Huawei မှ နောက်ဆုံးပေါ် Flagship Series ဖြစ်သည့် Huawei Mate 50 Series နှင့် nova 10 SE တို့အားဈေးကွက်တွင်း ဝယ်ယူရရှိနိုင်ပြီ

Huawei ၏နောက်ဆုံးထွက်ရှိထားသော Flagship ထုတ်ကုန်ဖြစ်သည့် HUAWEI Mate 50 Series နှင့် HUAWEI nova 10 SE တို့အား ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်၍ ဈေးကွက်အတွင်း စတင်ဝယ်ယူနိုင်ပြီဖြစ်သည်။

Photo Source Huawei

HUAWEI Mate 50 Series

HUAWEI Mate 50 Series အား Mate Series စမတ်ဖုန်းများထုတ်လုပ်ခဲ့သည့် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့် ထုတ်လုပ်ထားပြီး မျှော်မှန်းထားသည်ထက်ပိုသော နောက်ဆုံးပေါ် နည်းပညာများဖြင့် ထုတ်လုပ်ထားသည်။ HUAWEI Mate 50 Pro (Orange) Version အား အကြမ်းခံသော “Kunlun Glass” ဖြင့်ထုတ်လုပ်ထားသည့်အတွက် အခြားဖုန်းများထက် ၁၀ ဆပိုမို ပြုတ်ကျမှု ခံနိုင်ရည် ရှိသည်။ ထို့အပြင် HUAWEI Mate Series အသစ်သည် DxO Mark Ranking တွင် အမှတ်အများဆုံးရရှိထားပြီး တရုတ်ပြည်တွင် ရောင်းအားအကောင်းဆုံးဖုန်းဖြစ်သည်။ Pre-order တင်သည့် အရေအတွက်မှာလည်း ၂.၄၅ မီလီယံ ကျော်ခဲ့ပြီး ပထမဆုံးစတင်ရောင်းချသည့်နေ့တွင်လည်း  ၁၀ စက္ကန့်အတွင်း Stock ပြတ်သည်အထိ ရောင်းထွက်ခဲ့သည့် ရောင်းအားအကောင်းဆုံး ဖုန်းဖြစ်သည်။

အသုံးပြုထားသော“Kunlun Glass” တွင် 10 quadrillion-level nanocrystals များပါဝင်သောကြောင့် ကြံ့ခိုင်ပြီး ခံနိုင်ရည်ရှိသည်။ HUAWEI Mate 50 Series မှာ Switzerland’s SGS မှ Five-Star-Glass Drop Resistance Certification ကိုရရှိထားသည့် ပထမဆုံးဖုန်းလည်းဖြစ်သည်။ ထို့ပြင် IP68 အထိထောက်ပံ့ပေးပြီး ရေအောက် ၆ မီတာအထိ ရေစိုခံနိုင်ကာ ဖုန်မှုန့်များကိုလည်းခံနိုင်ရည်ရှိသည်။ 

Photo Source Huawei

Huawei မှ ကိုယ်ပိုင် မိုဘိုင်း imaging brand ဖြစ်သည့် “XMAGE” ထည့်သွင်းပေးထားပြီး HUAWEI Mate 50 Series ဖုန်းများတွင် နောက်ဆုံးပေါ် ၁၀ ဆ ပိုမိုမြင့်မားသည့် Adjustable physical aperture ပါရှိပြီး၊ Optical System၊ Mechanical Structure၊ Imaging Technology နှင့် Image Processing တို့အား အဆင့်မြင့်တင်ထားသော Ultra-Aperture XMAGE Camera အား ထည့်သွင်း ထုတ်လုပ် ထားသည်။ Auto mode ဖြင့်ရိုက်သည့်အခါတွင် Aperture Size နှင့် မြင်ကွင်းအား ကိုက်ညီမှုရှိစေရန် Smart Aperture မှ အလိုအလျောက် ထိန်းညှိပေးသည်။ Professional Mode ကိုပြောင်းပါက Depth of field နှင့် Blur Degree ကို မိမိစိတ်ကြိုက် ချိန်ညှိနိုင်မည်ဖြစ်သည်။

Portrait mode မှ အရာဝတ္ထုအား ပိုမိုသိသာထင်ရှားနေစေရန် သဘာဝဆန်စွာဖြင့် အနောက်ဘက်မြင်ကွင်းအား ဝါးပေးပြီး Periscope telephoto camera မှ အဆ ၂၀၀ အထိ ချဲ့ကာရိုက်ကူးပေးနိုင်သည်။ Wide-angle macro camera မှ millimeter-level အထိရိုက်ကူးပေးနိုင်ကာ အမှုန်အမွှားအစက်ကလေးများအထိ အသေးစိတ် ကြည်လင်စွာ ရိုက်ကူးပေးနိုင်သည်။ HUAWEI Mate 50 Series မှ လှုပ်ရှားမှုတိုင်းတွင် တိကျစွာ ရိုက်ကူးနိုင်စေရန် Macro Video shooting နှင့် Macro picture-picture (PiP) အားလည်း အထောက်အပံ့ပေးထားသည်။

HUAWEI Mate 50 Series ဖုန်းများသည် နေ့စဉ်အသုံးပြုသည့်အခါတွင် လွယ်ကူအဆင်ပြေစေသည့် နောက်ဆုံးပေါ် EMUI 13 ဖြင့်ထုတ်လုပ်ထားသည့် ပထမဆုံး စမတ်ဖုန်းဖြစ်သည်။ SuperStorage လုပ်ဆောင်ချက်မှ နှစ်ခုထပ်နေသည့် ဖိုင်များအား အလိုအလျောက် ဖယ်ရှားပေးပြီး အသုံးပြုမှုနည်းသည့် Application များအား ချုံ့ထားပေးသည်။ ၎င်းသည် များပြားလှသော ဓါတ်ပုံနှင့် ဗီဒီယိုများအတွက် 20GB အထိ (ROM 256GB ရှိသည့်ဖုန်းတွင်) နေရာချန်ထားပေးနိုင်သည်။

Photo Source Huawei

HUAWEI nova 10 SE

HUAWEI nova 10 SE တွင် 108MP High-Res Portrait Camera ပါဝင်ပြီး သာမာန်သတိမထားမိနိုင်သော အသေးစိတ်များအား ပေါ်လွင်နိုင်စေကာ RAW domain တွင် Multi-frame fusion algorithm အား အထောက်အပံ့ပေးထားသည်။ ဖုန်း၏ 6.67-inch OLED HUAWEI full-View Display၊ 4500mAh battery နှင့် vlog-shooting features များမှ အကောင်းဆုံး EMUI 12 လုပ်ဆောင်ချက်များကို အဆင်ပြေချောမွေ့စေသည်။

HUAWEI nova 10 SE သည် 184g အလေးချိန်ရှိပြီး 7.39mm အထူရှိသည့်အတွက် လက်ထဲတွင် သက်တောင့်သက်သာ ဖြစ်ပြီး အိတ်ကပ်ထဲတွင်လည်း လွယ်လွယ်ကူကူသယ်သွားနိုင်မည်ဖြစ်သည်။ တစ်ပြေးညီကိုယ်ထည်အပြား ဒီဇိုင်းဖြင့် သတ္တုနှင့်အမှုန်လေးများပေါင်းစပ်ပြီး တလက်လက်တောက်ပသော Matte အသားဖြင့်ထုတ်လုပ်ထားသည်။

HUAWEI nova series များ၏ display quality သည် generation တစ်ခုစီတိုင်းတိုးတက်လာပြီး HUAWEI nova 10 SE တွင် 100% P3 wide colour gamut အား အထောက်အပံ့ပေးပြီး 90Hz refresh rate၊ 270Hz touch sampling rate တို့အပြင် အကောင်းဆုံး အသေးစိတ်မြင်ကွင်းများအား ပေးစွမ်းနိုင်သော 6.67 လက်မ OLED HUAEWI Full-view Display ဖြင့်ထုတ်လုပ်ထားသည်။ HUAWEI nova 10 SE ၏ မျက်နှာပြင်ဘေးပတ်လည်ရှိ ပြားပြီးပါးလွှာသော ဘေးဘောင်လေးများကြောင့် မျက်နှာပြင်မြင်ကွင်းကို ပိုမိုကျယ်စေပြီး screen-to-body ratio မှာ 91.85% ရှိသည်။ 

Photo Source Huawei

HUAWEI nova 10 SE ကို RAM 8GB +256GB Storage ဖြင့် ရရှိမှာဖြစ်ပြီး Starry Silver (ငွေမှင်ရောင်)၊ Starry Black (အနက်‌ရောင်)နှင့် Mint Green (အစိမ်းရောင်) တို့အား မြန်မာကျပ် ၉၄၉,၀၀၀ ဖြင့် ဒီဇင်ဘာလ (၁) ရက်နေ့မှစ၍ဝယ်ယူရရှိနိုင်မည် ဖြစ်ကြောင်းသိရသည်။

ထို့ပြင် HUAWEI Mate 50 Series တွင် HUAWEI Mate 50 နှင့် Mate 50 Pro တို့ကို RAM 8 GB + 256 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Black (အနက်ရောင်)နှင့် Silver (ငွေရောင်) တို့အားလည်းကောင်း၊ HUAWEI Mate 50 Pro (Kunlun Glass version) ကို RAM 8 GB + 512 GB Storage အမျိုးအစားဖြင့် ရရှိမှာ ဖြစ်ပြီး အရောင်အားဖြင့် Orange (လိမ္မော်ရောင်) Vegan Leather အား ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။

Huawei Mate 50 အား မြန်မာကျပ် ၂,၂၉၉,၀၀၀ ဖြင့်လည်းကောင်း၊ Mate 50 Pro (အနက်ရောင်နှင့် ငွေရောင်)တို့အား မြန်မာကျပ် ၂,၈၉၉,၀၀၀ နှင့် Mate 50 Pro (Kunlun Glass version, လိမ္မော်ရောင်) အား မြန်မာကျပ် ၃,၃၉၉,၀၀၀ တို့ဖြင့်  ဒီဇင်ဘာလ (၁) ရက်နေ့မှ စတင်ဝယ်ယူနိုင်မည်ဖြစ်ကြောင်းသိရသည်။