Ooredoo ၏ ပိုရပိုသုံး Supernet Fiber အစီအစဉ်များမှ အပိုဆောင်းအမြန်နှုန်း ၂၀ ရာခိုင်နှုန်းနှင့် လစဉ်မိုဘိုင်းခံစားခွင့်များ ရရှိနိုင်

ယခင်နှင့်မတူသောအသစ်ပုံမှန်ဖြစ်သည့် new normal ကာလတွင် နေအိမ်မှအလုပ်လုပ်သူများနှင့် နေအိမ်တွင်း နေထိုင်ခြင်းကိုကျင့်သုံးရာတွင် ပိုမိုအဆင်ပြေစေရန် အူရီဒူးမြန်မာမှ Supernet Fiber သုံးစွဲသူများကို နောက်ဆုံးပေါ် ၂၀ ရာခိုင်နှုန်း အပိုဆောင်းအမြန်နှုန်းနှင့် လစဉ်မိုဘိုင်းအကျိုးခံစားခွင့်များရရှိမည့် ပိုရပိုသုံး အစီအစဉ်ကို မိတ်ဆက်ပေး ထားပြီးဖြစ် ကြောင်းသိရသည်။
ပိုရပိုသုံးအစီအစဉ်သည် အိမ်သုံး၊ ရုံးသုံး နှစ်မျိုးစလုံးအတွက်Supernet Fiberကို၂၅Mbps အမြန်နှုန်း မှ ၁၂၀ Mbps အမြန်နှုန်းထိ ရွေးချယ်စရာ အမြန်နှုန်းအမျိုးမျိုး ကို လစဉ် ၄၀,၀၀၀ ကျပ်မှစပြီး ၁၂၀,၀၀၀ ကျပ်အထိဈေးနှုန်းအမျိုးမျိုးဖြင့် သုံးစွဲနိုင်အောင် ကမ်းလှမ်းပေးထားပါသည်။


Photo Source https://www.facebook.com/OoredooMyanmar

သုံးစွဲသူများသည် ရွေးချယ်ထားသော အမြန်နှုန်းအပေါ်မူတည်၍လစဉ်မိုဘိုငးဒေတာ2GB, 10GB, 15GB သာမက အူရီဒူးအချင်းချင်းဖုန်းခေါ်ဆိုနိုင်သော On-net voice ၂၀၀မိနစ် နှင့် အူရီဒူးချင်းချင်း အကန့်အသတ်မရှိSMS ပေးပို့နိုင်သော On-net SMSများကို ရရှိနိုင်မည်ဖြစ်သည်။
ပရိုမိုးရှင်း အထူးအစီအစဉ်အနေဖြင့် အင်တာနက်40Mbps, 50Mbps, သို့ 100Mbps အမြန်နှုန်းသုံးစွဲသူများသည် ပိုမိုလျင်မြန်သော အင်တာနက်ကို အပိုဆောင်း အမြန်နှုန်း ၂၀ ရာခိုင်နှုန်းအနေဖြင့် 48Mbps (40 Mbpsနှင့်အပိုဆောင်း အမြန်နှုန်း20 ရာခိုင်နှုန်း) , 60 Mbps (50Mbpနှင့် အပိုဆောင်းအမြန်နှုန်း 20 ရာခိုင်နှုန်း) နှင့် 120Mbps (100Mbpsနှင့် အပိုဆောင်းအမြန်နှုန်း 20 ရာခိုင်နှုန်း) စသည်ဖြင့် အကျိုးခံစားခွင့်အသီးသီးရရှိမည်ဖြစ်သည်။
“ကျွန်တော်တို့က ကမ္ဘာ့ကပ်ရောဂါကြီးဖြစ်ပွားနေစဉ်အတွင်းမှာသုံးစွဲသူတွေရဲ့အပြုအမူလုပ်ဆောင်ပုံ ပြောင်းလဲမှုတွေကို သတိထားမိခဲ့ပါတယ်။ သုံးစွဲသူအများစုက နေအိမ်မှာ အချိန်ပိုမိုကုန်ဆုံးကြပြီး ကုမ္ပဏီအများစုကလည်း နေအိမ်မှ အလုပ်လုပ်ဆောင်ခြင်းစနစ်ကို ကျင့်သုံးနေကြပါတယ်။ဒါကြောင့်လည်း သုံးစွဲသူတွေအနေနဲ့ များပြားတဲ့ ဒေတာunitတွေ၊ မြန်ဆန်တဲ့ အင်တာနက်အမြန်နှုန်းတွေနဲ့ တည်ငြိမ်တဲ့အင်တာနက်လိုင်းတွေကိုပိုမိုလိုအပ်လာကြပါတယ်။ ကျွန်တော်တို့ရဲ့ Supernet Fiber အစီအစဉ်သစ်နဲ့ဆိုသုံးစွဲသူတွေဟာ ပိုမိုမြန်ဆန်ပြီးတည်ငြိမ်တဲ့အင်တာနက်ကို ရရှိသုံးစွဲနိုင်မှာဖြစ်ပြီး နေအိမ်မှပင် အဆင်ပြေချောမွေစွာနဲ့ လုပ်ငန်းဆောင်တာတွေကိုလုပ်ဆောင် နိုင်မှာဖြစ်ပါတယ်”ဟု အူရီဒူးမြန်မာ၏Chief Business Officerဖြစ်သူMr. AnadiAgnihotri မှ ပြောကြားသည်။
အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို‌ယခုအချိန်မှစ၍သြဂုတ်လကုန်ထိ ရရှိနိုင်မည်ဖြစ်ပြီး ထပ်မံကြေညာချက်များရှိပါက အူရီဒူး မြန်မာ Website တွင်အကြောင်းကြားပေးမည်ဖြစ်ပါသည်။ သတ်မှတ်ထားသည့် ပရိုမိုးရှင်းကာလအတွင်းဝယ်ယူ သူများသည်အပိုဆောင်းအမြန်နှုန်း ၂၀ ရာခိုင်နှုန်းနှင့် မိုဘိုင်းအကျိုးခံစားခွင့်များကို စတင်စာရင်းသွင်းသည့်နေ့မှစပြီး တစ်နှစ်ပြည့်သည်အထိရရှိနိုင်မည်ဖြစ်သည်။

Photo Source https://www.facebook.com/OoredooMyanmar

အူရီဒူး Supernet Fiber သည် လက်ရှိအချိန်တွင်ရန်ကုန်မြို့တွင်းမြို့နယ်ပေါင်း ၃၁ မြို့နယ်နှင့် မန္တလေးမြို့တွင်းမြို့နယ်ပေါင်း ၆ မြို့နယ် တို့တွင် သုံးစွဲနိုင်နေပြီဖြစ်ပါသည်။Supernet Fiber အစီအစဉ်ကို လျှောက်ထားရန်အတွက် သုံးစွဲသူမှ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုမှာယူခြင်းပုံစံကို (အင်္ဂလိပ်ဘာသာ http://ore.do/fsrorနှင့် မြန်မာဘာသာ http://ore.do/fsrorm) တွင် ဖြည့်‌ပြီးလျှောက်ထားရန် လိုအပ်ပါသည်။ အူရီဒူး အရောင်းအဖွဲ့မှ လိုအပ် သောအကူအညီများနှင့် တပ်ဆင်မှုများအတွက်ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။ နေအိမ်တွင် အသုံးပြုမည့်သူများ အတွက် မှတ်ပုံတင် မိတ္တူ သို့မဟုတ် ပတ်စ်ပို့စ် လိုအပ်ပြီး စီးပွားရေးလုပ်ငန်းသုံးအတွက် စီးပွားရေးလုပ်ငန်းလိုင်စင် လိုအပ်ပါသည်။ မှာယူပြီး ၃ရက်မှ၅ရက်အတွင်း လာရောက်တပ်ဆင်ပေးသွားမည် ဖြစ်ပါသည်။
ပိုမိုသိရှိလိုပါက ၀၉၉၇၀၀၀၀၂၁၆သို့မဟုတ် အူရီဒူးမြန်မာ၏ ဒစ်ဂျစ်တယ်ဆက်သွယ်ရေးချန်နယ်လ်များဖြစ်သည့် Viber, Live Chat, Messenger တို့မှ ဆက်သွယ်နိုင်ပါသည်။
အောက်ပါ Link တွင်ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/OoredooMyanmar