COVID-19 ကာလအတွင်း MPT ငွေဖြည့်လက်ဆောင် ၁၅၀ ရာခိုင်နှုန်းအထိ ရယူနိုင်ပြီး SMS ပေးပို့ ငွေလှူဒါန်းနိုင်

MPT သည် လတ်တလောတွင်ဖြစ်ပွားနေသည့် COVID-19 ကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့် အချိန်ကာလတွင် ငွေဖြည့်လက်ဆောင်များ ပေးအပ်သွားမည့် အထူးအစီအစဉ်ကို မိတ်ဆက်ပေးလိုက်ပြီဖြစ်ပြီး ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် စေတနာရှင် MPT သုံးစွဲသူ အများပြည်သူတို့ ပါဝင်နိုင်စေရန် SMS စနစ်ဖြင့် လှူဒါန်းနိုင်သည့် အစီအစဉ်ကိုစတင်လိုက်ပြီဖြစ်ကြောင်းသိရသည်။
MPT သုံးစွဲသူများအနေဖြင့် ဧပြီလ ၄ ရက်နေ့မှ စတင်၍ ဖုန်းငွေဖြည့်တိုင်း ငွေဖြည့်လက်ဆောင် ၁၅၀ ရာခိုင်နှုန်း အထိ ရရှိနိုင်မည်ဖြစ်သည်။ MPT ၏ GSM/WCDMA Prepaid စနစ် အသုံးပြုသူများ အနေဖြင့် အနည်းဆုံး ငွေ ၁,၀၀၀ ကျပ်မှ စတင်၍ ၁,၀၀၀ ကျပ်အထက် မည်သည့် နည်းလမ်းနှင့်မဆို ဖုန်းငွေဖြည့်တိုင်း အများဆုံး ၁၅၀ ရာခိုင်နိုင်နှုန်း အထိ ငွေဖြည့်လက်ဆောင် ရရှိမည်ဖြစ်သည်။ ဆွေသဟာ၊ ရှယ်ပြော၊ ရွှေစကား သုံးစွဲသူများအနေဖြင့် ထပ်ဆောင်းရရှိမည့် ငွေဖြည့် အပိုလက်ဆောင် ရာခိုင်နှုန်းကို ကျပန်းစနစ်ဖြင့် ရရှိမည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage

ငွေဖြည့်လက်ဆောင်များကို On-net calls (MPT အချင်းချင်း ဖုန်းခေါ်ဆိုမှု)နှင့် on-net SMS ( MPT အချင်းချင်း စာတိုပေးပို့မှု) နှင့် သုံးသလောက်သာကျသင့်မည့် ဒေတာအသုံးပြုခြင်း (PAYG Data) တို့ကို ၅ ရက်အတွင်း အသုံးပြုနိုင် မည်ဖြစ်လည်းဖြစ်သည်။ အဆိုပါ အစီအစဉ်အတွက် Opt-in ပြုလုပ်ရန် မလိုအပ်ပါ။
“ကျွန်တော်တို့ MPT အနေနနဲ့ မြန်မာနိုင်ငံရဲ့ COVID-19 တိုက်ဖျက်ရေး လုပ်ငန်းစဉ်တွေမှာ ပါဝင်ပြီး မြန်မာပြည်အား စဉ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက် ပေးထားနိုင်ရန်အတွက် ဆောင်ရွက်နေပြီး သုံးစွဲသူများ အားလုံးကို ထူးခြားကောင်းမွန်တဲ့ အစီအစဉ်တွေ စဉ်ဆက်မပြတ် ပေးအပ်သွားဖို့ ရှိပါတယ်။ အခုဆိုရင် MPT သုံးစွဲသူတွေ အားလုံးဟာ ငွေဖြည့်လက်ဆောင် ၁၅၀ ရာခိုင်နှုန်းအထိ ရရှိခံစားပြီး ယခုလို ခက်ခဲတဲ့ ကာလအတွင်းမှာ မိသားစုဝင်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေဆီ ပိုမို အဆင်ပြေလွယ်ကူစွာ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားသည်။
SMS ပေးပို့လှူဒါန်းလိုသူများအနေဖြင့်လည်း 9900 သို့ 500 ဟုရိုက်နှိပ်ပြီး SMS(စာတို) ပေးပို့နိုင်ပါသည်။ SMS တစ်ကြိမ် ပေးပို့ခြင်းဖြင့် အလှူငွေကျပ် ၅၀၀ ကို လှူဒါန်းနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများ၏ SMS မှတစ်ဆင့် လှူဒါန်းနိုင်သည့် အကြိမ်အရေအတွက်ကို ကန့်သတ်ထားခြင်း မရှိပါ။ GSM/WCDMA စနစ် ကို အသုံးပြုသည့် ကြိုတင်ငွေဖြည့်စနစ် နှင့် အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ်ကို သုံးစွဲသူ မည်သူမဆို ပါဝင်လှူဒါန်း နိုင်ပါသည်။ အသုံးပြုပြီးမှ ငွေပေးချေသည့်စနစ် သုံးစွဲသူများအတွက် လှူဒါန်းလိုက်သည့် ငွေပမာဏကို ငွေတောင်းခံလွှာတွင် ထည့်သွင်းကောက်ခံ သွားမည်ဖြစ်ပြီး ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများအတွက်မူ ငွေဖြည့်သွင်းထားသည့် ပမာဏထဲမှ နုတ်ယူသွားပါမည်။ SMS (စာတို)ပေးပို့လှူဒါန်းခြင်းမှ ရရှိလာသည့် လှူဒါန်းငွေများကို Coronavirus Disease 2019 (Covid-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ ရာနှုန်းပြည့် လွှဲပြောင်းလှူဒါန်းသွားမည်။
“မြန်မာနိုင်ငံရဲ့ ပထမဦးဆုံးနဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်တဲ့ MPT အနေနဲ့ အခုလို အချိန် ကာလမှာ မြန်မာပြည်သူတွေအကြား စဉ်ဆက်မပြတ် ဆက်သွယ်ချိတ်ဆက်ပေးနိုင်ဖို့သာမက COVID-19 ရဲ့ အကျိုးသက် ရောက်မှုကိုပါ ထိန်းချုပ်နိုင်စေဖို့အတွက် စုပေါင်းအင်အားနဲ့ဆောင်ရွက်နိုင်ရေးကိုလည်း အားစိုက် လုပ်ဆောင်နေ တာဖြစ်ပါတယ်။ နိုင်ငံတော်ကဆောင်ရွက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းစဉ်တွေမှာ အထောက်အပံ့ဖြစ်စေဖို့ စိတ်ဝင်စားသူ အများပြည်သူတွေ အနေနဲ့ တိုက်ရိုက်ပါဝင်ပြီး လှူဒါန်းနိုင်ဖို့အတွက် အခုလို SMS က တစ်ဆင့် လှူဒါန်းနိုင်မယ့် အစီအစဉ်ကို အကောင် အထည်ဖော်လိုက်ခြင်း ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ လုပ်ငန်း လည်ပတ်မှုဌာနကြီး၏ ဒုတိယအရာရှိချုပ်ဖြစ်သူ ဦးမျိုးသန်းက ပြောကြားသည်။

Photo Source https://www.facebook.com/mptofficialpage

MPT အနေဖြင့် လက်ရှိတွင်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ဝက်ဘ်ဆိုက်၊ မြန်မာနိုင်ငံဆရာဝန်အသင်း ဝက်ဘ်ဆိုက် တို့အပြင် လူကြည့်များသည့် သတင်း ဝက်ဘ်ဆိုက် ၄ ခုသို့ အင်တာနက် အသုံးပြုခ အခမဲ့ဖြင့် ဝင်ရောက်ကြည့်ရှုခွင့် ပေးထားပါသည်။ ထို့အပြင် မိသားစုများ၊ မိတ်ဆွေ သူငယ်ချင်း များနှင့် အဆက်အသွယ် မပြတ်ရှိစေရန် MPT ကြိုတင်ငွေဖြည့်စနစ် သုံးစွဲသူများအနေဖြင့် ငွေဖြည့်ပမာဏ၏ ၁၅၀% အထိ ငွေဖြည့်အပိုလက်ဆောင်များ ရရှိနိုင်မည့် အစီအစဉ်ကိုလည်း ဆောင်ရွက်ပေးထားပါသည်။ အလားတူပင် MPT သည် နိုင်ငံတစ်ဝန်းရှိ အသွားအလာကန့်သတ်ဆောင်ရွက်ထားသည့် နေရာ ၁၀ ခုသို့ ဖိုင်ဘာအင်တာနက် ထောက်ပံ့ ပေးလျက်ရှိသည်။ ထိုနည်းတူစွာပင် MPT သည် ရန်ကုန်၊ နေပြည်တော်နှင့် ကရင်ပြည်နယ် တို့ရှိ အသွားအလာကန့်သတ်ဆောင်ရွက်ထားသည့် နေရာများတွင် နေထိုင်နေကြသူများအနေဖြင့် ၎င်းတို့၏ မိသားစုများနှင့် အဆက်အသွယ်မပြတ်စေရန် MPT မှ အင်တာနက်ဒေတာပါဝင်သည့် ဆင်းမ်ကတ် ၉၀၀၀ ကျော်ကိုလည်း လှူဒါန်းဆောင်ရွက်ထားပြီး ဖြစ်ပါသည်။
MPT သည် သုံးစွဲသူများပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် ပရိုမိုးရှင်း အစီအစဉ်သစ်များ၊ အပိုလက်ဆောင်များ နှင့် လက်ဆောင်ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT ၏ နောက်ဆုံးပေါ် အစီအစဉ်သစ်များ၊ ဈေးနှုန်းသင့်တင့်သော ဒေတာ နှင့် အသံဝန်ဆောင်မှုဆိုင်ရာအစီအစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော အောက်ပါ Link များတွင်ဝင်ရောက်လေ့လာနိုင်သည်။
https://www.mpt.com.mm
https://www.facebook.com/mptofficialpage