လူငယ်နှင့်Programming

လက်ရှိကမ္ဘာတစ်ဝှမ်းလုံးမှာ Social Mediaသုံးစွဲမှူဟာ ယခင်နှစ်များထက်သိသိသာသာ
များပြားလာပါတယ်။ တစ်ကမ္ဘာလုံးကိုချိတ်ဆက်ပေးနိူင်တဲ့ ဒီSocial Mediaတွေကို ဘယ်လိုနည်းပညာတွေ
နဲ့များပြုလုပ်ထားလည်းဆိုတာ ဆက်စပ်စဉ်းစားစရာပါ? Computer Programmingတွေနဲ့ တည်ဆောက်ထားတာပါ။ Social Mediaကိုအသုံးပြုနေသူတိုင်း Programmingဆိုတာ ဘာမှန်းမသိပေမယ့် Social Mediaကိုအသုံးပြုနေသ၍ှတော့ Programmingနဲ့ထိတွေ့နေရတာ မဟုတ်ပါလား။

ယခင်ကMicrosoft Word, Microsoft Excel သုံးတတ်ရုံလောက်နဲ့ Computerတော်တယ်လို့ယူဆခဲ့ပေမယ့် ယခုလိုတိုးတက်နေတဲ့နည်းပညာခေတ်မှာတော့ Software, Hardware, Networkတခုမှမသိဘဲ Computerအကြောင်းနားလည်တယ်လို့ ပြောလို့မရတော့ပါဘူး။ ကိုယ့်ပတ်ဝန်းကျင်မှာ ITနည်းပညာနဲ့ဆက်စပ်မှူများ များပြားလာပြီး လူငယ်တွေဟာProgrammingကို စိတ်ဝင်စားမှူမြင့်တင်လာပါတယ်။

Programming ပညာရပ်ကိုဘယ်လိုလေ့လာသင်ယူမလဲ?
ယနေ့ခေတ်မှာ ပညာရပ်တခုကိုလေ့လာသင်ယူဖို့ဆိုတာ အခွင့်အလမ်းများပြားပါတယ်။
Programmingကလည်းထိုအတူပါပဲ။ ဆယ်တန်းအောင်ပြီး ကွန်ပျူတာမေဂျာယူကာ အခြေခံကစလေ့လာသင်ယူမလား။ အခြားမေဂျာနဲ့ဘွဲ့ယူပြီးပဲ Gusto International College, KMD, MCC, Assembler Computer Center, ATG တို့လို ပုဂ္ဂလိက Computer Training Centerများတွင် Programming Languageကိုလေ့လာသင်ယူမလား။ ကြိုက်နှစ်သက်ရာနည်းလမ်းဖြင့်
လေ့လာသင်ယူပြီး လုပ်ငန်းခွင်ဝင်နိူင်ပါပြီ။

Image Sources:
http://www.gusto-education.com/ http://www.kmd.com.sg/
http://www.mccsolution.com/ https://www.facebook.com

လက်ရှိမြန်မာနိူင်ငံမှာ နိူင်ငံခြားကုမ္ပဏီအများအပြားဝင်ရောက်လာကြပြီး Japanese System Development Company များစွာပါဝင်ပါတယ်။ မြန်မာနိူင်ငံတွင် ၂၀၀၈ခုနှစ်ကတည်းက စတင်တည်ထောင်ပြီး နာမည်ရ Japanese System Development Company ဖြစ်တဲ့ Myanmar DCR မှာအလုပ်လုပ်မယ် ဆိုရင်လည်း မည်သည့်ဘွဲ့နှင့်မဆို ဘွဲ့တခုရရှိရုံသာလိုအပ်ပြီး လုပ်ငန်းအတွေ့အကြုံပင်မလိုအပ်ပါ။ Programming နဲ့့ပက်သက်ပြီးစိတ်ဝင်စားမှူတစ်ခုသာလိုအပ်ပြီး
အခြေခံမှစသင်ကြားပေးကာ လုပ်ငန်းခွင်ဝင်ရောက်လုပ်ကိုင်စေသော ကုမ္ပဏီများလည်း ရှိပါတယ်။
လူငယ်များအတွက် မြန်မာနိူင်ငံတွင်းနိူင်ငံခြားကုမ္ပဏီမှာ ဝင်ရောက်လုပ်ကိုင်နိုင်မည့်အခွင့်အရေးကောင်း
ပင်ဖြစ်သည်။

ဂျပန်နိူင်ငံသွားကာ နိူင်ငံရပ်ခြားအတွေ့အကြံုယူပြီး အလုပ်လုပ်ကိုင်ချင်သော လူငယ်များအတွက်ဆိုရင်လည်း ဂျပန်နိူင်ငံတွင် Professional Career အနေဖြင့် Programmingကိုလုပ်ကိုင်စေပြီး အသက်မွေးဝမ်ကျောင်းပြုနိုင်တဲ့ ့ဂျပန်နိူင်ငံသို့စေလွှတ်ပြီး အလုပ်လုပ်စေသော Japanese System Developing Company အများအပြားရှိပါတယ်။
ထိုကုမ္ပဏီအများစုကတော့ Programming လုပ်ဖူးတဲ့အတွေအကြံုလိုအပ်ပါတယ်။

Programmer အနေနဲ့ကုမ္ပဏီတွင်ဝန်ထမ်းဘဝဖြင့် လုပ်ငန်းအတွေ့အကြံုယူပြီး နောက်ပိုင်းတွင်
ဝါသနာတူသူငယ်ချင်းများစုကာ ကိုယ်ပိုင်Software House ထောင်သောလူငယ်များလည်းရှိလာပါတယ်။

Programming ဘာသာရပ်ဟာ လေ့လာလို့မကုန်နိူင်ပါဘူး။ တစ်နေ့ထက်တစ်နေ့ နည်းပညာ
အသစ်အဆန်းတွေ လိုက်မမှီအောင်ပေါ်လာသလို Programming Languageတွေလည်း တိုးပွားလာပါတယ်။ ကိုယ်ကဘာကိုအခြေခံပြီးလေ့လာချင်တာလည်း? Window ပိုင်းလား? Web ပိုင်းလား?Mobile လား? Programming Language ကကောဘာကိုလေ့လာမလဲ။ Java, C++, PHP, Ruby, SAP စသဖြင့် လေ့လာစရာများလွန်းလှပါတယ်။ ဒါပေမယ့်အကုန်လုံးကို လေ့လာသင်ယူပြီးမှ လုပ်ငန်းခွင်ဝင်မယ်ဆိုရင်တော့ သူများထက်နောက်ကျကျန်ခဲ့မှာ အသေအချာပါပဲ။
အကြံပေးချင်တာကတော့ အရင်ဦးဆုံး Programming ကိုအခြေခံကစ စနစ်တကျလေ့လာသင်ယူပါ။ ပြီးရင်လုပ်ငန်းခွင်ဝင်ကာ အလုပ်လုပ်ရင်းဆက်လက်လေ့လာပါ။ သင်ယူမှူကိုမရပ်တန့်လိုက်ပါနဲ့။
ကိုယ်က Programming Language တစ်ခုမှာကျင့်သားရလာပြီ၊ ကောင်းကောင်းနားလည်လာပြီ၊ အလုပ်လုပ်ကိုင်နိူင်လာပြီဆိုလျှင် အခြားသောအသစ်သစ်ထွက်လာတဲ့ Programming Language တွေကို websitesတွေကတဆင့် သင်တန်းကျောင်းတွေကတဆင့် ဆက်လက်လေ့လာသင်ယူပါ။

ဘယ်ပညာရပ်မဆို မိမိကိုင်တိုင်စိတ်ပါဝင်စားမှသာ တိုးတက်အောင်မြင်နိုင်မှာပါ။ အဲ့ဒီထဲမှာ Programming လည်းပါဝင်ပါတယ်။ Prgrammingဘာသာရပ်က စိတ်ဝင်စားမှသာ ရှေ့ဆက်ပြီးလေ့လာသင်ယူချင်စိတ်ရှိမှာပါ။ ဒါကြောင့်လူငယ်တိုင်း မိမိဝါသနာပါရာပညာရပ်နှင့် Careerလမ်းကြောင်းထပ်တူကျပါစေလို့ ဆန္ဒပြုပါတယ်။

Programmingလေ့လာသင်ယူနိူင်သော Websitesများ

https://www.tutorialspoint.com/
https://www.w3schools.com/
http://www.exforsys.com/
https://www.javatpoint.com/
https://www.codecademy.com/