ဆန်ခါတင်စာရင်းတွေကို နောက်တစ်ပတ်ထဲကြေငြာပေးတော့မယ့် The Game Awards 2023

Video Game နယ်ပယ်က အကြောင်းအရာအမျိုးမျိုးကို Cagetory မျိုးစုံနဲ့ နှစ်စဉ်နှစ်တိုင်း ဆုချီးမြင့်ပေးတဲ့ အခမ်းအနား The Game Awards ဟာ ၂၀၂၃ ခုနှစ်အတွက် ဆုချီးမြင့်ဖို့  ဆန်ခါတင်စာရင်းကို နောက်တစ်ပတ် နိုဝင်ဘာလ ၁၃ ရက်နေ့ တနင်္လာနေ့မှာ ချပြသွားမယ်လို့ သိရပါတယ်။ နှစ်စဉ်ဆုချီးမြင့်ပေးနေကျအတိုင်း ဆုအမျိုးအစားပေါင်း ၃၀ ကျော်ကို ချီးမြင့်ပေးသွားမယ့် အပြင် ဂိမ်းအသစ်တွေကိုလည်း Gamer တွေဆီ မိတ်ဆက်ပေးသွားဦးမယ့် ပွဲတစ်ပွဲဆိုလည်း မမှားပါဘူး။

The Game Awards ရဲ့ Twitter Account ကနေ ၂၀၂၃ ခုနှစ် ဆုချီးမြင့်ဖို့ ဆန်ခါတင်စရင်းကို လာမယ့် တနင်္လာနေ့မှာ မိတ်ဆက်ပေးမယ့်အကြောင်းကိုလည်း တရားဝင်ပြောကြားသွားခဲ့ပြီး ဖြစ်ပါတယ်။ Twitter Post အရ အရင်နှစ်တွေလိုပဲ ဆုအမျိုးအစား Category ပေါင်း ၃၀ ကျော်ပါဝင်သွားဦးမှာ ဖြစ်ပါတယ်။

မကြာခင်မှာ ဘယ်ဂိမ်းအမျိုးအစားတွေက ဆန်ခါတင်စာရင်းထဲပါဝင်လာမယ်ဆိုတာကို သိရတော့မှာ ဖြစ်တဲ့အတွက် အကြီးဆုံးဆုတံဆိပ်တစ်ခုလို့ပြောလို့ရတဲ့ “Best Game of the Year” အတွက် ဘယ်ဂိမ်းတွေပါဝင်လာမလဲဆိုတာလည်း စိတ်ဝင်စားစရာပါပဲ။

The Game Awards 2023 အတွက် ဆန်ခါတင်စာရင်းတွေကြေငြာပြီးတာနဲ့ Voting အစီအစဉ်တွေရှိဦးမှာ ဖြစ်သလို ကြေငြာပြီး ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ The Game Awards 2023 Event ကြီးကို စတင်တော့မှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကိုလည်း Social Media နဲ့ Gaming Platform တွေပေါ်ကနေ Live ကြည့်ရှုနိုင်သလို မကြာခင်ထုတ်ပြန်တော့မယ့် The Game Awards 2023 Norminees စာရင်း အတွက်လည်း နိုဝင်ဘာလ ၁၃ ရက်နေ့မှာ Twitch နဲ့ YouTube Platform တွေပေါ်ကတစ်ဆင့် တိုက်ရိုက် Live ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။