M4 Chip ပါဝင်လာတဲ့ လုပ်ဆောင်ချက်အသစ်တွေနဲ့ all-new iPad Pro

Apple အနေနဲ့သူ့ရဲ့ YouTube Channel ကတစ်ဆင့် iPhone တွေမဟုတ်ဘဲ ပုံစံအသစ်တစ်ခုပြောင်းလဲထားတဲ့ iPad Pro အသစ်နဲ့ တွဲဖက်အသုံးပြုရမယ့် Magic Keyboard နဲ့ Apple Pencil Pro တွေအကြောင်းကို မိတ်ဆက်ပြသသွားခဲ့ပါတယ်။ အသစ်မိတ်ဆက်လာတဲ့ iPad Pro မော်ဒယ်ကို ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ထွက်ရှိလာ ပြီးတော့ “အပါးလွှာဆုံး Apple Product” ဆိုပြီးလည်း ကြေငြာ ထားပါသေးတယ်။ ဘယ်လို လုပ်ဆောင်ချက်တွေလုပ်နိုင်ပြီး ဘယ်လောက်ထိ Performance ကောင်းနိုင်မလဲ ဆိုပြီး စိတ်ဝင်စားနေကြတဲ့ M4 Chip လည်းပါဝင်တဲ့အတွက် Apple ရဲ့ iPad Pro အသစ်က အသုံးပြုသူတွေ၊ Artist တွေနဲ့ Creator တွေဆီမှာ ဘယ်လောက်ထိ လုပ်ဆောင်နိုင်စွမ်းတွေ ပြသနိုင်မလဲဆိုတာ စောင့်ကြည့်ရတော့မှာပါ။

The new iPad Pro.

Image: Apple

“အပါးလွှာဆုံး Apple Product” ဆိုတဲ့အတိုင်း အသစ်မိတ်ဆက်လိုက်တဲ့ iPad Pro ဟာ ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းနဲ့ထွက်ရှိလာသလို Portability ဖြစ်မှုကလည်း အရင်က Apple Product တွေနဲ့ မတူတဲ့ခံစားချက်မျိုးကို ရရှိမှာ ဖြစ်ပါတယ်။ အရွယ်အစားအနေနဲ့ ၁၃ လက်မနဲ့ ပိုပြီးသယ်ယူရလွယ်ကူတဲ့ ၁၁ လက်မ ဆိုပြီး နှစ်မျိုး ထွက်ရှိမှာ ဖြစ်ပါတယ်။ ၁၁ လက်မအရွယ်အစားရှိတဲ့ iPad Model ဟာ အထူအနေနဲ့ 5.3mm ပဲရှိမှာ ဖြစ်သလို ၁၃ လက်မအရွယ်အစားရှိတဲ့ iPad Model မှာတော့ 5.1mm ထိပိုပြီးပါးလွှာသွားမှာ ဖြစ်ပါ တယ်။ iPad Pro အသစ်တွေမှာ Silver နဲ့ Space Black အရောင်နှစ်မျိုး ရရှိမှာ ဖြစ်သလို ရာနှုန်းပြည့်ပြန်လည်အသုံးပြုနိုင်တဲ့ Aluminum ကိုပဲ အသုံးပြု တည်ဆောက် ထားတာ ဖြစ်ပါတယ်။

A side profile of iPad Pro showing its thinness.

Image: Apple

အသစ်မိတ်ဆက်လိုက်တဲ့ iPad Pro မှာမှ စတင် ပါဝင်လာမယ့် M4 Chip ဟာ Second Generation 3 nanometer technology နဲ့တည်ဆောက်ထားသလို အရင် Model တွေထက် လုပ်ဆောင်ချက်ကောင်းမွန်တဲ့ CPU, Next-Generation GPU တွေကိုလည်း အသုံးပြုပေးထားတဲ့အတွက် Performance ပိုင်းမှာ တော်တော်လေး ကောင်းမွန်နေမှာ ဖြစ်ပါတယ်။ အရင် iPad Pro မှာပါဝင်တဲ့ M2 Chip ထက် ၁.၅ ဆ ပိုမိုမြန်ဆန်တဲ့ Next Generation Machine Learning (ML) Acceleerator CPU လည်းပါဝင်ပါသေးတယ်။ ဒီလို Powerful ဖြစ်တဲ့ ထောက်ပံ့မှုတွေကြောင့် iPad Pro အသစ်မှာ Artificial Intelligence (AI) လုပ်ဆောင်ချက်တွေနဲ့ အသစ်ပါဝင်လာမယ့် လုပ်ဆောင်ချက်တွေအတွက်လည်း အသင့်တော်ဆုံး Device တစ်ခု ဖြစ်နေမှာပါ။

The 13-inch and 11-inch iPad pro side by side.

Image: Apple

M4 ပါဝင်တဲ့ iPad Pro မှာ အသုံးပြုသူတွေအနေနဲ့ AI အခြေခံထားတဲ့ Task တွေကိုပိုပြီး မြန်မြန်ဆန်ဆန် လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ Ultra Retina XDR Display ကို အသုံးပြု ပေးထားတဲ့အတွက် iPad Pro အသစ်ရဲ့ Color, Contrast နဲ့ Brightness ပိုင်းတွေမှာ တိကျသေချာတဲ့ အရောင်၊ ပြတ်သားမှုတွေ ရရှိခံစားရမှာ ဖြစ်ပါတယ်။ အသစ် ထွက်ရှိလာမယ့် iPad Pro တစ်ခုတည်းမှာပဲ လုပ်ဆောင်ချက်အသစ်တွေနဲ့ Performance ပိုင်းကောင်းမွန်လာမှာမဟုတ်ပါဘူး တွဲဖက် အသုံးပြုရမယ့် Magic Keyboard အပါအဝင် Apple Pencil Pro တွေမှာလည်း သူမတူတဲ့ လုပ်ဆောင်ချက်တွေ ကို ဖန်တီး ပြုလုပ်နိုင်အောင် ပြုလုပ်ပေးထားပါသေးတယ်။ 

Image: Apple

Magic Pencil Pro မှာတော့ ပိုမိုကောင်းမွန်တဲ့လုပ်ဆောင်ချက်တွေနဲ့ Powerful ဖြစ်လွန်းတဲ့ Interaction အသစ်တွေထပ်ပြီး ပေါင်းစပ်ပေးထားတဲ့အတွက် အသုံးပြုရတဲ့ Experience ပိုင်းမှာ ပိုပြီးကောင်းမွန်လာမှာ ဖြစ်ပါတယ်။ အသုံးပြုသူတွေရဲ့ လက်နဲ့ညှစ်လိုက်တဲ့အားတွေကို အာရုံခံဖို့အတွက် Sensor အသစ်တစ်ခုကို ထည့်သွင်းပေးထားသလို ဒီလုပ်ဆောင်ချက်က Tool, Line Weights, Color တွေကို အလွယ်တကူပြောင်းလဲဖို့ Tool Palette လေးကို ဖွင့်ပေးနိုင်မှာ ဖြစ်ပါတယ်။ Magic Pencil Pro မှာပါဝင်လာမယ့် Gyroscope ကလည်း တိတိကျကျသေသေချာချာ အသုံးပြု နေတဲ့ Tool ကို ပိုပြီးတိတိကျကျ အသုံးပြုနိုင်စေမှာ ဖြစ်ပါတယ်။ လှည့်လိုက်မယ် ဆိုရင်လည်း pen တွေ Brush တွေရဲ့ Shape ကို ပြောင်းလဲသွားစေနိုင်တဲ့ လုပ်ဆောင်ချက် က စာရွက်ပေါ်မှာ တကယ့် Tool တွေကိုကိုင်ပြီး အသုံးပြုရတဲ့ ခံစားချက်မျိုးကို ရရှိခံစားစေနိုင်မှာ ဖြစ်ပါတယ်။ Pencil ပျောက်တတ်သူတွေ အတွက် လည်း Find My Support ပေးထားတဲ့အတွက် ပျောက်နေတာ၊ အထားမှား နေတာတွေ အတွက်လည်း ပြန်ရှာရလွယ်ကူစေမှာ ဖြစ်ပါတယ်။

Image: Apple

ပေါ့ပါးပါးလွှာတဲ့ iPad Pro နဲ့ တွဲဖက်အသုံးပြုနိုင်မယ့် Magic Keyboard ကလည်း ပိုပြီး ပါးလွှာပေါ့ပါးတဲ့ ဒီဇိုင်းမျိုးဖြစ်အောင် ဖန်တီးပြုလုပ်ထားပါသေးတယ်။ Magical Floating Design ကိုပဲ အသုံးပြုပေးထားသလို Screen Brightness နဲ့ Volume Control တွေကို ထိန်းချုပ်နိုင်မယ့် လုပ်ဆောင်ချက်အသစ်တွေ ပါဝင်လာပြီ ဖြစ်ပါတယ်။ ပိုပြီးမားတဲ့ Trackpad နဲ့ Aluminum Palm Rest တွေလည်းထည့်သွင်းပေးထားသလို MacBook အသုံးပြုရသလို ခံစားချက်မျိုး ရရှိစေမယ်လို့လည်း ပြောထားပါသေးတယ်။ Magic Keyboard ကို သံလိုက်နဲ့ချိတ်ဆက်ရမှာ ဖြစ်သလို Power နဲ့ Data တွေအတွက် Bluetooth လုပ်ဆောင်ချက် လိုအပ်တော့မှာ မဟုတ်ပါဘူး။

Image: Apple

ဒီလို M4 ပါဝင်လာတဲ့ iPad Pro အသစ်၊ တွဲဖက်အသုံးပြုရမယ့် ဒီဇိုင်းအသစ် Apple Pencil Pro, Magic Keyboard တွေအပြင် လုပ်ဆောင်ချက်အသစ်တွေနဲ့  Logic Pro, Final Cut Pro ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ အသစ်မိတ်ဆက်လိုက်တဲ့ iPad Pro, Apple Pencil Pro နဲ့ Magic Keyboard တွေကို စတင် Order တင်နိုင်ပြီဖြစ်ပါတယ်။ ဆိုင်တွေမှာတော့ မေလ ၁၅ ရက်နေ့၊ ဗုဒ္ဓဟူးနေ့ကစပြီး ဝယ်ယူရရှိနိုင်တော့မှာ ဖြစ်ပါတယ်။ iPad Pro ရဲ့ Storage အနေနဲ့ 256GB, 512GB, 1TB နဲ့ 2TB ထိရွေးချင်နိုင်မှာ ဖြစ်သလို ဈေးနှုန်းအနေနဲ့ ၁၁ လက်မအတွက် $999, ၁၃ လက်မအတွက် $1299 ကစတင်ပြီး ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ ၁၁ လက်မ Magic Keyboard အတွက် $299, ၁၃ လက်မ Magic Keyboard အတွက် $349 ကစတင်ပြီးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Apple Pencil Pro အတွက်ကတော့ $129 ကျသင့်မှာ ဖြစ်ပါတယ်။ iPad 10th Generation အတွက် $349 ကစတင်ပြီးဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။