OPPO မှ ၁၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားကို ကျင်းပ

OPPO သည် ၎င်း၏ ၁၆ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကို စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပခဲ့ပြီး ကုမ္ပဏီ၏ စဉ်ဆက်မပြတ် နည်းပညာဆန်းသစ်တီထွင်မှုနှင့် တိုးတက်မှုတို့အတွက် မှတ်တိုင်ထူခဲ့ပြီဖြစ်ကြောင်းသိရသည်။
လွန်ခဲ့သောနှစ်အနည်း ငယ်အတွင်း OPPO သည် ဖုန်းထုတ်လုပ်သူအဆင့်မှ စမတ်နည်းပညာ ထုတ်ကုန်များ တီထွင်ထုတ်လုပ်သူအဖြစ် တိုးတက်ပြောင်းလဲ လာခဲ့သည်။ OPPO သည် ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာခြေလှမ်းများကို တိုးချဲ့လျက်ရှိပြီး ၎င်း၏ မိတ်ဖက်များနှင့် သုံးစွဲသူများအတွက် အရည်အသွေးမြင့်မား၍ ကျွမ်းကျင်လှပစွာ ဖန်တီးပြုလုပ်ထားသော နည်းပညာထုတ် ကုန်များနှင့် ဝန်ဆောင်မှုများကို ပေးအပ်နေသည့်အပြင် အနာဂတ်လုပ်ငန်းများ အတွက် ရှေ့ဆောင်လမ်းပြ ကောင်းဖြစ်စေရန် နည်းလမ်းများ ရှာဖွေလျက်ရှိသည်။
“ကျွန်တော်တို့အနေနဲ့ ဒီနှစ်ပတ်လည်မှတ်တိုင် ရောက်ရှိ လာတဲ့အတွက် အရမ်းစိတ်လှုပ်ရှားမိပါတယ်။ လွန်ခဲ့တဲ့ ၁၆ နှစ်တာကာလအတွင်း အခုလို ကုမ္ပဏီရဲ့ အောင်မြင်မှု ခရီး တစ်လျှောက်မှာ ဝိုင်းဝန်းကူညီပံ့ပိုးပေးခဲ့ကြတဲ့ Customer များ၊ မိတ်ဖက်ကုမ္ပဏီများနှင့် ဝန်ထမ်းများကို အထူး ကျေးဇူးတင်ရှိပါတယ်” ဟု OPPO ၏ Founder နှင့် CEO ဖြစ်သူ Tony Chen မှ ပြောကြားသည်။

Photo Source https://www.facebook.com/oppomyanmar/

ယခုနှစ်တွင် OPPO သည် သာလွန်ကောင်းမွန်သော နည်းပညာပိုင်းကို ထိုးဖောက်ကျော်လွန်၍ 5G, AI, Imaging နှင့် VOOC Flash Charging စနစ် တို့ကို တီထွင်ဆန်းသစ်ခဲ့ပြီး Consumer နည်းပညာပိုင်းတွင် ၎င်း၏ နောက်ဆုံးပေါ် ထိုးထွင်း သိမြင်မှုများနှင့် အောင်မြင်မှုများကို တင်ပြခဲ့သည်။
ဩဂုတ်လတွင် OPPO မှ ပုံများ၏ အရည်အသွေးကို စံနှုန်းအဆင့်သစ်တစ်ခုသို့ တွန်းပို့ပေးမည့် မျိုးဆက်သစ် Hybrid Zoom နည်းပညာကို မိတ်ဆက်ခဲ့သည်။ ထို့ပြင် အမြန်အားသွင်းခြင်းစနစ်အသစ်ဖြစ်သော 125W Flash Charge ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပြီး Flash Charge နည်းပညာပိုင်းတွင် Industry Leader အဖြစ် OPPO ၏ အနေအထားကို ပိုမိုခိုင်မာစေခဲ့သည်။
OPPO သည် ယူကေတွင် ပထမဆုံး 5G Standalone (SA) Networks များကို အောင်မြင်စွာ ချဲ့ထွင်တပ်ဆင်နိုင်ခဲ့ပြီး ဥရောပ၏ ပထမဆုံး 5G SA Network Slicing ဝန်ဆောင်မှုများကိုလည်း ပေးအပ်ခဲ့သည်။ လက်ရှိတွင် OPPO သည် ကမ္ဘာလုံးဆိုင်ရာ အော်ပရေတာ ၅၀ ကျော်နှင့်အတူ လုပ်ကိုင်လျက်ရှိပြီး ကမ္ဘာအနှံ့အပြားတွင် 5G ကို ကျယ်ကျယ်ပြန့်ပြန့် နှင့် အမြောက်အမြား ရောင်းချနိုင်ရေးအတွက် အရှိန်မြှင့်တင် ကြိုးစားလျက်ရှိသည်။

Photo Source https://www.facebook.com/oppomyanmar/

ထို့အပြင် OPPO သည် CVPR 2020 တွင် AI Category အတွက် ပထမဆု နှစ်ဆု ရရှိခဲ့ပြီး နောက်ဆုံးပေါ် AI နည်းပညာများကို စူးစမ်းလေ့လာရန် Department of Intelligent Perception and Interaction တို့ကိုလည်း တည်ထောင်ခဲ့သည်။
OPPO မှ ဘက်ပေါင်းစုံ နည်းပညာကုမ္ပဏီတစ်ခု ဖြစ်လာစေရန် ရည်ရွယ်၍ သုံးစွဲသူတို့၏ အမျိုးမျိုးသော အကြောင်းအရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ပိုမို ကြိုးစားလျက်ရှိသည်။ Intelligent Mobile Devices Business Unit ကို တည်ထောင်ခြင်းဖြင့် နားကြပ်များ၊ စမတ်နာရီများနှင့် 5G CPE အစရှိသော IoT ထုတ်ကုန်များကိုလည်း ဖြန့်ချိရောင်းချ ပေးခဲ့သည်။ စမတ်ဖုန်းဈေးကွက်အပြင် OPPO သည် အသိဉာဏ်ရှိ ဂေဟစနစ်အသစ်တစ်ခုအား တီထွင်ဖန်တီးရန် လုပ်ဆောင်လျက်ရှိသည်။
OPPO သည် အဓိကနည်းပညာများဖြစ်သည့် Hardware၊ Software နှင့် အင်တာနက်ဝန်ဆောင်မှုများကိုလည်း တီထွင် ခဲ့သည်။ ထို့ပြင် သုံးစွဲသူများကို ဦးစားပေးသော Brand အနေဖြင့် OPPO ၏ နောက်ဆုံးပေါ် ColorOS သည် Talkback, Flash on-call နှင့် Accessibility Menu စသည့် Function များကို အမြင်အာရုံ၊ အကြားအာရုံနှင့် ရုပ်ပိုင်းဆိုင်ရာ ချို့ယွင်းချက်ရှိသော သုံးစွဲသူများအတွက် ပိုမိုကောင်းမွန်လာအောင် ပြုလုပ်ပေးထားသည်။

Photo Source https://www.facebook.com/oppomyanmar/

OPPO သည် ကုမ္ပဏီ၏ Core Value ဖြစ်သည့် နည်းပညာကို ပိုမိုရင်းနှီးစေရန်၊ လက်လှမ်းမီရန်နှင့် ကိုယ်ပိုင်ပြုလုပ်ရန် ဟူသော အချက်များကို နှစ်ပေါင်းများစွာ ထိန်းသိမ်း ဆောင်ရွက်လျက်ရှိသည်။ ဤ ရည်ရွယ်ချက်နှင့်အတူ OPPO သည် အနာဂတ်တွင် ကမ္ဘာတစ်ဝန်းလုံးရှိ သုံးစွဲသူများအတွက် လူအများကြိုက်နှစ်သက်‌သော ဒီဇိုင်းများနှင့် ထုတ်ကုန်များ ပိုမို ထုတ်လုပ်လာနိုင်စေရန် ကမ္ဘာ့ Supply Chain မိတ်ဖက်ကုမ္ပဏီများ၊ ထိပ်တန်း ကွန်ရက်အော်ပရေတာများအပြင် ဖြန့်ချိ ရောင်းချသူများနှင့် နီးကပ်ခိုင်မာသော ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်နိုင်ရန် မျှော်မှန်းနေသည်။
“နည်းပညာဟာ ကျွန်တော်တို့ရဲ့ဘဝကို တိုးတက်စေဖို့သာမကပဲ ကမ္ဘာကြီးနဲ့ လူသားမျိုးနွယ် ပိုမိုနီးကပ်လာစေဖို့ ဖြစ်သင့်သည်။ ဒီအချက်ဟာ OPPO ရဲ့ ခရီးစဉ် စတင်တဲ့ အချိန်ကတည်းက ပြုလုပ်ခဲ့တဲ့ ကနဦး ယုံကြည်ချက်နဲ့ ကတိကဝတ်တစ်ရပ်ဖြစ်ပါတယ်။ OPPO ဟာ ရေရှည်မှာလည်း ပိုမိုကောင်းမွန်တဲ့ နည်းပညာအတွေ့အကြုံတွေနဲ့ ပွင့်လင်းမြင်သာပြီး အသိဉာဏ်ကြွယ်ဝတဲ့ ဂေဟစနစ်ကို ကမ္ဘာတစ်ဝန်းလုံးရှိ သုံးစွဲသူတွေအတွက် ဆက်လက်ဖန်တီးပြုလုပ်ပေးသွားမှာပါ” ဟု OPPO ၏ Founder နှင့် CEO ဖြစ်သူ Tony Chen က ဆက်လက် ပြောကြားခဲ့သည်။