ထူးခြားဆန်းသစ်သောဒီဇိုင်း၊ သင့်တင့်မျှတသောစျေးနှုန်းနှင့် နောက်ဆုံးပေါ် Samsung Galaxy A04e စမတ်ဖုန်း

ထူးခြားဆန်းသစ်​​သောဒီဇိုင်း၊ သင့်တင့်မျှတသော​စျေးနှုန်းနှင့် နောက်ဆုံး​ပေါ် ​ Samsung Galaxy A04e စမတ်ဖုန်းများအား နိုဝင်ဘာလ ၂၂ ရက်​နေ့မှ စတင်ကာ မြန်မာနိုင်ငံ ​စျေးကွက်တွင် ဝယ်ယူနိုင်ပြီဖြစ်သည်။

အဆင့်မြှင့်တင်ထားသော လုပ်​ဆောင်ချက်များနှင့် ဖန်တီးထုတ်လုပ်ထား​သော Galaxy A04e စမတ်ဖုန်းတွင် နေ့စဥ် လုပ်​ဆောင်ချက်များအား ပိုမို​အဆင်​ပြေချော​မွေ့​စွာ ဆောင်ရွက်နိုင်စေရန် ကူညီပံ့ပိုးပေးနိုင်မည့် Android 12 version နှင့် Octa Core (2.3 GHz, 1.8 GHz) processor ​အပြင် စွမ်းအင်ချွေတာမှုစနစ်ပါဝင်​​သော 5,000 mAh ဘက်ထရီ​ ကိုလည်း ထည့်သွင်းပေးထားသည့်အတွက် အသုံးပြုသူများ၏ ​နေ့စဥ်ဘဝသုံးစွဲမှုများတွင် စိတ်ပူပန်စရာမရှိပဲ အသုံးပြုသွား နိုင်မည်ဖြစ်သည်။ 

Photo Source Samsung Myanmar

စမတ်ဖုန်း၏ ကြီးမားကျယ်ပြန့်‌သော ၆.၅ လက်မ HD+ PLS LCD မျက်နှာပြင်သည်လည်း ပိုမိုစွဲမက်ဖွယ်​ကောင်း​သောအ​ရောင်များဖြင့် ကြည်လင်ပြတ်သား​သော ကြည့်ရှုခံစားမှု အ​တွေ့အကြုံများကို​ အသုံးပြုသူများထံသို့ ပေးစွမ်းသွားနိုင်မည် ဖြစ်သည်။ ကင်မရာပိုင်းဆိုင်ရာတွင်လည်း ​ခေတ်မှီလုပ်​ဆောင်ချက်များပါဝင်​သော ကျောဖက်ကင်မရာ ၂ လုံး (13MP Main နှင့် 2MP Depth) နှင့် 5MP ရှေ့ကင်မရာများ ပါရှိသည့်အတွက် အသုံးပြုသူများ၏ ​နေ့စဥ်ဘဝအခိုက်အတန့်တိုင်းတွင် အရည်အ​သွေးမြင့် ရုပ်ပုံများနှင့် ဗီဒီယိုများကို ရိုက်ကူးသွားနိုင်မည် ဖြစ်သည်။

“ကျွန်တော်တို့ Samsung အနေနဲ့ အသုံးပြုသူတိုင်းအတွက် အ​ကောင်းဆုံး စမတ်ဖုန်းအ​တွေ့အကြုံ​ကောင်း​တွေကို ပေးစွမ်းနိုင်ဖို့ သာမက အသုံးပြုသူ အချင်းချင်း ပိုမိုအဆင်​ပြေလွယ်ကူစွာ ချိတ်ဆက်နိုင်​​စေမယ့် ထုတ်ကုန်တွေကို ဆက်လက်ဖန်တီးထုတ်လုပ်သွားဖို့ အစဉ်မပြတ် အားသွန်ခွန်စိုက် ကြိုးပမ်းလျက် ရှိပါတယ်။ အဲ့ဒါ​ကြောင့်လည်း အသုံးပြုသူ​တွေရဲ့​နေ့စဥ်လုပ်ငန်း​ဆောင်တာ​တွေကို အကောင်းဆုံး ကူညီပံ့ပို့း​ပေးသွားနိုင်ဖို့အတွက် နောက်ဆုံးပေါ် Galaxy A04e စမတ်ဖုန်းကို သင့်တင့်မျှတတဲ့ ​စျေးနှုန်းနဲ့ မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။” ဟု Samsung Myanmar ၏ Managing Director ဖြစ်သူ Mr.Harrrison Song က ပြောကြားခဲ့သည်။ 

Photo Source Samsung Myanmar

ဖန်သားကဲ့သို့​တောက်​ပြောင်​သော​ကျောဘက်မျက်နှာပြင်နှင့် ဆန်းသစ်​သော အ​ရောင်တို့​​ကို​ပေါင်းစပ်ထားသည့် ရင်သပ်ရှုမောဖွယ် ဒီဇိုင်းကျနလှပလှသည့် Galaxy A04e (3GB RAM / 32GB ROM) စမတ်ဖုန်းအား Black၊ Copper နှင့် Light Blue စသည့် နှစ်လိုဖွယ်အရောင်များဖြင့် ရရှိသွားနိုင်မည် ဖြစ်ကာ မြန်မာနိုင်ငံတစ်ဝန်းရှိ Samsung အရောင်းပြခန်းများနှင့် တရားဝင်အရောင်းကိုယ်စားလှယ်ဆိုင်များတွင် သင့်တင့်မျှတသော ဈေးနှုန်းဖြစ်သည့် မြန်မာငွေကျပ် ၃၁၉,၀၀၀ ကျပ်နှင့် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။

Galaxy A04e အားအစောဆုံး ဝယ်ယူအားပေးကြသူများကိုလည်း Samsung Myanmar မှ မေတ္တာလက်ဆောင်များ ပေးအပ်သွားမည်ဖြစ်သည်။ Samsung Care+ အစီအစဉ်တစ်ခုဖြစ်သည့် No Worry Crack ဝန်ဆောင်မှုကိုလည်း Galaxy A04e စမတ်ဖုန်းအား ဝယ်ယူပြီးသည့်နေ့မှစတင်ကာ ၆ လအတွင်း ခံစားသွားနိုင်မည် ဖြစ်ကာ မည်သို့သောအကြောင်းကြောင့်ဖြစ်စေ အရှေ့မျက်နှာပြင် မတော်တဆ အက်ကွဲမှု တစ်ကြိမ်အတွက် ပစ္စည်းဖိုးနှင့်လက်ခ ၅၀ ရာခိုင်နှုန်း သက်သာခွင့်ကိုလည်း ခံစားသွားနိုင် မည်ဖြစ်သည်။