ဖက်ရှင်ကျရုံသာမက Healthy Lifestyle ကိုပါ အထောက်အပံ့ပေးသည့် နောက်ဆုံးပေါ် ပရီမီယမ်စမတ်နာရီ HUAWEI WATCH GT4 အား မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီ

Huawei Consumer Business Group (CBG) သည် ဒီဇိုင်းလှပပြီး ကျန်းမာကြံ့ခိုင်ရေးနှင့် အကောင်းဆုံးချိတ်ဆက်နိုင်မှု Feature များပါဝင်သည့် Huawei ၏ နောက်ဆုံးပေါ် ပရီမီယမ်ဖက်ရှင် စမတ်နာရီဖြစ်သည့် HUAWEI WATCH GT 4 အား 46mm နှင့် 41mm   ဟူ၍ ကြိုးအရွယ်အစား ၂ မျိုးဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်။ HUAWEI WATCH GT4 သည် သာမာန် GT Series ဒီဇိုင်းများမှကွဲထွက်ကာ ဖက်ရှင်ပိုင်းတွင်ပိုမိုအသားပေးထားပြီး အရင်ထွက်ရှိခဲ့သည့် GT Series များ၏ မော်ဒန်အလှတရားများကိုဆက်လက်ထိန်းသိမ်းထားသလိုဆန်းသစ်တီထွင်ထားသော ဇိုင်းများအားမိတ်ဆက်ထားသည်။

Image: Huawei

HUAWEI WATCH GT 4 ၏ အကောင်းဆုံး Feature ထဲမှတစ်ခုမှာ ကြာရှည်ခံသည့် ဘက်ထရီသက်တမ်းရှိခြင်းဖြစ်ပြီး HUAWEI WATCH GT 4 46mm ၏ ဘက်ထရီသည် ၁၄ ရက်အသုံးခံပြီး 41mm သည် ၇ ရက်အသုံးခံသည့်အတွက် မကြာခဏ အားသွင်းစရာမလိုဘဲ အလုပ်ရှုပ်သည့်သူများအတွက် လိုအပ်သည့်အချိန်တိုင်းတွင် အဆင့်သင့်ဖြစ်နေမည် ဖြစ်သည်။

HUAWEI WATCH GT 4 series သည် iOS နှင့် Android နှစ်မျိုးလုံးဖြင့် အဆင်ပြေချောမွေ့စွာချိတ်နိုင်ပြီး ကြိုက်နှစ်သက်ရာ Ecosystem အားရွေးချယ်၍ လိုက်လျောညီထွေစွာအသုံးပြုနိုင်သည်။ ကိုယ်ရေးကိုယ်တာ အချက်အလက်များမှာလည်း လုံခြုံစိတ်ချရပြီး နောက်ဆုံးပေါ်နည်းပညာများအား စိတ်ချလက်ချ အသုံးနိုင်မည်ဖြစ်သည်။

HUAWEI WATCH GT 4 သည် ဖက်ရှင်အတွက် ဝတ်ဆင်နိုင်ရုံသာမက ကျန်းမာရေးနှင့် ပတ်သက်သည့် အချက်အလက်များကို လေ့လာစောင့်ကြည့်ရာတွင်လည်း အသုံးပြုနိုင်သည်။ အဆင့်မြင့်တင်ထားသော TruSeenTM 5.5+ feature သည် အပူချိန်နိမ့်သည့် ပတ်ဝန်းကျင် (သို့မဟုတ်) ပြင်းထန်သော လေ့ကျင့်ခန်းများ (ဥပမာ-ပြေးခြင်း၊ ကြိုးခုန်ခြင်း) တို့ပြုလုပ်နေစဉ်တွင်ပင် နှလုံးကျန်းမာရေးနှင့်ပတ်သက်၍ တိကျသော အချက်အလက်များရရှိစေပါသည်။

Image: Huawei

ထို့ပြင် HUAWEI WATCH GT 4 series တွင် ညအိပ်နေစဉ်အတွင်း နှလုံးခုန်နှုန်းနှင့် သွေးတွင်းအောက်ဆီဂျင် ပြောင်းလဲမှုစသည့် ခန္ဓာကိုယ်တွင်းပြောင်းလဲမှုများနှင့် အိပ်စက်မှုအား အနှောက်အယှက်ပေးသည့်ပြင်ပအရာများကို သိရှိစေနိုင်သည့် ပထမဆုံး  Sleep Breathing Awareness Feature ကိုထည့်သွင်းမိတ်ဆက်ထားသည်။ TruSeenTM 5.5+ နှင့် TruSleep™ 3.0 features တို့ပေါင်းစပ်ပြီး အိပ်ချိန်စက်ဝန်းကို ပိုမိုနားလည်စေရန်နှင့် အိပ်စက်ခြင်းအလေ့အထများကို ချိန်ညှိနိုင်စေရန်ကူညီပေးသည်။

HUAWEI WATCH GT 4 တွင် အမျိုးသမီးများ၏ ဓမ္မတာစက်ဝန်းအား ခန့်မှန်းနိုင်ရန် အိပ်နေစဉ် နှလုံးခုန်နှုန်း၊ ခန္ဓာကိုယ် အပူချိန်၊ အသက်ရှုနှုန်း နှင့် အခြားအချက်အလက်များကဲ့သို့ အသုံးပြုသူ၏ ခန္ဓာကိုယ်ရည်ညွှန်းချက်များအား အလိုအလျောက် ခွဲခြမ်းစိတ်ဖြာပြီးလေ့လာနိုင်သည့် Menstrual Cycle Management 3.0 အားလည်း ထပ်မံအဆင့်မြင့် ထည့်သွင်းထားသည်။

Image: Huawei

အားကစားစိတ်ပါဝင်စားသူများနှင့် ကျန်းမာသော လူနေမှုပုံစံသို့ကူးပြောင်းနေသူများအတွက် HUAWEI WATCH GT 4 မှ ရွေးချယ်စရာ အားကစားနည်းပေါင်း 100 ကျော်ကို  အချိန်နဲ့တပြေးညီ လမ်းညွှန်မှုများ၊ အဆင့်မြင့်တင်ထားသည့် Activity Rings နှင့် ပြေးခြင်း (သို့) တောင်တက်သည့်အခါများတွင် တိကျသော နေရာများပြသနိုင်သည့် GPS စသည်တို့ထည့်သွင်းကာ ထောက်ပံ့ပေးထားသည်။ HUAWEI WATCH GT4 သည် လေ့ကျင့်ခန်းအခြေအနေ တိုးတက်မှုအဆင့်ဆင့်ကို အသေးစိတ်ခြေရာခံသိရှိလိုသော Indoor နှင့် Outdoor ကစားသမားများအတွက် ရည်မှန်းချက်ကို အထောက်အပံ့ပေးရာတွင်  လိုအပ်သောစမတ်နာရီတစ်လုံးဖြစ်လာပါသည်။

HUAWEI WATCH GT 4 ကို 46mm နှင့် 41mm မျိုးအစားတို့ဖြင့်ရရှိနိုင်ပြီး 46mm ကြိုးများမှ Brown Leather Strap (အညိုရောင်)၊ Green Composite Strap (အစိမ်းရောင်)တို့အား မြန်မာကျပ် ၆၃၉,၀၀၀ ဖြင့်လည်းကောင်း၊ 46mm, Grey Stainless-Steel Strap (ငွေရောင်)ကြိုးအား မြန်မာကျပ် ၈၉၉,၀၀၀ ဖြင့်လည်းကောင်း၊ 41mm, White Leather Strap (အဖြူရောင်)အား မြန်မာကျပ် ၆၃၉,၀၀၀ ဖြင့်လည်းကောင်း အောက်တိုဘာလ (၁၄) ရက်နေ့မှစတင်၍ နီးစပ်ရာအရောင်းဆိုင်များတွင် ဝယ်ယူနိုင်ပြီဖြစ်ကြောင်း သိရသည်။