MPT သုံးစွဲသူများ ရှယ်ကြည့် Data Pack ဖြင့် ဒီဂျစ်တယ်ဖျော်ဖြေမှုများကို အသက်သာဆုံးနှုန်းထားများဖြင့် စိတ်ကြိုက် ကြည့်ရှုနိုင်

MPT သည် အင်တာနက်အသုံးပြုမှုအားလုံးအတွက် (၇) ရက်စာ Data Pack နှင့် ရက် (၃၀) စာ Data Pack တို့ပါဝင်သော ရှယ်ကြည့် Data Pack ကို အသက်သာဆုံးနှုန်းထားများဖြင့် မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း သိရသည်။
ရှယ်ကြည့် Data Pack အစီအစဉ်ကိုဝယ်ယူရုံနှင့် မည်သည့်အခကြေးငွေမျှ ထပ်မံပေးဆောင်ရန်မလိုဘဲ နာမည်ကျော် “ဗျို့” Lifestyle ဝန်ဆောင်မှုနှင့် Shwe Stream ဝန်ဆောင်မှုများကို သုံးစွဲနိုင်မည် ဖြစ်သည်။ ဒေတာအသုံးပြုမှုများကို ဝယ်ယူထားသော ရှယ်ကြည့် Data Pack မှ ကောက်ခံသွားမည်ဖြစ်ပြီး သက်မှတ်ထားသောဒေတာပမာဏ အသုံးပြုမှုကျော်လွန်ပါက အခြား ဝယ်ယူထားသော Data Pack (သို့မဟုတ်) သုံးသလောက်ပေးအင်တာနက်နှုန်း (PAYG) ဖြင့် ကောက်ခံသွားမည် ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

MPT ၏ ရှယ်ကြည့် Data Pack သည် မြောက်များလှစွာသော ဖျော်ဖြေရေးအစီအစဉ်များကို အကန့်အသတ်မရှိ စိတ်ကြိုက်ခံစားနိုင်ရန် ဝန်ဆောင်မှုပေးအပ်ထားခြင်း ဖြစ်သည်။ ကြိုက်နှစ်သက်ရာ အသုံးပြုနိုင်သော ဒေတာပက်ကေ့ချ်နှင့် အတူ သုံးစွဲသူများသည် အင်တာနက်အသုံးပြု၍ဝက်ဘ်ဆိုက်များရှာဖွေခြင်း၊ ဗွီဒီယိုနှင့် တေးသီချင်းများကို တိုက်ရိုက်ကြည့်ရှုခြင်း၊ ဂိမ်းကစားခြင်း၊ ဗွီဒီယိုကောလ်ခေါ်ဆိုခြင်းများ၊ အက်ပလီကေးရှင်း များဒေါင်းလုတ်ဆွဲခြင်း၊ YouTube ကြည့်ခြင်းနှင့် အခြားအရာများကိုပါ စိတ်ကြိုက် အသုံးပြုနိုင်မည်ဖြစ်သည်။
ထို့အပြင် အဆိုပါပက်ကေ့ချ်ဝယ်ယူထားသော သုံးစွဲသူများသည် မြန်မာစာတန်းထိုး (မြန်မာနှင့်နိုင်ငံတကာ) ရုပ်ရှင် ဇာတ်ကားပေါင်း ၈၀၀ ကို “Shwe Stream” Movie Application တွင်ဝင်ရောက်ကြည့်ရှုနိုင်ပြီး လူနေမှု ဘဝပုံစံကို အထူးပြုဖော်ပြပေးသော “ဗျို့” မှ စိတ်ဝင်စားဖွယ်ကောင်းသော အစီအစဉ်များကိုလည်း အသုံးပြုနိုင်မည်ဖြစ်သည်။ “ဗျို့” Lifestyle Application တွင် နေ့စဉ်တင်ပေးနေသော ကျန်းမာရေး၊ အလှအပ၊ ဖက်ရှင်၊ ဖျော်ဖြေရေး၊ ခရီးသွား၊ အစားအစာ၊ သက်မွေးမှုလုပ်ငန်းများ၊ အောင်မြင်တိုးတက်ရေး၊ ဗဟုသုတ၊ Lifestyle နှင့် ဗေဒင် အစရှိသော အစီအစဉ်ကောင်းများစွာကို မိမိတို့ စိတ်ကြိုက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/mptofficialpage/

“ကျွန်တော့်တို့ရဲ့ ဈေးနှုန်းသက်သာတဲ့ “ရှယ်ကြည့်” Data Pack နဲ့အတူ သုံးစွဲသူတွေဟာ အင်တာနက်ချိတ်ဆက်မှု ပြတ်တောက်သွားမှာကို စိတ်ပူစရာမလိုတော့ဘဲ အလွန်ကောင်းမွန်တဲ့ ဒီဂျစ်တယ်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေ အားလုံး ကို စဉ်ဆက်မပြတ် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အကောင်းဆုံး ဝန်ဆောင်မှုတွေ ထပ်မံပေး အပ်နိုင်ဖို့လည်း ကျွန်တော်တို့ ဆောင်ရွက်နေပါတယ်။ အခုဆိုရင် ဗွီဒီယိုတွေကို ဝင်ရောက်ကြည့်ရှုခြင်းကို ကျွန်တော်တို့ရဲ့ ရည်မှန်းချက်ဖြစ်တဲ့ မိုးဘိုင်းလ်ဒေတာနဲ့ပေါင်းစပ်လိုက်ပြီဖြစ်တာကြောင့် သုံးစွဲသူတွေဟာ မိမိကြိုက်နှစ်သက်ရာ ဖျော်ဖြေရေးဝန်ဆောင်မှုအစီအစဉ်တွေကို ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် 3G / LTE + ကွန်ရက် ကိုအသုံးပြုပြီး လွယ်ကူသက်သာစွာဖြင့်ကြည့်ရှုခံစားနိုင်ရယူနိုင်တော့မှာပါ။ ဘယ်လို ဖျော်ဖြေမှုအမျိုးအစားကို မဆို နှစ်သက်သူအတွက် မိမိတို့စိတ်ကြိုက်ဖျော်ဖြေရေး ဝန်ဆောင်မှုတွေကို ရှယ်ကြည့် အစီအစဉ်ကနေ ရရှိနိုင်မှာ ဖြစ်ပါတယ်”ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Tetsunori Nagashima က ပြောကြားသည်။
ရှယ်ကြည့် Data Pack ကို *8208*# သို့ခေါ်ဆိုခြင်း (သို့မဟုတ်) MPT4U Application မှတစ်ဆင့် ဝယ်ယူနိုင်သည်။ ပက်ကေ့ချ်ဝယ်ယူပြီးပါက သုံးစွဲသူများသည် Premium သုံးစွဲခွင့်ကို လဲလှယ်နိုင်သော အထူး Link တစ်ခုကို SMS မှတစ်ဆင့် လက်ခံရရှိမည်ဖြစ်သည်။
MPT သုံးစွဲသူများသည် Shwe Stream နှင့် “ဗျို့” Application ကို Google Play Store မှဒေါင်းလုတ်ရယူနိုင်ပြီး ဝန်ဆောင်မှု၏ အကျိုးကျေးဇူးများကိုရယူနိုင်ပါသည်။
MPT သည် သုံးစွဲသူများအတွက် ဒီဂျစ်တယ်လူမှုဘဝများ ပိုမိုတိုးတက်စေရန် အရည်အသွေးကောင်းမွန်သည့် ပြည်တွင်း၊ ပြည်ပဖျော်ဖြေရေးအကြောင်းအရာများနှင့် ပညာရေး နှင့်သက်ဆိုင်သောအကြောင်းအရာများနှင့်အတူ ထပ်ဆောင်း ဝန်ဆောင်မှုများကို တစိုက်မတ်မတ် တိုးချဲ့ဆောင်ရွက်လျက် ရှိသည်။
MPT သုံးစွဲသူများအားလုံးသည် MPT4U အပလီကေးရှင်းကို အသုံးပြု၍ မိမိတို့ ကိုယ်ပိုင်အကောင့်များကို အိမ်မှာနေရင်း မိုဘိုင်းလ်ဖုန်းပေါ်မှတစ်ဆင့် အဆင်ပြေစွာ စီမံခန့်ခွဲနိုင်မည်ဖြစ်သည်။ MPT ၏ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများကို အသေးစိတ်ထပ်မံသိရှိလိုပါက 106 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏တရားဝင် Facebook Page နှင့် MPT ၏တရားဝင် Website တို့တွင်ဝင်ရောက်ကြည့်ရှု၍ သော်လည်းကောင်း၊ Shwe Stream နှင့် “ဗျို့”ဝန်ဆောင်မှု နှင့်ပတ်သက်၍ 01-2305273 သို့ခေါ်ဆို၍ သော်လည်းကောင်း၊ ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။