၂၀၂၄ မှာ iPhone 16 Series ကိုမိတ်ဆက်လာနိုင်မလား

Apple အနေနဲ့ iphone 15 Series ကိုမိတ်ဆက်ပြီးတဲ့နောက်မှာတော့ ၂၀၂၄ ခုနှစ်မှာတော့ iPhone 16 Lineup ကို စောင့်မျှော်ရတော့မယ်လို့ ပြောရင်လည်းမမှားပါဘူး။ iPhone တွေရဲ့ ထုံးစံအရလည်း Lineup တစ်ခု ထွက်ခါနီး တိုင်း Rumor တွေ၊ Leak တွေထွက်နေကျ ဖြစ်တဲ့အတွက် အခုထွက်ပေါ်လာတဲ့ iPhone 16 Lineup မှာ ဘယ်လိုလုပ်ဆောင်ချက်တွေ၊ ဘယ်လိုအသစ်တွေပါဝင်လာမလဲ။

Latest iPhone 16 leak reiterates display sizes

Source: Sonny Dickson / X

iPhone 16 နဲ့ပက်သက်ပြီး အကြီးမားဆုံးပြောင်းလဲမှုအနေနဲ့ Display ပိုင်းမှာ ပြောင်းလဲသွားနိုင်ပါတယ်။ iPhone 16 Pro နဲ့ iPhone 16 Pro Max တွေမှာ Screen Size တွေပိုပြီးသွားနိုင်တယ်လို့လည်း တွေ့ရပါတယ်။ Leaker Sonny Dickson တင်ပေးခဲ့တဲ့ပုံအရ Standard iPhone 16, iPhone 16 Plus, iPhone 16 Pro နဲ့ iPhone 16 Pro max တွေရဲ့ Dummy တွေဖြစ်တယ်လို့ ယူဆရပါတယ်။ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းလောက်မှာ ထုတ်ပြန်လာဖို့ မျှော်လင့် ရပါတယ်။ iPhone 16 Series မှာ ပိုပြီးပါးလွှာတဲ့ Display Bezels တွေပါဝယ်လာမယ်ဆိုပေမယ့် Display Size တွေအရ Standard iPhone 16 နဲ့ iPhone 16 Plus ဟာ အရင် iPhone 15 Model တွေနဲ့ တူညီမှာဖြစ်ပေမယ့် iPhone 16 Pro ကတော့ iPhone 15 Pro ထက် ၀.၂ လက်မ၊ iPhone 16 Pro Max ကလည်း iPhone 15 Pro Max ထက် ၀.၂ လက်မပိုပြီး ကြီးလာမှာဖြစ်ပါတယ်။ ဒီလိုအချက်အလက်တွေအရ iPhone 16 Pro Max ဟာ ၆.၉ လက်မအရွယ်အစားရှိပြီး တော်တော်လေးကို Display Size ကြီးတဲ့ ဖုန်းလို့ပြောရမှာပါ။

iPhone 16 dummy unit

iPhone 16 Dummy Unit

ဘတ္ထရီပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေကြောင့်ပဲ iPhone 16 Series ရဲ့ အရွယ်အစားပိုကြီးမားလာတာလား ဆိုတဲ့ အချက်ကိုလည်း မေ့ထားလို့တော့မရပြန်ပါဘူး။ Rumor တွေမှာတွေ့ရှိထားချက်အရတော့ iPhone 16 Series တွေအတွက်

iPhone 16: 3561mAh

iPhone 16 Plus: 4006mAh

iPhone 16 Pro: 3355mAh

iPhone 16 Pro Max: 4676mAh အထိပါဝင်လာမယ်လို့သိရပါတယ်။

Apple အနေနဲ့ Dynamic Island Notch နဲ့ Action ခလုတ်တွေကို ဒီနှစ်ထဲမှာ အမျိုးမျိုးပြောင်းလဲခဲ့သလို iPhone 16 Pro နဲ့ Pro Max အရွယ်အစားပြောင်းလဲမှုကလည်း iPhone 12 Series ထွက်ရှိပြီးတဲ့နောက် အကြီးမားဆုံး Body ပြောင်းလဲမှုတစ်ခု ဖြစ်နေမှာပါ။ iPhone တွေရဲ့ Series တစ်ခုနဲ့တစ်ခု အရွယ်အစားပိုမိုကြီးမားလာတာတွေက တစ်ချို့အိတ်ကပ်တွေ၊ အိတ်တွေထဲထည့်ရတာ အခက်အခဲရှိလာနိုင်သလို ဖုန်းသေးသေးလေးတွေကို သဘောကျ သူတွေ အတွက်လည်း အားမလိုအားမရ ဖြစ်လာစေနိုင်တဲ့ အကြောင်းအရင်းတစ်ခု လို့ ပြောနိုင်ပါတယ်။ iPhone 15 Pro Max မှာပဲ ပါဝင်တဲ့ 5x Telephoto Camera လိလုပ်ဆောင်ချက်ဟာလည်း iPhone 16 Pro နဲ့ Pro Max မှာ Upgrade တွေဖြစ်လာမလား ဆိုတာမျိုးကိုလည်း စောင့်စားရမှာ ဖြစ်ပါတယ်။ iPhone ရဲ့ Ultrawide Camera Sensor ဟာလည်း 48MP အထိ Upgrade လုပ်လာနိုင်တယ်လို့ Rumor ထွက်ရှိထားတဲ့အတွက် iPhone ရဲ့ ကင်မရာပိုင်းဆိုင်ရာ ပြောင်းလဲမှုကြီးတွေကိုလည်း စောင့်ကြည့်ရမှာပါ။

Rumor တွေအရ iPhone 16 Series ကို ၂၀၂၄ စက်တင်ဘာလမှာ မိတ်ဆက်လာနိုင်ချေရှိသလို ၇၉၉ ဒေါ်လာကနေစတင်ရောင်းချမယ်လို့လည်း ခန့်မှန်းရပါတယ်။ ဒါပေမယ့် ဒီနေ့ခေတ်ရဲ့ စိတ်ဝင်စားမှု အများဆုံး ရရှိထားတဲ့ Generative AI လို AI လုပ်ဆောင်ချက်တွေဟာလည်း iPhone ရဲ့ Photos နဲ့ Notes တွေမှာ ပါဝင်လာနိုင်ချေ ရှိပါတယ်။ ဒါ့အပြင်ရရှိလာနိုင်တဲ့ အရောင် (၇) မျိုးမှာမှ အနက်ရောင်၊ ပန်းရောင်နဲ့ ခရမ်းရောင် တွေ ဖြစ်မယ်လို့ ခန့်မှန်းရရှိထားပါတယ်။ iPhone 15 မှာတော့ အနက်၊ အပြာ၊ အစိမ်း၊ ပန်းရောင်နဲ့ အဝါရောင်တွေဖြစ်တဲ့အတွက် ခရမ်းရောင်က Apple ရဲ့ အရောင်အသစ်တစ်ခုဖြစ်လာနိုင်သလို အဖြူရောင်ကလည်း ပါဝင်လာနိုင်ပါသေးတယ်။