သုံးစွဲမှု အတွေ့အကြုံသစ်ရရှိစေမည့် 5G smartphone line-up အသစ် HUAWEI nova 7 ကို မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်တော့မည်

Huawei Device Myanmar မှ ယနေ့တွင် သေသပ်လှပသည့် ဒီဇိုင်းပိုင်းနှင့် စွမ်းဆောင်ရည်မြင့်မားပြီး တိုးတက် ပြောင်းလဲလာမည့် ခေတ်နှင့်အညီ အနာဂတ်တွင်ပါ အရံသင့်အသုံးပြုနိုင်မည့် 5G အမျိုးအစား စမတ်ဖုန်း သစ်ဖြစ်သော HUAWEI nova 7 ကို မြန်မာနိုင်ငံတွင် ဖြန့်ချီရောင်းချတော့မည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေငြာခဲ့ပြီးဖြစ်ကြောင်း သိရသည်။
HUAWEI nova 7 သည် 5G ဖုန်းအမျိုးအစားဖြစ်ပြီး RAM 8GB + 256 GB Storage ဖြင့် ရရှိနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်မြင့်မားစွာ အသုံးပြုနိုင်စေရန် Flagship level SOC အမျိုးအစားဖြစ်သည့် Kirin 985 5G (7nm အရွယ်အစားရှိ) Chipset ကို အသုံးပြုထားပြီး ဂိမ်းနှင့်နေ့စဉ်ဖုန်းအသုံးပြုမှုများအတွက် အဆင်ပြေချောမွေ့စွာ အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ OLED HUAWEI Punch FullView Display ကို မျက်နှာပြင်တွင်အသုံးပြုထားပြီး ကင်မရာပိုင်းအတွက် 64MP AI quad-camera ကိုတပ်ဆင်ပေးထားပြီး ဓာတ်ပုံနှင့် ဗီဒီယို ရိုက်ကူးမှုအပိုင်းတွင် ထူးကဲသာလွန်သည့် စွမ်းဆောင်ရည်ကို ရရှိစေမှာလည်းဖြစ်ပါသည်။ အဆိုပါ HUAWEI nova 7 5G စမတ်ဖုန်း အမျိုးအစားကို Space Silver (ငွေရောင်) နှင့် Midsummer Purple (ခရမ်းရောင်) တို့ဖြင့် မြန်မာနိုင်ငံတွင် ဝယ်ယူရရှိနိုင်မှာဖြစ်သည်။ တန်ဖိုးအားဖြင့် မြန်မာငွေ ၆၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာလ (၃၀) ရက်နေ့အထိ Pre-Order မှာယူသူများအတွက် HUAWEI မှ အသစ်ထုတ်လုပ်ထားသည့် Smartwatch အမျိုးအစားသစ်ဖြစ်သည့် HUAWEI WATCH FIT ကိုပါ Pre-Order လက်ဆောင်အဖြစ် ရရှိနိုင်ဦးမှာဖြစ်သည်။
HUAWEI nova 7 5G ဖုန်းအမျိုးအစားသစ်သည် ၆.၅၃ လက်မအရွယ်ရှိပြီး ၂၀:၉ အထိ မြင်ကွင်းရရှိစေမည့် OLED HUAWEI Punch FullView Display မျက်နှာပြင်အမျိုး အစား Display ကို အသုံးပြုထားပြီး အမြင့်ဆုံး 2400×1080 Resolution ကို Full HD+ အရည်အသွေးအထိရရှိစေမှာပဲဖြစ်သည်။ OLED display အမျိူးအစား ကိုအသုံးပြုထားခြင်းကြောင့် AOD (always on Display), Dark Mode နှင့် in-screen fingerprint unlock (မျက်နှာပြင် လက်ဗွေစနစ်) စသည်တို့ကိုပါ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI nova 7 5G တွင် AI quad-camera system ဖြင့်ပွဲထွက်လာခဲ့ပြီး အဓိက main camera အဖြစ် 64MP lens ကို အသုံးပြုထားပြီး 8MP Ultra-Wide Angle Lens ၊ 8MP Telephoto Lens နှင့် 2MP Macro Lens တို့ပါဝင်လာပြီး အဆိုပါ AI quad-camera အတွဲအဖက်ဟာ အနေအထားမျိုးစုံ ရှုထောင့်မျိုးစုံအတွက် ပုံရိပ်ကောင်းများကို ဖန်တီးစေနိုင်မှာပဲဖြစ်သည်။
Main Camera ပိုင်းအတွက် Flagship အမျိုးအစားတစ်ခုဖြစ်သည့် HUAWEI P40 Pro တွင် စတင်မိတ်ဆက်ပေးခဲ့သည့် 4-in-1 pixel binning နည်းပညာကို အသုံးပြုထားသည့်အတွက် အဓိကပင်မကင်မရာအတွက် အလင်းရောင် ဝင်ရောက်မှုပိုမိုကောင်းမွန်စေပြီး ပိုမိုအသေးစိပ်ကျသည့် ပုံရိုက်များကို ရိုက်ကူးနိုင်မှာ ဖြစ်သည့်အပြင် Huawei ၏ နာမည်ကျော် Super Night Mode ဖြင့်လည်း ညအမှောင်တွင် အမိုက်စား ပုံရိပ်များကို ဖန်တီးနိုင်ဦးမှာဖြစ်ပါသည်။ 8MP Telephoto Lens ကလည်း 5x hybrid zoom နှင့် 20x digital zoom အဓိကောင်းမွန်စွာ အနီးကပ်ပုံရိပ်များကို ရိုက်ကူးနိုင်စေမှာဖြစ်ပြီး အဆင့်မြှင့်တင်ထားသည့် AI Image Stabilisation (AIS) ကလည်း Zoom ဆွဲရိုက်ကူးမှုနှင့် 4K video ရိုက်ကူးမှုများတွင် ပိုမိုတည်ငြိမ်စွာ ရိုက်ကူးနိုင်စေမှာလည်း ဖြစ်ပါသည်။ Selfie ကင်မရာအတွက် 32MP (f/2.0 wide aperture lens) ကင်မရာအမျိုးအစားကို အသုံးပြုထားပြီး အရှေ့ ဆယ်ဖီကင်မရာဖြင့် 4K (30fps) ဗီဒီယိုများ ကိုရိုက်ကူးနိုင်မည်ဖြစ်သည့်အတွက် vlog ဆန်ဆန်ရိုက်ကူးတတ်သူများအတွက် အကြိုက်တွေ့စေမည့် feature တစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် အလင်းရောင်နည်းပါးသည့် ညအချိန်တွင် Selfie ရိုက်ကူးမှုများအတွက်လည်း Super Night Selfie 3.0 ဖြင့်အားဖြည့်ထားပြီး Noise နည်းပါးပြီး Skin Tone နှင့် Texture များ ပိုမိုညက်ညောပြီး ရောင်ပြန်ဟပ်မှုများကိုပါ နည်းပါးစေပြီး ညဘက် Selfie ပုံရိပ်ကောင်းများကို ရရှိစေနိုင်မည်ဖြစ်သည်။
HUAWEI nova 7 5G တွင် HUAWEI ၏ ကိုယ်ပိုင် Kirin Chipset များအနက်မှ 5G ကိုအထောက်အပံ့ပေးထားသော Chipset ဖြစ်သည့် Kirin 985 5G အမျိုးအစားဖြစ်ပြီး 5G modern ကိုတစ်ပါတည်းဆပ်ဆင်ထားသော 7nm အရွယ်အစား Processor အမျိုးအစားဖြစ်ပါသည်။ 5G modern ကို တစ်ပါတည်းတပ်ဆင်ထားသောကြောင့် Processor နှင့် Modern ကိုသီးခြားခွဲပြီး တပ်ဆင်ထားသော အခြားChipset များထပ် အပူထုတ်လွှတ်မှုပိုမိုနည်းပါးစေမည် ဖြစ်သည့်အပြင် စွမ်းအင်သုံးစွဲမှုအပိုင်းတွင်လည်း ပိုမိုကောင်းမွန်စွာ ထိန်းချုပ်လုပ်ဆောင်နိုင်စွမ်းလည်း ရှိပါသည်။ နေ့စဉ်ဖုန်းသုံးစွဲမှုအပိုင်းနှင့် အနာဂတ် 5G နည်းပညာရရှိချိန်တွင် ပိုမိုကောင်းမွန်သည့် နေ့စဉ်ဖုန်းသုံးစွဲမှု အတွေ့အကြုံကောင်းများကို ရရှိပေးစွမ်းစေနိုင်မှာဖြစ်သည်။

Photo Source https://web.facebook.com/HuaweimobileMM/

HUAWEI nova 7 5G ကို Pre-Order မှာယူသူများအတွက် အထူးအစီအစဉ် အနေနှင့် Huawei မှ ပြီးခဲ့သည့် စက်တင်ဘာလလယ် HUAWEI Developer Conference (HDC 2020) တွင် စတင်မိတ်ဆက်ခဲ့သည့် HUAWEI WATCH FIT ကို Pre-Order လက်ဆောင်အဖြစ် ပေးအပ်သွားမည် ဖြစ်ကြောင်းလည်း သိရသည်။ HUAWEI WATCH FIT သည် Huawei ၏ ပထမဦးဆုံး လေးထောင့်စပ်ကိုယ်ထည်နှင့် Smart Sport Watch အမျိုးအစားဖြစ်ပြီး ပေါ့ပါးသွယ်လျသည့် အလေးချိန်နှင့်အတူ စတိုင်ကျလှပသည့်အသွင်အပြင်ကို ယူဆောင်လာမှာလည်းဖြစ်ပါသည်။ HUAWEI Watch GT Series ၏ နာမည်ကျော် ရေပန်းစားသည့် features တစ်ခုဖြစ်သည့် ဘက်ထရီသက်တမ်း ရှည်ကြာစွာဖြင့် တောက်လျှောက်သုံးစွဲနိုင်မှုကို ယခု HUAWEI WATCH FIT တွင်ပါ ရရှိနိုင်ပြီး ပုံမှန်အသုံးပြုမှုအတွက် အကြမ်းဖျင်းအားဖြင့် ၁၀ရက်တိတိ သုံးစွဲနိုင်မည်လည်းဖြစ်သည်။
၁.၆၄ လက်မအတွယ် AMOLED display အမျိူးအစားကို အသုံးပြုထားပြီး မက်ဆေ့အဝင်၊ ဖုန်းအဝင် သတိပေးချက်များ၊ Music Control၊ ဖုန်းကင်မရာကို ထိန်းချုပ်အသုံးပြုနိုင်မှု၊ ဖုန်းပျောက်နေလျင် ရှာဖွေနိုင်မည့် စနစ်၊ Alarm သတိပေးချက်၊ Calendar reminder စသည့် စမတ်နာရီတစ်ခုတွင် ရှိသင့်ရှိထိုက်သည့် feature များစုံလင်စွာပါရှိလာပြီး ကိုယ့်ကျန်းမားရေးအတွက် အထောက်အကူပြုစေမည့် အချက်အလက်များဖြစ်သည့် သွေးတွင်းအောက်စီဂျင်ပမာဏ (SpO2) တိုင်းတာနိုင်မှု၊ နှလုံးခုန်နှုန်းတိုင်းတာခြင်း၊ အိပ်ချိန်များကိုတွက်ချက်ပြီး ကိုယ့်ရဲ့အိပ်ချိန်များ၏ တန်ဖိုးကို တွက်ချက်ပေးနိုင်မှု (Sleep Qulaity)၊ ဖိအား (Stress Level) တိုင်းတာမှုအပြင်၊ အမျိုးသမီးများအတွက် ဓမ္မတာ (Menstrual cycle) များကိုပါမှတ်သားသိရှိနိုင်မည့် သိပ္ပံနည်းကျတွက်ချက်မှုများကိုပါ လုပ်ဆောင်ပေးနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် Animation များဖြင့် သရုပ်ပြပေးမည့် Fitness Course (သင်ခန်းစာ) များကို ကြည့်ရှုနိုင်ပြီး မိမိပါ အလွယ်တကူ လိုက်ပါလုပ်ဆောင်နိုင်စေမည်ဖြစ်သည်။
HUAWEI nova 7 ကို RAM 8GB + 256 GB Storage အမျိုးအစားဖြင့် ရရှိမှာဖြစ်ပြီး အရောင်အားဖြင့် Space Silver (ငွေရောင်) နှင့် Midsummer Purple (ခရမ်းရောင်) တို့ဖြင့်မြန်မာနိုင်ငံတွင်ဝယ်ယူရရှိနိုင်မှာဖြစ်သည်။ တန်ဖိုးအားဖြင့် မြန်မာငွေ ၆၉၉၀၀၀ ကျပ်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပြီး စက်တင်ဘာလ (၃၀) ရက်နေ့အထိ Pre-Order မှာယူသူများအတွက် စတိုင်ကျလှပပြီး ကိုယ့်ရဲ့ ကိုယ်ပိုင် Personal Trainer ကဲ့သို့အသုံးချနိုင်မည့် HUAWEI WATCH FIT ကိုပါ လက်ဆောင်ရရှိနိုင်ဦးမှာ ဖြစ်သည်။