PUBG MOBILE မှ BLACKPINK နှင့် ထူးခြားသည့် ပူးပေါင်းဆောင်ရွက်မှုများကို ထုတ်ပြန်ကြေညာ

ပြီးခဲ့သည့် စက်တင်ဘာလ ဒုတိယအပတ်တွင် PUBG MOBILE ၏ တရားဝင်လူမှုကွန်ရက် မီဒီယာအကောင့်များ၌ ကမ္ဘာကျော် K-pop မိန်းကလေးအဖွဲ့ BLACKPINK နှင့်အတူ ပူးပေါင်းမည့် ကြေညာချက်ကြောင့် အွန်လိုင်းသုံးစွဲသူများထံမှ အလွန်အမင်း အားပေးမှုများကို ရရှိခဲ့သည်။ BLACKPINK အဖွဲ့၏ အသစ် ထွက်ရှိလာတော့မည့် “The Album” အမည်ရှိ သီချင်းအယ်လ်ဘမ်နှင့် ယခုပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် PUBG MOBILE မှ ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသော Blinks များနှင့် PUBG MOBILE ပရိသတ်များအတွက် ထူးခြားသော ပူးပေါင်းဆောင်ရွက်မှု၏ အသေးစိတ်အချက်အလက်များကို ယနေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။ ယခုအခါ PUBG MOBILE တွင် ကစားသမားများအနေဖြင့် အထူးပြုလုပ်ထားသော Game Items များ၊ Visuals များ၊ Lobby Music နှင့် BLACKPINK Support Events များကိုပါ တွေ့ကြုံရရှိနိုင်ပြီဖြစ်သည်။
စက်တင်ဘာလ ၂၄ ရက်နေ့မှစ၍ အောက်တိုဘာလ ၂ ရက်နေ့အထိ PUBG MOBILE ကစားသူများသည် BLACKPINK ၏ မကြာသေးမီက ထွက်ရှိခဲ့သော နာမည်ကြီး “How You Like That” သီချင်းကို Game Lobby တွင် စတင် ဝင်ရောက် နားဆင်နိုင်မည်ဖြစ်သည်။ ထို့အပြင် ကစားသူများသည် အောက်တိုဘာလ ၂ ရက်နေ့တွင် အသစ်ထွက်ရှိလာမည့် BLACKPINK ၏ “The Album” အမည်ရှိ သီချင်းအယ်လ်ဘမ်ကိုလည်း ထွက်ရှိသည်နှင့် တစ်ပြိုင်နက် Game Lobby ထဲတွင် နားဆင်နိုင်မည် ဖြစ်သည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုကို ဂုဏ်ပြုသောအားဖြင့် PUBG MOBILE တွင် အထူးပြုလုပ်ထားသော Item များနှင့် Visual များကို ထည့်သွင်းပေးထား၍ ကစားသူများအနေဖြင့် ဂိမ်းထဲတွင် BLACKPINK ၏ အထင်ကရ စတိုင်များကို တွေ့ကြုံခံစား နိုင်မည်ဖြစ်သည်။ ယခုအခါ PUBG MOBILE ၏ Airdrop လေယာဉ်များကိုလည်း ပန်းရောင်ခြယ်ထားပြီး BLACKPINK Logo ဖြင့် ဖန်တီးပေးထားသည်။ အထူးသီးသန့် ပြုလုပ်ပေးထားသည့် အရောင်နှင့် “The Album” Icon ပါဝင်သော Airdrop သည် လူကြိုက်များသော Battlefield များတွင် ထွက်ပေါ်လာသောအခါ ပန်းရောင်အငွေ့များ ထုတ်လွှတ်ပေးမည်ဖြစ်သည်။ ထို့အပြင် PUBG MOBILE ၏ Main Menu တွင်လည်း ထပ်ဆောင်း Visual Effects များ ဖြည့်စွက်ပေးထားသည်။

Photo  Source https://web.facebook.com/PUBGMOBILE.MM.OFFICIAL/

BLACKPINK အဖွဲ့ဝင်များဖြစ်ကြသော Jennie၊ Lisa၊ Jisoo နှင့် Rosé တို့မှ ကိုယ်ပိုင် PUBG MOBILE ဂိမ်းအကောင့်များကို ပြုလုပ်ထားကြပြီး ၎င်းတို့၏ UserIDs များကို တရားဝင် PUBG MOBILE ၏ လူမှုကွန်ရက် မီဒီယာတွင် ရှာဖွေခြင်းဖြင့် ကစားသူများသည် အထူး Collaborative Gifts များနှင့် Message များကို သူတို့၏ ချစ်မြတ်နိုးသော Idols များထံသို့ ပေးပို့ နိုင်မည်ဖြစ်သည်။ အောက်တိုဘာလ ၈ ရက်နေ့အထိ လက်ဆောင်အများဆုံးပေးပို့သော ပရိသတ်များကို BLACKPINK မှ အထူးဆုများ ပြန်လည်ပေးအပ်သွားမည်ဖြစ်သည်။ ထို့အပြင် စက်တင်ဘာလ ၂၄ ရက်နေ့မှ အောက်တိုဘာလ ၈ ရက်နေ့အထိ In-game Support Event များ ပြုလုပ်ပေးသွားမည်ဖြစ်၍ PUBG MOBILE ကစားသမားများနှင့် BLACKPINK ပရိတ်သတ်များအနေဖြင့် Support Points များရရှိရန် In-game Mission များတွင်လည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ ကစားသမားများသည် ဂိမ်းထဲတွင် BLACKPINK ၏ ဝတ်စုံများဖြစ်သည့် ချစ်စရာကောင်းသော Panda Suit နှင့် Killer Cadet Set အပြင် BLACKPINK ကိုယ်တိုင် လက်မှတ်ရေးထိုးထားသည့် အသစ်ထွက်ရှိလာမည့် သီချင်းအယ်လ်ဘမ်သစ်တို့ ရယူ နိုင်မည့် အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
In-game Events များအပြင် Community Member များသည် PUBG MOBILE x BLACKPINK Screenshots များကို ၎င်းတို့၏ လူမှုကွန်ရက် မီဒီယာများတွင် hashtag #PUBGMxBLACKPINK ဟု ရေးသား၍ တင်ပေးခြင်းဖြင့် BLACKPINK လက်မှတ် ရေးထိုးထားသော အယ်လ်ဘမ်ကို ရယူနိုင်မည့် ထပ်ဆောင်း အခွင့်အရေးများ ရရှိနိုင်မည်ဖြစ်သည်။
BLACKPINK Collaboration Event နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက PUBG MOBILE ၏ တရားဝင် Facebook၊ Twitter နှင့် Instagram များတွင် ဝင်ရောက်လေ့လာနိုင်သည်။

Photo  Source https://web.facebook.com/PUBGMOBILE.MM.OFFICIAL/

BLACKPINK သည် ၂၀၁၆ ခုနှစ်တွင် ‘SQUARE ONE’ အမည်ရှိ သီချင်းအယ်လ်ဘမ်နှင့် စတင် ပွဲဦးထွက်ခဲ့ပြီး အများပြည်သူကို အဓိက ဖမ်းစားနိုင်ခဲ့သော တက်သစ်စအဖွဲ့အဖြစ် မွေးဖွားလာခဲ့သည်။ ထို့နောက် BLACKPINK သည် ‘SQUARE UP’ နှင့် ‘Kill This Love’ စသည့် Mini Albums များဖြင့် ကမ္ဘာကျော်အနုပညာရှင်များ ဖြစ်လာခဲ့ပြီး ၎င်းတို့၏ ကမ္ဘာအနှံ့ပြုလုပ်ခဲ့သော World Tour ပွဲများကို အောင်မြင်စွာ ပြုလုပ်ခဲ့ကာ ကမ္ဘာတစ်ဝန်း ကျော်ကြားမှုကို သက်သေပြခဲ့သည်။ United States ၏ အကြီးမားဆုံး ဂီတပွဲတော်ဖြစ်သည့် ‘Coachella’ တွင် ပါဝင်ဖျော်ဖြေခဲ့ပြီး ၎င်းတို့၏ ဩဇာလွှမ်းမိုးမှုကြီးမားပုံကို ဖန်တီးပြုလုပ် နိုင်ခဲ့သည်။ ထို့ပြင် အဖွဲ့၏ ကျော်ကြားမှုကို စွဲမက်ဖွယ်ရာ Hip-hop သံစဉ်များဖြင့် ဇွန်လတွင် ထွက်ရှိလာခဲ့သည့် ‘How You Like That’ သီချင်းဖြင့် ကမ္ဘာတစ်ဝန်းလုံးကို ထပ်မံသက်သေပြခဲ့ပြီးနောက် ယခုအခါ Selena Gomez နှင့် ပူးတွဲသီဆိုထားသော ‘Ice Cream’ သီချင်းဖြင့် နောက်ထပ် အကောင်းဆုံးစံချိန်သစ်များတင်ရန် အဆင်သင့်ဖြစ်နေပြီဖြစ်သည်။ BLACKPINK ၏ ပထမဦးဆုံး စတူဒီယိုအယ်လ်ဘမ်သည် အောက်တိုဘာလ ၂ ရက်နေ့တွင် ထွက်ရှိလာတော့မည်ဖြစ်သည်။
PUBG MOBILE သည် Original Battle Royale ဂိမ်းအမျိုးအစားဖြစ်သော PlayerUnknown’s Battlegrounds ဟူသည့် PC ဂိမ်း၏ တရားဝင် မိုဘိုင်းဂိမ်း (Mobile Game) တစ်ခုဖြစ်သည်။ လက်ရှိတွင် အာရှဒေသတွင်း၌ လူကြိုက်အများဆုံး ဂိမ်း တစ်ခုလည်းဖြစ်ပြီး ပွဲစဉ်တစ်ခုအတွင်း ကစားသမား အယောက် ၁၀၀ အထိ တစ်ပြိုင်နက် ဝင်ရောက်ကစားနိုင်သော ဂိမ်းတစ်ခု ဖြစ်သည်။ PUBG MOBILE ဂိမ်းပုံစံသည် အဆင့်တက်တိုင်း တဖြည်းဖြည်း ကျဉ်းမြောင်းလာသော စစ်မြေပြင်ထဲတွင် တွေ့ရှိသော လက်နက်များနှင့် ယာဉ်များကို အသုံးပြုကာ နောက်ဆုံး အသက်ရှင်ကျန်ရစ်သော ကစားသမားဖြစ်အောင် ကြိုးစားရမည်ဖြစ်ပြီး ထိုသို့နောက်ဆုံးကျန်ရစ်သူ သို့မဟုတ် အဖွဲ့သည် အနိုင်ရရှိခြင်းဖြစ်သည်။ PUBG MOBILE ဂိမ်း အကြောင်းကို PUBG MOBILE ၏ Facebook Page, YouTube Channel နှင့် Twitter စာမျက်နှာများတွင် လေ့လာနိုင်သည်။