JJ EXPRESS ရဲ့ ခရီးဝေးbus Reservation Mobile App

Image Source: https://www.jjexpress.net/

ခရီးဝေး bus ကိုစီမံခန့်ခွဲမှုများပြုလုပ်နေသော JJ Express က Bus Reservation ရဲ့ Mobile App ကိုreleaseလုပ်ပြီး ထိုPromotion event ကို ၈လ ၁၉ရက်နေ့မှာ Junction Square မှာကျင်းပခဲ့ပါတယ်။

ပွဲပြုလုပ်သည့်နေရာမှာဘဲ App ကို Register မယ်ဆိုရင် lucky draw နဲ့လက်ဆောင်ပစ္စည်းရမယ်ဆိုလို့  register လုပ်မလို့လုပ်တာကို registration screen ကိုချိတ်လို့မရဖြစ်နေခဲ့ပါတယ်။
App ကိုDownload ကတော့ပြဿနာမရှိဘဲလုပ်လို့ရခဲ့ပြီး internet လိုင်းလည်းချိတ်ဆက်နေပြီး Application ကိုထားထားတဲ့ Servers  နဲ့ networks ရဲ့ပြဿနာလို့ထင်တယ်။
အကုန်ကျခံပြီးတော့ ဒီလို့ Promotion Event ကိုလုပ်ထားတဲ့အတွက် ဒီလိုမျိုးပြဿနာတွေကို မဖြစ်အောင်တော့လုပ်ထားသင့်ပါတယ်။
နောက်ရက်တွေမှာလည်း Register လုပ်ကြည့်ပေမဲ့ ထိုသို့သော error screen ကပေါ်လာပြီး register လုပ်လို့မရဘူးဖြစ်နေပါတယ်။

ထို့နောက် ယခုအခါ ပြန်လည်ပြီး App ကိုဖွင့်ကြည့်လိုက်တဲ့အခါ registration screen ကိုချိတ်လို့ ရပြီး Member registration လည်းလုပ်လို့ရသွားလို့အချိန်ကြာပြီဖြစ်ပေမဲ့ ဒီဆောင်းပါးကိုရေးမယ်လို့ ဆုံးဖြတ်လိုက်တယ်။

App မှာ Bus စထွက်သည့်နေရာ ၊ ရောက်ရှိမည့်နေရာ ၊ အသုံးပြုမည့်နေ့တို့ကိုရွေးချယ်ပြီးသွားရင် သက်ဆိုင်သည့် ထွက်ခွာချိန်တို့ ဈေ းနှုန်းတို့ကိုဖော်ပြပေးပြီးအဲ့ဒါကိုရွေးချယ်ပြီး Booking လုပ်ပါမယ်။
စီးမည့် Bus ကိုရွေးချယ်လိုက်ရင် လွတ်နေတဲ့ထိုင်ခုံများအနက်မိမိထိုင်ချင်သောထိုင်ခုံရွေးလို့ရတဲ့အတွက် တော်တော်လေးကောင်းပါတယ်။

ထို့နောက် Booking လုပ်တဲ့လူရဲ့ အချက်များဖြည့်သွင်းလိုက်ရင် Payment Method ရဲ့ ရွေးချယ်မှု screen ဖြစ်သွားပါမယ်။

Payment Method ကတော့ ဘဏ်မှတစ်ဆင့်ငွေသွင်းခြင်း၊ Deposit account ကနေတစ်ဆင့် ၊ VISA/MASTER Card ၊ MPU Card ဆိုပြီး၄မျိုးကနေရွေးလို့ရအောင်လုပ်ထားပါတယ်။
ဘဏ်မှတစ်ဆင့်ငွေသွင်းခြင်းနှင့် MPU card ကတော့ ၂% ၊ VISA/MASTER Cardကနေက ၄% ဆိုပြီး fees ကျပြီး  Deposit account ကနေတစ်ဆင့်ဆိုရင်တော့ fees မရှိပါဘူး။
(Deposite ကတော့ coming soon ဆိုပြီးရေးထားပြီးတော့ သုံးလို့မရလောက်ဘူးထင်ပါတယ်)

Payment Method ကိုရွေးလိုက်ရင် confirmation screen ကပေါ်လာပါတယ်။
ရှေ့ဆက်ပြီးသွားကြည့်ရင် Credit card information ကိုဖြည့်သွင်းရမဲ့ Page ဖြစ်သွားပါမယ်။

Credit card information ကိုဖြည့်စွတ်ရမဲ့screen ကိုမကြည့်ခဲ့လိုက်တော့မသိပေမဲ့ အနည်းဆုံးတော့ Member registration တို့ Login ရဲ့ screen မှာတော့ SSL ကမရှိတဲ့အတွက် password ကိုဖြည့်ရမဲ့နေရာက ပေါ်လာတယ်။(ကျွန်တော်ကတော့ တစ်ခြားနေရာမှာအသုံးမပြုတဲ့ Password ကိုဖြည့်လိုက်ပါတယ်။)
ထိုသို့သော Security Surface ရဲ့ ပေါရော့မှုများကိုကြည့်ရင် Credit card information ကိုထည့်ဖို့ဆိုတာမတွေးမိတော့ပါဘူး။
နောက်ပြီး Mobile App လည်း Webview နဲ့ wesite ကို App အတွင်းထဲမှာဘဲပြထားတဲ့အတွက် App အနေနဲ့လုပ်ဖို့လိုမလို သိပ်မသိဘူး။
အသုံးပြုသူကိုများစေချင်တယ်ဆိုရင်တော့ တိုးတက်မှုကလိုအပ်အုံးမယ်လို့ထင်မိပါတယ်။