Huawei မှ ခေတ်မှီ နည်းပညာများဖြင့် ထုတ်လုပ်ထားသည့်နောက်ဆုံးပေါ် HUAWEI MateBook D14 အားမိတ်ဆက်

Huawei မှ ခေတ်မှီ နည်းပညာများပါဝင်သည့် အထူးပေါ့ပါးပြီး လိုင်းစွဲအားကောင်းမွန်သည့် နောက်ဆုံးပေါ် HUAWEI MateBook D14 အားမိတ်ဆက်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။

Huawei Consumer Business Group (BG) သည် HUAWEI MateBook D14 အသစ်ကို ယနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ 12th Gen Intel® Core™ ပရိုဆက်ဆာအသစ်သည် စွမ်းဆောင်ရည်ကို သိသာထင်ရှားစွာ မြှင့်တင်ပေးသည့်အပြင် Huawei သမိုင်းတွင် လိုင်းစွဲအားအကောင်းဆုံး Metaline Wi-Fi အင်တင်နာနှင့် စမတ်ကွန်ဖရင့်အင်္ဂါရပ်များ စုံလင်စွာထည့်သွင်းပေးထားသောကြောင့်  သုံးစွဲသူများအနေဖြင့်  ပိုမိုကောင်းမွန်သော လုပ်ငန်းဆောင်တာများကို အကန့်အသတ်မဲ့ထိရောက်စွာကိုင်တွယ်ပြုလုပ်နိုင်ပါသည်။ မျိုးဆက်သစ် HUAWEI MateBook D14 သည် အသုံးပြုသူတိုင်းအတွက် အချိန်မရွေးလွယ်ကူစွာ အလုပ်လုပ်နိုင်ခြင်း သို့မဟုတ် မာလ်တီမီဒီယာ ဖျော်ဖြေရေးများကြည့်ရှုခြင်းများတွင် လူငယ်များ၏ လိုအပ်ချက်အဆင့်တိုင်းအတွက် စွမ်းဆောင်ရည်မြင့်မားစွာြဖင့် ဖြည့်ဆည်းပေးပါသည်။

ပါးလွှာပြီး ပေါ့ပါးသော၊ HUAWEI MateBook D14 ကို Intel ပရိုဆက်ဆာအသစ်များဖြင့် အဆင့်မြှင့်တင်ထားရုံသာမက ရှုပ်ထွေးသောအလုပ်များစွာကို လွယ်ကူစွာကိုင်တွယ်နိုင်စေမည့် Intel® UHD Graphics အသစ်ဖြင့်လည်း မှတ်သားထားနိုင်ပါပြီ။ HUAWEI MateBook D14 သည် Super Device၊ အဆင့်မြှင့်ထားသော PC Manager နှင့် Personal Voice Enhancement နည်းပညာအသစ်များကဲ့သို့သော ဆန်းသစ်သောနည်းပညာများပါဝင်သည့်အတွက် ထုတ်ကုန်တစ်ခုမျှသာမဟုတ်ဘဲ နေ့စဉ်လုပ်ငန်း ဆောင်တာများကို အဆင်ပြေစွာပြုလုပ်ပေးနိုင်သည့် လူငယ်များအတွက် မရှိမဖြစ်လပ်တော့ပ်ဖြစ်သည်။

Image: HUAWEI

More Power to the People: Improved Speed and Performance

HUAWEI MateBook D14 သည် ပေါ့ပါးပြီး ပါးလွှာသော လက်ပ်တော့တစ်လုံးအတွက်ပါဝင်ရမည့် စွဲမက်ဖွယ်ပါဝါပမာဏဖြင့် အပြည့်အ၀ဖန်တီးထုတ်လုပ်ထားပါသည်။ ၎င်းတွင် 12th မျိုးဆက် Intel® Core™ i3-1215U ပရိုဆက်ဆာကို တပ်ဆင်ထားပြီး၊ Intel® ၏ 10nm SuperFin ၊ 12 cores နှင့် 16 threads ပါရှိသောကြောင့်  application scenarios များစွာကိုချောမွေ့စွာ အသုံးပြုနိုင်ရန် ကူညီပေးပါသည်။ Intel UHD ဂရပ်ဖစ်ကတ်ဖြင့် တပ်ဆင်ထားပြီး၊ CPU အများဆုံး လည်ပတ်သည့် အရေအတွက်မှာ 64 ယူနစ်ဖြစ်ပြီး ထူးခြားသည့် ဂရပ်ဖစ် စွမ်းဆောင်ရည်လည်း ပါဝင်ပါသည်။

အသုံးပြုသူများ၏ မတူညီသောသီးခြားအသုံးပြုမှုအခြေအနေအလိုက် မတူညီသောပရိုဆက်ဆာလိုအပ်ချက်များကိုဖြည့်ဆည်းရန် HUAWEI MateBook D14 တွင် ရွေးချယ်စရာမုဒ်နှစ်ခုပါရှိသည်။ Standard Mode သည် အသုံးပြုသူများအတွက် နေ့စဉ် ရုံးအလုပ်များကို ချောမွေ့စွာပြုလုပ်နိုင်ရန် ဒီဇိုင်းထုတ်ထားပြီး Performance Mode သည် အခြားသော ပရော်ဖက်ရှင်နယ် ဆော့ဖ်ဝဲလ်များကို လုပ်ဆောင်ရန်အတွက် သင့်လျော်ပါသည်။ Performance Mode သည်  သုံးစွဲသူများအနေဖြင့် မြင့်မားသောစွမ်းဆောင်ရည်လိုအပ်သည့် ဆော့ဖ်ဝဲများကို ပိုမိုချောမွေ့စွာအသုံးပြုနိုင်ရန်အတွက် ပရိုဆက်ဆာအား အားဖြည့်ပေးနိုင် တာကြောင့် အသုံးပြုနေစဉ်မှာ စက် လေးလံသွားခြင်းများကို လျှော့ချပေးနိုင်တာကြောင့် အရေးပေါ်အလုပ်များနှင့် ပရောဂျက်အချိန် ဇယားများအားလုံးကို နောက်မကျစေဘဲ အချိန်မီပြီးစီးနိုင်ပါသည်။

Image: HUAWEI

Experience Better Wi-Fi Connectivity and Strength

ဆက်သွယ်ရေးစက်မှုလုပ်ငန်းတွင် ထိပ်တန်းဦးဆောင်သူတစ်ဦးအနေဖြင့် Huawei သည် ၎င်း၏ဆန်းသစ်တီထွင်မှုများကို ပိုမိုကောင်း သထက်ကောင်းမွန်စေရန် အဆက်မပြတ်တွန်းအားပေးလျက်ရှိသည်။ ယခုတစ်ကြိမ်တွင် HUAWEI MateBook D14 သည် HUAWEI Metaline အင်တင်နာဖြင့် အဆင့်မြှင့်ထားသော Wi-Fi အတွေ့အကြုံကို ယူဆောင်လာပါသည်။ နှစ်ပေါင်းများစွာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုမှ ပေါက်ဖွားလာသော HUAWEI Metaline အင်တင်နာကို ပိုမိုကောင်းမွန်အောင် သုံးလွှာကာကွယ်မှုစနစ်ဖြင့် တည်ဆောက်ထားသည့်အတွက် ရလဒ်အနေဖြင့်  270 မီတာအထိ အလွန်ရှည်လျားသော အကွာအဝေး ရောက်နေသည့်တိုင် ဝိုင်ဖိုင် ဆက်သွယ်မှုရရှိနိုင်ပါသည်။

 

Image: HUAWEI

Outstanding Views, Comfort to the Eyes

HUAWEI MateBook D14 အသစ်တွင် ၁၄ လက်မ 1080p Full HD IPS anti-glare မျက်နှာပြင်ပါရှိသည်။ ၎င်းသည် ယခင်မျိုးဆက်များ၏ FullView ဒီဇိုင်းကို ဆက်လက်ထိန်းသိမ်းထားပြီး၊ မျက်နှာပြင်နှင့်-ကိုယ်ထည်အချိုး 90 ရာခိုင်နှုန်းနှင့် အလွန်ကောင်းမွန်သော ကြည့်ရှုမှုအတွေ့အကြုံကို ပေးစွမ်းနိုင်ပါသည်။ ၎င်းသည် TÜV Rheinland Low Blue Light နှင့် DC Dimming Flicker Free certifications တို့ကို ရရှိထားပြီး ကြာရှည်ကြည့်ရှုခြင်းကြောင့်ဖြစ်ပေါ်လာသော အမြင်အာရုံပင်ပန်းနွမ်းနယ်မှုကို သိပ္ပံနည်းကျ ထိရောက်စွာ သက်သာစေခြင်းဖြင့် မျက်လုံးကို အကာအကွယ်ပေးပါသည်။

Elevated Smart Conference Features: Personal Voice Enhancement

Online အစည်းအဝေးများနှင့် Mobile Workplace များသည်  ကုမ္ပဏီများအတွက် စံတစ်ခုဖြစ်လာသည်နှင့်အမျှ၊ HUAWEI MateBook D14 တွင်နေရာမရွေး အချိန်မရွေး ပိုမိုကောင်းမွန်သော ဆောင်ရွက်မှုများကို အဆင်ပြေချောမွေ့စေရန် စမတ်ကွန်ဖရင့်အင်္ဂါရပ်များ ထည့်သွင်းပေးထားပါသည်။ အဆင့်မြှင့်ထားသော Personal Voice Enhancement လုပ်ဆောင်ချက်ကလည်း  ပတ်ဝန်းကျင် ဆူညံသံများကိုလျှော့ချပေးပြီး အသုံးပြုသူ၏အသံကို မြှင့်တင်ခြင်းဖြင့် ကြည်လင်သော အသံကိုပေးစွမ်းနိုင်ပါသည်။ ၎င်းလုပ်ဆောင် ချက်သည် AI နည်းပညာဖြင့် စပီကာ၏စစ်မှန်သော အသံထွက်ကို ထွက်ပေါ်လာစေရန် လုပ်ဆောင်ပေးပါသည်။ လုပ်ဆောင်ချက်သည် ကြိုးမဲ့နှင့် Type-C နားကြပ်များအတွက် ပံ့ပိုးပေးပါသည်။

 

Image: HUAWEI

Super Device: Multi-Device Collaboration

HUAWEI MateBook D14 တွင် သုံးစွဲသူများအထူးအဆင်ပြေစေရန် မိမိလက်ပ်တော့ကို အခြားစက်ပစ္စည်းများနှင့် ချိတ်ဆက်ရာတွင် ပိုမိုလွယ်ကူစေရန်အတွက် Super Device ကိုထည့်သွင်းပေးထားပါသည်။ Super Device ၏လျင်မြန်စွာ ဆွဲ၍ချိတ်ဆက်နိုင်သော လုပ်ဆောင်ချက်ကြောင့် သုံးစွဲသူများအား အထူးအဆင်ပြေစေပါသည် – အိုင်ကွန်များကို လွယ်ကူရိုးရှင်းစွာ ဆွဲယူခြင်းဖြင့် ချိတ်ဆက်မှုကို စတင်နိုင်သည်။

Super Device သည် ဖုန်းများ၊ တက်ဘလက်များ၊ မော်နီတာများ အပါအဝင် အခြား Huawei ထုတ်ကုန်များနှင့် PC အကြား ချောမွေ့စွာ ပူးပေါင်းလုပ်ဆောင်ရန် ပိုမိုလွယ်ကူသောနည်းလမ်းများကို ယူဆောင်လာပေးပါသည်။ သုံးစွဲသူများအနေဖြင့် ကိုယ်ချိတ်ဆက်လိုသည့် Device များဖြင့်အလွယ်တကူချိတ်ဆက်ပြီး ၎င်း Devices များထဲရှိ Data များအား ကိုယ့်ရဲ့ PC မှ တစ်ဆင့် ထိန်းချုပ်နိုင်မည်ဖြစ်ပါသည်။

Smart-search လုပ်ဆောင်ချက်သည် သုံးစွဲသူများအား ၎င်းတို့၏ PCs၊ တက်ဘလက်များ၊ စမတ်ဖုန်းများ စသည်တို့ရှိ ဖိုင်များကို ကြိုးမဲ့စနစ်ဖြင့် ဝင်ရောက်ကြည့်ရှုနိုင်စေပါသည်။ သို့မဟုတ် ကိုယ့်ရဲ့အလုပ်နှင့်ပတ်သက်သည့်အရာတွေကို ပြန်လည်ဆန်းစစ် တာပဲဖြစ်ဖြစ်၊ ဖိုင်များ၊ စာရွက်စာတမ်းများနှင့် ပုံများကို Device တစ်ခုနှင့်တစ်ခုကြား လွှဲပြောင်းရယူလိုသူများအတွက် အလွယ်တကူ စွဲယူထည့်သွင်း နိုင်စေသည့်လုပ်ဆောင်ချက်အပြင် Multi screen အနေဖြင့်  windows သုံးခုအထိ အသုံးပြုနိုင်မှာဖြစ်ပါသည်။