Huawei မှ ခေတ်မှီ X Button နှင့် 6000 mAh ဘက်ထရီပါဝင်သည့် နောက်ဆုံးပေါ် HUAWEI nova Y72 အားမိတ်ဆက်

Huawei မှ ခေတ်မှီ X Button ပါဝင်ပြီး ဘက်ထရီအားလျော့မှာ စိတ်ပူစရာမလိုတော့မည့် 6000 mAh ဘက်ထရီပါဝင်သည့် နောက်ဆုံးပေါ် HUAWEI nova Y72 အားမိတ်ဆက်ခဲ့သည်။

မတူကွဲပြားသော နှစ်သက်ရာများပေါ်မူတည်၍ ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်စေရန် HUAWEI nova Y72 အား အနက်နှင့် အစိမ်းဟူ၍ အရောင်နှစ်မျိုး ထုတ်လုပ်ထားပါသည်။ အရောင် ၂ မျိုးစလုံး၏ အနောက်ဘက်ကာဗာအား တလက်လက်တောက်ပနေသော စိန်ပွင့်လေးများကဲ့သို့ ဒီဇိုင်းထုတ်လုပ်ထားပြီး နူးညံ့သောအထိအတွေ့ကိုပေးစွမ်းကာ လက်ရာထင်ခြင်းမှလည်း ကာကွယ်ပေးသည်။

မျက်နှာပြင်အကျယ်မှာ 6.75 လက်မရှိပြီး screen-to-body ratio မှာ 90.26% ရှိသောကြောင့် မြင်ကွင်းကျယ် ကြည့်ရှုနိုင်စေသည်။ ထို့ပြင် ပတ်ဝန်းကျင်ကိုလိုက်၍ မျက်နှာပြင်အလင်းရောင်ထိန်းညှိပေးနိုင်သော Smooth Screen Dimming Control ထည့်သွင်းပေးထားပြီး နေ့ဘက်တွင် ပိုမိုမြင်နိုင်စေရန် မျက်နှာပြင်အလင်းရောင်အား အလိုအလျောက်တိုးမြင့်ပေးပြီး မှောင်သည့်ပတ်ဝန်းကျင်တွင်လည်း အလိုအလျောက် လျှော့ချပေးနိုင်သည်။ ထို့ကြောင့် မျက်လုံးထိခိုက်မှုအား  လျှော့ချပေးနိုင်ပြီး ဖုန်းအသုံးပြုရာတွင်လည်း သက်တောင့်သက်သာဖြစ်စေသည်။

Image: Huawei

Nova Y Series များ၏ အကောင်းဆုံး အမွေကို ဆက်ခံကာ HUAWEI nova Y72 တွင် အသုံးခံသည့် 6000 mAh ဘက်ထရီ ထည့်သွင်းပေးထားသည်။ အားအပြည့်သွင်းထားသည့်အခါ ၃၁ နာရီကြာ ဗီဒီယိုကြည့်ရှုခြင်း၊ နာရီ ၈၀ ကြာ သီချင်း နားထောင်ခြင်း၊ (သို့မဟုတ်) ၂၅ နာရီကြာ အင်တာနက်အသုံးပြုခြင်း စသည်တို့ကို ပြုလုပ်နိုင်ပါသည်။

ကြာရှည်စွာအသုံးခံသည့် ဘက်ထရီအပြင် HUAWEI nova Y72 တွင် 22.5W HUAWEI SuperCharge လည်းပါဝင်ပြီး AI Battery Saving နည်းပညာ၊ Intelligent Charging Management ကဲ့သို့ စမတ်အားသွင်းသည့် နည်းပညာများ ထည့်သွင်းထားသည့်အတွက် ဘက်ထရီအားပိုမိုခံစေပါသည်။

HUAWEI nova Y72 ၏ အားသွင်းမြန်ဆန်ပြီး ကြာရှည်ခံသောဘက်ထရီမှ သုံးစွဲသူများအတွက် အဆင်ပြေချောမွေ့စေပြီး 128GB သိုလှောင်နိုင်စွမ်းမှလည်း သီချင်းများ၊ ပုံများ၊ ဗီဒီယိုများနှင့် ဂိမ်းများကိုလည်း စိတ်တိုင်းကျ သိမ်းဆည်း ထားနိုင်ပါသည်။

အသစ်ထည့်သွင်းထားသည့် X Button မှ အမြဲအသုံးပြုနေသော Apps များအားဝင်ရောက်သည့်အခါ ပိုမိုလွယ်ကူသွားစေပါသည်။ flashlight, calculator, voice recorder, quick menu စသည်တို့အား ခလုတ်တစ်ချက်နှိပ်ရုံဖြင့် အသုံးပြုနိုင်သည့်အတွက် ပိုမိုကောင်းမွန်ပြီး လွယ်ကူစွာ အသုံးပြုနိုင်မည်ဖြစ်သည်။

Quick menu တွင်ပါဝင်သော Double Click နှင့် Long Press Features ဖြင့် နေ့စဉ်ဘဝတွင်အသုံးပြုနေကျ apps များကို Customize ချိတ်ဆက်ပြီး အသုံးပြုနိုင်ဖို့ကိုလည်း X Button မှပြုလုပ်ပေးနိုင်သည်။ ဤလုပ်ဆောင်ချက်သည် သုံးစွဲသူများအား ဖုန်းများခေါ်ဆိုရန်၊ ငွေပေးချေမှုကုဒ်များနှင့် အခြားအရာများအပါအဝင် ၎င်းတို့၏နေ့စဉ်ဘဝတွင် အသုံးများသော အက်ပ်များကို အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်စေပါသည်။ အသုံးပြုသူများအနေနဲ့လည်း အလွယ်တကူ ကလစ်တစ်ချက်နှိပ်ဝင်ရောက်ခြင်းဖြင့်  လျော့နည်းသွားသော လုပ်ငန်းဆောင်ရွက်မှုဆိုင်ရာ ရှုပ်ထွေးမှုများကို ခံစားနိုင်ပြီး ပိုမိုအဆင်ပြေမှုကို မြှင့်တင်ပေးပါသည်။

HUAWEI nova Y72 မှာ အရည်သွေးကောင်းမွန်သော 50MP ကင်မရာစနစ်နှင့် Macro Camera စနစ်များကိုလည်း ထည့်သွင်းပေးထားသည်။ Main camera ကိုလည်း F1.8 large aperture စနစ်ပါဝင်စေတာကြောင့် အလင်းအမှောင် ညီမျှလှပစွာဖြင့် ရုပ်ထွက်ကောင်းမွန်သော ပုံရိပ်များကို ဖန်တီးနိုင်စေသည်။

4-in-1 pixel binning နည်းပညာ တစ်နည်းအားဖြင့် 1.4um ဆင်ဆာကလည်း ဆူညံသံများကို လျှော့ချပေးပြီး အလင်းနှင့် မှောင်သောဧရိယာများကို တောက်ပစွာအသေးစိတ်ပြသပေးနိုင်ပါသည်။ Macro Lens သည် အသုံးပြုသူများအား ပတ်ဝန်းကျင်တွင် မမြင်နိုင်သော သေးငယ်သော အရာများကိုပါ အံ့အောဖွယ်ရာ ဖမ်းယူနိုင်စေပါသည်။

8-megapixel ရှေ့ကင်မရာသည် လှပမှုကိုပံ့ပိုးပေးကာ အရေပြားအရောင်ကိုအခြေခံ၍ ချောမွေ့စေခြင်း၊ ဖြူဝင်းလာစေခြင်း၊ မျက်နှာကိုပိန်စေခြင်းနှင့် ဝက်ခြံများကို ဖယ်ရှားခြင်းကဲ့သို့သော ပိုမိုကောင်းမွန်သော အကျိုးသက်ရောက်မှုများကို လုပ်ဆောင်ပေးပါသည်။ ၎င်းသည် အသုံးပြုသူများအား ကင်မရာတွင် အပြစ်အနာအဆာကင်းသောအသွင်အပြင်ကို ဖန်တီးစေနိုင်ပြီး သာလွန်ကောင်းမွန်သော ဆယ်လ်ဖီများကို ရိုက်ကူးနိုင်မည် ဖြစ်သည်။ Super Night Mode နှင့် AI Snapshot ကဲ့သို့သော အခြားဓာတ်ပုံရိုက်မုဒ်များသည် သုံးစွဲသူများအား ရင်သပ်ရှုမောဖွယ် ဓာတ်ပုံများမှတစ်ဆင့် အံ့မခန်းအခိုက်အတန့်များကို ပေးစွမ်းနိုင်ပါသည်။