ထင်ထားတာထက် အချိန်စောပြီးထွက်ရှိလာနိုင်မယ့် GTA VI

GTA VI အတွက်ထုတ်ပြန်လိုက်တဲ့ Report အသစ်တွေအရ Player တွေဆီကို ထင်ထားတာထက် ပိုပြီးမြန်တဲ့အချိန်နဲ့ ထွက်ရှိလာနိုင်ချေရှိနေပါပြီ။ ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ GTA VI ကို တရားဝင်အနေနဲ့ ချပြမိတ်ဆက်ပေးခဲ့ပြီး GTA Fan တွေနဲ့ Gamer တွေရဲ့ စိတ်ဝင်စားမှု အပြည့်အဝရရှိပြီး စောင့်ကြည့်သူများပြားနေတဲ့ ဂိမ်းတစ်ခုဆိုရင်လည်း မမှားပါဘူး။ တစ်ချို့ Player တွေအနေနဲ့ GTA VI ထွက်ရှိလာတဲ့နေ့မှာ Sick Day ယူပြီး တစ်နေကုန်ဂိမ်းဆော့မယ်ဆိုတဲ့ Report မျိုးတွေကိုတောင် တွေ့လာရပါတယ်။

Grand Theft Auto ဂိမ်းဟာ လက်တွေ့ဘဝမှာရှိတဲ့ ဖြစ်ရပ်တွေ၊ နေရာတွေကို ဂိမ်းထဲထည့်သွင်းလေရှိတာကြောင့် ကစားသူတွေဟာလည်း GTA VI Trailer မှာပါတဲ့နေရာတွေကိုပါ လက်တွေ့ဘဝမှာ သွားရှာကြတဲ့အထိပါပဲ။ နောက်ဆုံးကြေငြာခဲ့တဲ့ အချိန်တန်းက GTA VI ကို ၂၀၂၅ ခုနှစ်လောက်မှာ ထွက်ရှိလာဖို့ဖြစ်နေပေမယ့် Report အသစ်ထွက်ရှိလာချိန်မှာတော့ ခန့်မှန်းထားတဲ့အချိန်ထက် အများကြီးရှေ့တိုးပြီး ထွက်ရှိလာမယ်လို့ ခန့်မှန်းရပါတယ်။ X အရင် Twitter Platform ပေါ်က ခန့်မှန်းမှုတွေနဲ့ဆိုရင် GTA VI ဟာ ၂၀၂၅ ဇန်နဝါရီလ နဲ့ မတ်လဝန်းကျင်လောက်မှာ ထွက်ရှိလာနိုင်မယ်လို့လည်း ခန့်မှန်းနေကြပါတယ်။