၂၄ နာရီအတွင်းကြည့်ရှုသူ သန်း ၁၀၀ ကျော်သွားတဲ့ Grand Theft Auto VI Trailer

Gamer တိုင်းနီးပါး အသစ်ထွက်တိုင်း Hype ပြီးတော့ စွဲစွဲမြဲမြဲဆော့ကစားခဲ့ကြတဲ့ Grand Theft Auto ဂိမ်းဟာ အခုဆိုရင် Grand Theft Auto VI ရဲ့ Trailer ကိုအတော်လေး Leak ဖြစ်ပြီးတဲ့နောက်မှာတော့ Official Trailer နဲ့ စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ GTA ဂိမ်းတွေမထွက်ခင်ကတည်းက Leak ဖြစ်လာတာကလည်း မထူးဆန်းတော့ပါဘူး။ အခုတစ်ခေါက် GTA VI ကိုလည်း Rockstar Games အနေနဲ့ Copy တစ်ခု အွန်လိုင်းပေါ်မှာ Leak ဖြစ်ပြီးတဲ့နောက် အချိန်စောပြီးထုတ်ပြန်ပေးခဲ့ပါတယ်။

X Platform ပေါ်မှာလည်း Trailer က Leak ဖြစ်သွားတဲ့အတွက် တကယ့် Trailer ကို YouTube မှာကြည့်ပေးပါဆိုပြီးလည်း Rockstar Games က Publish ပြုလုပ်ခဲ့ပါသေးတယ်။

 

Rockstar Games က YouTube Platform ပေါ်မှာ အင်္ဂါနေ့ ဒီဇင်ဘာလ ၅ ရက်နေ့က စတင်ထုတ်ပြန်ခဲ့တဲ့ Grand Theft Auto VI Official Trailer ဟာ မျှော်လင့်စောင့်စားနေကြတဲ့ Gamer တွေအနေနဲ့ ၂၄ နာရီအတွင်း YouTube မှာ ကြည့်ရှုသူ သန်း ၁၀၀ ကျော်တဲ့အထိ ကြည့်ရှုခဲ့ကြပါတယ်။ အခုထိလည်း ကြည့်ရှုသူအရေအတွက်တွေ တောက်လျှောက်တိုးလာသလို Upload လုပ်တဲ့အချိန်ကစလို့ The Most Viewed Non music Video တစ်ခု အဖြစ် #1 Trending နေရာမှာ ရပ်တည်လျက်ရှိပါတယ်။ ဒါ့အပြင် ဩဂုတ်လကသတ်မှတ်ခဲ့တဲ့ Mr.Beast ရဲ့  ၂၄ နာရီအတွင်း ကြည့်ရှုသူ ၄၆ သန်း Record ကိုလည်း ချိုးဖျက်နိုင်ခဲ့ပါတယ်။

Game Trailer ကို Grand Theft Auto VI ရဲ့ Miami မှာအခြေပြု ပြုလုပ်ထားသလို ဂိမ်းထွက်ရှိမယ့်ရက်ကိုလည်း ၂၀၂၅ ဆိုပြီး ဖော်ပြထားပါသေးတယ်။ Rockstar Games ရဲ့ YouTube Channel ပေါ်က Trailer မှာ Grand Theft Auto VI Trailer 1 လို့ဖော်ပြထားတဲ့အတွက် နောက်ထွက်လာမယ့် Trailer တွေကိုလည်း ဆက်ပြီး စောင့်ကြည့်ရဦးမှာပါ။