MPT က မြန်မာနိုင်ငံရှိ ဘွဲ့ရပြီးစလူငယ်များအတွက် လုပ်ငန်းခွင်အတွေ့အကြုံများရရှိနိုင်မည့် အခွင့်အလမ်းများကို ယူဆောင်လာ

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည့် MPT သည် “ရှေ့သို့ လှမ်းချီ မြန်မာပြည်” ဟူသည့် ကတိကဝတ်နဲ့အညီ ယခုအခါ မြန်မာနိုင်ငံရှိ ဘွဲ့ရပြီးစ လူငယ်များအတွက် ဆက်သွယ်ရေးကဏ္ဍတွင် ထူးခြားကောင်းမွန်သော လုပ်ငန်းခွင် အတွေ့အကြုံများ ရရှိနိုင်မည့် အခွင့်အလမ်းများကို ပေးအပ်သွားမည်ဖြစ်ပါသည်။ “Fresh Graduate Hiring Program 2023” တွင် ပါဝင်ခြင်းအားဖြင့် နိုင်ငံတစ်ဝန်းရှိ ဘွဲ့ရပြီးစ လူငယ်များအနေဖြင့် တန်ဖိုးမဖြတ်နိုင်သော လုပ်ငန်းခွင် အတွေ့အကြုံများကို ထိုက်သင့်သော လစာဖြင့် လုပ်ကိုင်နိုင်သည့် အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါသည်။

MPT ၏ “Fresh Graduate Hiring Program 2023” တွင် လူငယ်အယောက် (၆၀)ဦး ရွေးချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသော လူငယ်များသည် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၂) ရက်တွင် စတင်မည့် လုပ်ငန်းခွင် အလုပ်သင် အစီအစဉ် (Internship Program) တွင် အလုပ်သင်ဝန်ထမ်းများအဖြစ် (၃) လတာ ပါဝင်ခွင့်ရမည်ဖြစ်သည့် အတွက် လုပ်ငန်းခွင်ဆိုင်ရာ ကျွမ်းကျင်မှုများကို လေ့လာသင်ယူခွင့် ရရှိမည်ဖြစ်သည်။ ထို့အပြင် အလုပ်သင် ဝန်ထမ်းများ၏ ကျွမ်းကျင်မှုကို ပိုမိုအဆင်မြှင့်တင်ပေးနိုင်ရန် စီစဉ်ပို့ချပေးမည့်သင်တန်းများဖြစ်သည့် ဆက်သွယ်ရေး ကဏ္ဍအကြောင်း သိမှတ်ဖွယ်ရာများ၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်ဘာသာစကား၊ လုပ်ငန်းခွင်သုံး Microsoft Application ကျွမ်းကျင်မှု၊ လုပ်ကိုင်နိုင်မှုစွမ်းရည် (presentation နှင့် ဆက်ဆံရေး) နှင့် နည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို သင်ကြားပေးသွားမည်ဖြစ်ပါသည်။ အလုပ်သင်ကာလ (၃)လပြီးဆုံးချိန်တွင် အရည်အချင်းပြည့်မီသူများအား ရွေးချယ်၍ မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာတစ်ခုဖြစ်သည့် MPT တွင် အလုပ်လုပ်ကိုင်ရန် ကမ်းလှမ်း သွားမည် ဖြစ်ပါသည်။

Image: MPT

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးမှာ လူငယ်တွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြုပြီး လူငယ်တွေရဲ့ စွမ်းဆောင်ရည်တွေ မြှင့်တင်ဖို့ အဓိကထား လုပ်ဆောင်လျက်ရှိပါတယ်။ ပြီးခဲ့တဲ့ ကာလအတွင်းမှာ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းတွေကို ဆိုလာမီးအိမ်များ လှူဒါန်းခြင်း၊ ကွန်ပျူတာများ လှူဒါန်းခြင်း ပြုလုပ်ပေးခဲ့တဲ့အပြင် ပညာသင်ယူဖို့ အခွင့်အလမ်းနည်းပါးတဲ့လူငယ်တွေအတွက် အွန်လိုင်းကနေ အခမဲ့သင်ယူခွင့်များ ပေးအပ်နိုင်ရန် CSR E-Learning အစီအစဥ်ကိုလည်း မကြာသေးမီက မိတ်ဆက်ပေးခဲ့ပါတယ်။ ဒီအစီအစဥ်ကတစ်ဆင့် မြန်မာနိုင်ငံမှာရှိတဲ့ လူငယ်တွေအတွက် တိုးတက်ရန် အခွင့်အလမ်းတွေကို ဖန်တီးပေး နိုင်တဲ့အပြင် ရွေးချယ်ခံရတဲ့ လူငယ်တွေအနေနဲ့ ပြီးပြည့်စုံတဲ့ အသက်မွေးဝမ်းကျောင်းသာမကဘဲ ဘဝတက်လမ်းတွေ တိုးတက်ရေးအတွက် ပျော်ရွှင်စွာ ပူးပေါင်းလုပ်ဆောင်နိုင်တဲ့ အခွင့်အရေးတွေကို MPT က ဆောင်ရွက်ပေးသွားမှာဖြစ်ပါတယ်။ တစ်နိုင်ငံလုံးမှာရှိတဲ့ လူငယ်တွေအနေနဲ့ ဒီလိုတန်ဖိုးရှိတဲ့အခွင့်အရေးကို အမိအရ ရယူဖို့ MPT ရဲ့ကိုယ်စားဖိတ်ခေါ်လိုပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“Fresh Graduate Hiring Program 2023” အတွက် အောက်ဖော်ပြပါ အချက်အလက်များနှင့်ကိုက်ညီသူ လူငယ်များအနေဖြင့် ဝင်ရောက်လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

  • (၂၀၂၂- ၂၀၂၃) ပညာသင်နှစ်မှ ရိုးရိုးဘွဲ့ (သို့မဟုတ်) မာစတာ ဘွဲ့ရရှိသူ – B.E (Civil/EC/EP/MP/IT), B.C.Sc, B.Sc, B.A, B.Com, B.Act, B.Bsc, B.B.M, B.B.A, L.L.B.
  • အင်္ဂလိပ်စာ အရေးအသားနှင့် အပြောအဆို အထူးကောင်းမွန်ရမည်။
  • ကွန်ပျူတာ (word, Excel, PowerPoint) ကျွမ်းကျင် ရမည်။
  • လေ့လာသင်ယူနိုင်စွမ်းမြင့်မားပြီး တိုးတက် အောင်မြင်လိုစိတ်ရှိရမည်။
  • အကောင်းမြင်စိတ်နှင့် အသင်းအဖွဲ့နှင့် လုပ်ကိုင်နိုင်သူဖြစ်ရမည်။

ရွေးချယ်ခံရသူများအနေဖြင့် အိုင်တီနည်းပညာလုပ်ငန်းများ၊ ဆက်သွယ်ရေးကွန်ရက်စီမံထိန်းသိမ်းမှု နှင့် တည်ဆောက်မှုဆိုင်ရာ နည်းပညာလုပ်ငန်းများ၊ ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းများ လူ့စွမ်းအားအရင်းအမြစ် ဆိုင်ရာလုပ်ငန်းများ၊ Brand and Advertising နှင့် Business Intelligence စသည့် စီးပွားရေးဆိုင်ရာလုပ်ငန်း နယ်ပယ်များစွာတို့တွင် မိမိတို့၏သင်ကြားတက်ရောက်ထားသည့် ဘာသာရပ်များအပေါ်မူတည်၍ ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ စိတ်ပါဝင်စားသူများအနေဖြင့် အောက်ပါလင့်ခ် Application Form မှတစ်ဆင့် (သို့မဟုတ်) MPT ၏ တရားဝင် LinkedIn စာမျက်နှာနှင့် (သို့မဟုတ်) HR Hotline No (01-380666) သို့ခေါ်ဆိုမေးမြန်းပြီး ဝင်ရောက်လျှောက်ထားနိုင်ပါသည်။ MPT ၏ “Fresh Graduate Hiring Program 2023” တွင်ပါဝင်ရန်အတွက် ၂၀၂၃ခုနှစ်၊ ဒီဇင်ဘာလ(၁၇)ရက် နောက်ဆုံးထား၍ ဝင်ရောက်လျှောက်ထားရမည်ဖြစ်ပါသည်။ MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။