲသူများ ပိုမိုရှင်းလင်းစွာ သိရှိနိုင်စေရန်အတွက် Play4U ဝန်ဆောင်မှုတွင် ပါဝင်သည်များကို အောက်ပါအတိုင်း အမျိုးအစားခွဲခြားကာ ဖော်ပြထားပါသည်။

ဂိမ်း Item များ(တိုက်ရိုက်ငွေဖြည့်ခြင်း)/ လက်ဆောင်ကတ် (ဈေးဝယ်ဘောင်ချာ)
၁။ Mobile Legends
၂။ PUBG Mobile
၃။ Honor of Kings
၄။ Magic Chess Go Go
၅။ Bigo Live
၆။ Blood Strik

၇။ Apple/iTunes (US)
၈။ Netflix (US)
၉။ Spotify (US)
၁၀။ Valorant (US)
၁၁။ Shwe Note (MM)
၁၂။ Foodpanda (MM)
၁၃။ Riot Access (US)
၁၄။ Roblox (US)
၁၅။ Minecraft (US)

ထို့အပြင် MPT4U အက်ပလီကေးရှင်းနှင့် MPT ဝက်ဘ်ဆိုက်ရှိ Play4U ဝန်ဆောင်မှုမှတစ်ဆင့် မိမိတို့ကြိုက်နှစ်သက်ရာ ဂိမ်း Item များနှင့် လက်ဆောင်ကတ်များဝယ်ယူခြင်းအတွက်လည်း ၁၀၀% ပြန်အမ်းငွေ အကျိုးခံစားခွင့်ကို MPTက ပေးအပ်ထားပါသည်။ အဆိုပါ ပြန်အမ်းငွေ၏ သက်တမ်းမှာ ၃ ရက်ဖြစ်ပြီး အင်တာနက် အသုံးပြုမှု အားလုံးအတွက် သုံးသလောက်ပေး နှုန်းထားဖြင့် အသုံးပြုနိုင်ပါသည်။

MPTJO ၏ စီးပွားရေးဌာနကြီးမှ Mr. Yoshinori YAGI က “MPT အနေနဲ့ သုံးစွဲသူတွေကို တန်ဖိုးထားရတဲ့ အတွေ့အကြုံတွေကိုရရှိနိုင်ဖို့ ချိတ်ဆက်ပေးနိုင်မယ့် အဓိပ္ပာယ်ပြည်ဝတဲ့ ဒီဂျစ်တယ်ဖြေရှင်းချက်တွေကို အကောင်းဆုံး ပေးအပ်သွားဖို့ ဆက်လက်ပြီး အလေးထားဆောင်ရွက်နေပါတယ်။ အခု Play4U ဝန်ဆောင်မှု မိတ်ဆက်လိုက်တာက ကျွန်တော်တို့ရဲ့ ကတိကဝတ်ကို လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်ပြီး  သုံးစွဲသူတွေအနေနဲ့ ကိုယ့်မှာရှိနေတဲ့ဖုန်းဘေလ်ကို သုံးပြီး ကမ္ဘာတစ်ဝန်းကဝန်ဆောင်မှုတွေကို ယုံကြည် စိတ်ချ စွာနဲ့ အလွယ်တကူ ရယူနိုင်ဖို့  ဆောင်ရွက်ပေးထားတာ ဖြစ်ပါတယ်။ မြန်မာပြည်သူတွေရဲ့ ပြောင်းလဲလာတဲ့ လူနေမှုပုံစံတွေနဲ့ ကိုက်ညီတဲ့ လုံခြုံစိတ်ချရပြီး လူတိုင်းလက်လှမ်းမီနိုင်မယ့် ဒီဂျစ်တယ် ပတ်ဝန်းကျင်ကောင်း တစ်ခုကို ဖော်ဆောင်ပေး နိုင်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။

Image: MPT

ပိုမိုပြည့်စုံကောင်းမွန်သော အတွေ့အကြုံကို ရရှိခံစားနိုင်ရန်အတွက် MPT သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းကို https://bit.ly/MPT4Ufree မှတစ်ဆင့် (သို့မဟုတ်) *4040# သို့ ဖုန်းခေါ်ဆိုခြင်းဖြင့် (သို့မဟုတ်) iOS နှင့် Android ပလက်ဖောင်းအားလုံးတွင် အလွယ်တကူ ရယူနိုင်ပါသည်။

စစ်မှန်သည့်ပြည်တွင်းဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်သော  MPT သည် သုံးစွဲသူများ၏ နေ့စဉ်ဘဝများကို မြှင့်တင်ရန် ခိုင်မာစွာ ကတိပြုထားပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝန်ဆောင်မှုများကို ပိုမိုမြှင့်တင်ရန် နည်းလမ်းသစ်များကို စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုများကို အစဉ်တစိုက် အသုံးပြုလျက်ရှိသည့် သုံးစွဲသူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါသည်။ MPT အကြောင်းကို ပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm တွင် ဝင်ရောက်ကြည့်ရှုခြင်းဖြင့် လည်းကောင်း 106 Call Center သို့ ခေါ်ဆိုမေးမြန်းခြင်းဖြင့် လည်းကောင်း၊ တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် MPT တရားဝင် ဝက်ဘ်ဆိုက်တို့တွင် စုံစမ်းမေးမြန်းခြင်းဖြင့် လည်းကောင်း သိရှိနိုင်ပါသည်။

 

Today

adjective: present