Myanmar Payment System

Image Source: http://pokopokopoko.net

အရင်အရင်နှစ်တွေတုန်းကတစ်နေရာနှင့်တစ်နေရာ ငွေလွဲ၊ ငွေပို့ဖို့ဆိုတာ အင်မတန်မှအချိန်ကုန်သည့်ကိစ္စ။ ငွေလွဲစရာရှိ်ရင် အလုပ်တစ်ခုအနေနဲ့ ရက်တစ်ရက်သတ်မှတ်ပြီး လုပ်ရသည့်အလုပ်။
အခုလိုလည်းဘဏ်တွေဘဏ်ခွဲတွေ မပေါများသေးတော့ကိုယ်နေတဲ့နေရာနဲ့ အနီးဆုံးဖြစ်မည့်ဘဏ်ကိုသွား ကိုယ်နာမည်ခေါ်မည့်အချိန်ကို စိတ်ရှည်လက်ရှည်နဲ့စောင့်ခဲ့ရတယ်။
အခုတော့ဘဏ်ခွဲတွေအများကြီးပေါ်လာတော့ အချိန်ကုန်လူပန်းတော့အများကြီးသက်သာတာပေါ့။ ဒါပေမယ့် ဘဏ်ဆိုတာက လူအရင်းအမြစ်ကိုလုပ်ရတာဆိုတော့ နားရက်၊ ပိတ်ရက်ရှိတာပေါ့။ ကိုယ်ကလည်းပိုက်ဆံအရေးတကြီးလွဲရမယ်၊ ဘဏ်ပိတ်ရက်ကလည်းဖြစ်နေရင်တော့ အခက်တွေ့ပြီပဲ။ ဒါပေမယ့်သတိရထားရမှာက ယနေ့ကITခေတ်ဆိုတာပါပဲ။ လူတိုင်းလက်ထဲမှာကိုင်ထားတဲ့၁၅၀၀တန် ဖုန်းကဒ်လေးတွေကInternet လိုင်းနဲ့Onlineကနေ ငွေလွဲ၊ ငွေပို့ခြင်းကိုအသုံးပြုလို့ရနေပါပြီ။ မြန်မာနိိုင်ငံမှာ အသုံးပြုနိုင်တဲ့အချို့သော Myanmar Payment System တွေအကြောင်းကိုလေ့လာထားသလောက် မျှဝေချင်ပါတယ်။

MyanPay

Image Source: https://www.myanpay.com.mm

MyanPay သည် လုံခြုံစိတ်ချ လွယ်ကူလျင်မြန်သည့် Secure E-commerce System ဖြစ်ပါတယ်။ Onlineမှငွေလွဲပို့ခြင်း၊ ငွေလက်ခံခြင်း၊ ကုန်ပစ္စည်းရောင်းချခြင်း၊ ဝယ်ယူခြင်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်ဆောင်နိုင်ပါတယ်။ MyanPayကိုအသုံးပြုမယ်ဆိုရင် Accountဖွင့်ဖို့တော့လိုအပ်ပါတယ်။ Persosnal Account နှင့် Business Account ဆိုပြီးနှစ်မျိုးရှိပါတယ်။ ပုံမှန်အသုံးပြုသူတွေကတော့ Personal Account ဖွင့်ပြီး၊ စီးပွားရေးအတွက်ရည်ရွယ်ပြီး အသုံးပြုချင်သူများကတော့ Business Account ဖွင့်ပါ။MyanPayှ System ရဲ့အကြိုက်ဆုံးအချက်ကတော့ MyanPay Account Balance ထဲကို Mobile Banking Systemတွေ၊ Internet Banking Systemတွေနဲ့ငွေဖြည့်သွင်းနိုင်ခြင်းဖြစ်ပါတယ်။ အားသာချက်နောက်တခုကတော့ MyanPayနဲ့ချိတ်ဆက်ထားတဲ့ Websitesတွေကနေ Online Shopping လုပ်နိုင်တဲ့အပြင် Buyer Protection၊ Seller Protection Policy တွေရှိတာကြောင့် ရောင်းသူဝယ်သူစိတ်ချစွာ ငွေပေးချေနိုင်တဲ့ Systemဖြစ်ပါတယ်။ MyanPayနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော ့ https://www.myanpay.com.mm/pub_GettingStarted.aspx

Myanmar Mobile Money EasyPay

Image Source: http://www.myanmarmobilemoney-easypay.com/

Myanmar Mobile Money EasyPay မှာတော့ Agentနဲ့Customerဆိုပြီး Accountနှစ်မျိုးရှိပါတယ်။ Agentအဖြစ်လုပ်ချင်တယ်ဆိုရင်တော့ Myanmar Mobile Money မှသတ်မှတ်ထားတဲ့ စံညွှန်းနဲ့ကိုက်ညီသူကိုရွှေးချယ်ပြီး လုပ်ငန်းလုပ်ကိုင်စေမှာဖြစ်ပါတယ်။ Agent အတွက်အကျိုးခံစားခွင့်ကတော့ Commission ခံစားခွင့်ရှိမှာဖြစ်ပါတယ်။ Customer အနေနဲ့ကတော့ ထည့်သွင်းအသုံးပြုချင်သော ငွေပမာဏပေါ်မူတည်ပြီး Non-KYC Customer နှင့် KYC Customerဆိုပြီး နှစ်မျိုးရှိပါတယ်။ ပုံမှန် Mobile Money System တွေလို ငွေလွဲ၊ ငွေပို့၊ Online Shopping၊ Mobile Top-Upတွေလုပ်နိုင်တဲ့အပြင် Myanmar Mobile Money EasyPay ကိုရွှေးချယ်အသုံးပြုသင့်တဲ့ အချက်ကတော့ အငြိမ်းစားနိုင်ငံဝန်ထမ်းများအတွက် မိုဘိုင်းပင်စင် အသုံးပြုနိုင်ခြင်းပဲဖြစ်ပါတယ်။ MyanmarMobileMoneyEasyPayနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော့  http://www.myanmarmobilemoney-easypay.com/easypay/

663 Mobile Money

Image Source: https://play.google.com

“လွယ်ကူစိတ်ချလိုရာသုံးဖုန်းပိုက်ဆံ၆၆၃” ဆိုတာနဲ့အညီ 663 Mobile Money Account ဖွင့်ရတာလည်း အင်မတန်လွယ်ကူရိုးရှင်းပါတယ်။ Google Playမှာ 663 Mobile Money Appကို Downloadလုပ်၊ Appထဲဝင်၍စာရင်းသွင်းပြီး ဝန်ဆောင်မှူများကိုစတင်အသုံးပြုလို့ရပါပြီ။ 663 Mobile Money Appကို အရင်ကAndroid Userသာအသုံးပြုနိုင်ပေမယ့် မကြာခင်ရက်ပိုင်းကပင် IOS Userများပါ အသုံးပြုနိုင်ပြီဖြစ်ကြောင်း 663 Mobile Money Facebook Page မှာရေးသားထားတာတွေ့ရပါတယ်။ အခြားPayment Systemတွေထက်ပိုပြီး 663 Mobile Money ရဲ့အားသာချက်ကတော့ လစဉ်(၁၃)ရက်မှ(၂၄)ရက်နေ့အတွင်း ၆၆၃ဖုန်းပိုက်ဆံဖြင့် မီတာခများကို ပေးသွင်းနိုင်ခြင်းပဲဖြစ်ပါတယ်။ 663MobileMoneyနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော  http://663mobilemoney.com/mm/

Ongo Mobile Money

Image Source: https://ongo.com.mm

Ongoသည်မြန်မာနိုင်ငံရဲ့ Mobile Money Brand တခုဖြစ်ပြီး ရိုနော့(ခ်)ကုမ္ပဏီ၏ Brand တခုလည်းဖြစ်သည်။ Ongoကိုအသုံးပြုချင်သူများအနေဖြင့် Ongo Appကို Installလုပ်ကာငွေပေးသွင်းခြင်း၊ ငွေလက်ခံခြင်းများကို ပြုလုပ်နိုင်ပါတယ်။ ဒါအပြင် ဖုန်းငွေဖြည့်သွင်းခြင်း၊ ငွေလွှဲနိုင်ခြင်း၊ ဝန်ထမ်းလစာလက်ခံနိုင်ခြင်း၊ Ongo၏ Business Partner များနှင့်Online ငွေပေးချေမှူပြုလုပ်နိုင်ခြင်း၊ လျှပ်စစ်မီတာခွန်ဆောင်ခြင်း၊ ရေခွန်ဖုန်းခွန်ခွန်ဆောင်ခြင်း အစရှိသည်တို့ကိုလုပ်ဆောင်နိုင်ပါတယ်။ Ongoရဲ့ Cash Agent ကို်ယ်စားလှယ်ဆို်င်တွေဟာလည်းနေရာတိုင်းမှာ အများအပြားရှိတဲ့အတွက် အချိန်တိုအတွင်းလုပ်ငန်းလုပ်ဆောင်လို့ရပါတယ်။ OngoMobileMoneyနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော့ https://ongo.com.mm/?p=861&lang=my

MyKyat

Image Source: http://www.mykyat.com/en

MyKyat Account ဖွင့်ဖိုု့အတွက် Online မှတဆင့်(သို့)*661#(သို့)နီးစပ်ရာ MyKyatကိုယ်စားလှယ်ထံတွင် မှတ်ပုံတင်နှင့်မိုဘိုင်းဖုန်းအားယူဆောင်၍ စာရင်းပေးသွင်းနိုင်ပါတယ်။ ပထမပုဂ္ဂလိကဘဏ်ခွဲများအားလုံးသည် MyKyatကိုယ်စားလှယ်များဖြစ်ပြီး ဘဏ်ခွဲတို်င်းတွင်ငွေထုတ်၊ ငွေသွင်းပြုလုပ်နိုင်တဲ့အပြင် အခြား MyKyatကိုယ်စားလှယ်အများအပြားရှိတာကြောင့် အလိုရှိသောနေရာသို့ ငွေကြေးကိုလုံခြုစိတ်ချမြန်ဆန်စွာ လွဲပြောင်းပေးနိုင်ပါတယ်။ အသုံးပြုပုံတခုချင်းစီကိုလည်း MyKyat Websiteမှာပုံနှင့်တကွ ရှင်းရှင်းလင်းလင်း ဖော်ပြထားတာကြောင့်ဝင်ရောက်လေ့လာနိုင်ပါတယ်။ MyKyatနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော http://www.mykyat.com/my

Wave Money

Image Source: https://www.wavemoney.com.mm/

“Wave Money”ကတော့TV မှာအမြဲကြော်ငြာအားကောင်းကောင်းနဲ့ ကြော်ငြာနေတော့ မသုံးဘူးရင်တောင် ကြားဖူးသူများသည်ပင်။ “Wave Money”ဟာမြန်မာနိုင်ငံက ထိပ်တန်းပုဂ္ဂလိကဘဏ်တစ်ခုဖြစ်တဲ့ ရိုးမဘဏ်နှင့် ကမ္ဘာအကြီးဆုံးမိုဘိုင်းဆက်သွယ်ရေးလုပ်ငန်းများအနက်မှ တစ်ခုဖြစ်တဲ့Telenor တို့ပူပေါင်းဆောင်ရွက်တဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှူတခုဖြစ်ပါတယ်။ Telenor အသုံးပြုသူများကတော့ Wave Money App ကို Play Store ကနေ downloadရယူပြီး လွယ်ကူစွာ Wave Account ဖွင့်ပြီးအချိန်မရွှေး၊ နေရာမရွှေးမိမိမိုဘိုင်းဖုန်းမှ ငွေလွဲနိုင်ပါတယ်။ Telenor အသုံးမပြုသူများကလည်းနီးစပ်ရာ Wave ဆိုင်မှတစ်ဆင့် မည်သူမဆို ငွေလွဲနိုင်ပါတယ်။ Waveဆိုင်မှတစ်ဆင့် ငွေလွဲမယ်ဆိုရင်တော့အချက်ငါးချက်ပဲလိုအပ်ပါတယ်။ ၁။ငွေလွဲမည့်သူ၏ဖုန်းနံပါတ် ၂။ငွေလွဲမည့်သူ၏ဖုန်းနံပါတ် ၃။ငွေလက်ခံမည့်သူ၏ဖုန်းနံပါတ် ၄။ငွေလက်ခံမည့်သူ၏ဖုန်းနံပါတ် ၅။ငွေလွဲမည့်ပမာဏ ။ ဒါကြောင့် Wave Account(သို့) Wave Accountမပါဘဲနဲ့လည်းမည့်သူကိုမဆို ငွေပေးပို့နိုင်ပါတယ်။ သုံးစွဲသူတွေအဆင်ပြေမှုရှိအောင်လည်း Wave Money Facebook Page ကအချိန်နဲ့တပြေးညီဖြေရှင်းပေးနေတာကြောင့် လွယ်ကူ၊ လုံခြံု၊ အဆင်ပြေတဲ့ မိုဘိုင်းငွေကြေးဝန်ဆောင်မှူ တစ်ခုလို့ထင်ပါတယ်။ WaveMoneyနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော့ https://www.wavemoney.com.mm/?lang=my

OK Dollar

Image Source: https://www.okdollar.com/

OK Dollarကတော့ Bus စီးသူတိုင်းသတိထားမိလိမ့်မယ်ထင်ပါတယ်။ BusခကိုOK Dollarဖြင့်ငွေပေးချေနိုင်ကြောင်း Bus တော်တော်များများမှာကြော်ငြာကပ်ထားတာတွေ့ဖူးကြပါလိမ့်မယ်။ OK Dollar ဖုန်းဖြင့်၂၄နာရီရရက်ပတ်လုံးတိကမှန်ကန်လျှင်မြန်စိတ်ချစွာဖြင့် အလွယ်တကူ ငွေပေးငွေယူပြုလုပ်နိုင်ဖို့ OK Dollar Account ဖွင့်ဖို့လိုအပ်ပါတယ်။ Account ဖွင့်ဖို့ကလည်းလွယ်ကူပါတယ်။ Play Store ကနေOK Dollar Appကို Download ရယူပြီး မိုဘိုင်းဖုန်းတစ်လုံးနဲ့ Sim Card တစ်ခုရှိရုံဖြင့် နေရာမရွှေး၊ အချိန်မရွှေး မည်သူကိုမဆို ငွေပေးပို့၊ လက်ခံ၊ စျေးဝယ်နိုင်သော Account တစ်ခုဖြစ်ပါသည်။ OK Dollar Account ဖွင့်ရာတွင် Personal Account နှင့် Business Account ရှိပြီး Account Typeပေါ်မှူတည်၍ ငွေလွဲနိုင်သောပမာဏနှင့် တစ်နေ့လွဲနိုင်သောအကြိမ်အရေအတွက်ကွာခြားပါတယ်။ ဒါကြောင့် မိမိအသုံးပြုချင်သော ပုံစံပေါ်လိုက်၍ လွယ်ကူစွာAccountဖွင့်နိုင်ပါတယ်။ OKDollarနဲ့ပက်သက်ပြီးအသေးစိတ်လေ့လာချင်ရင်တော့ http://www.okdollar.com/mm

လက်ရှိမြန်မာနိုင်ငံမှာဒီလို လုံခြံု၊ စိတ်ချ၊ လွယ်ကူတဲ့ Mobile Money Brandတွေအများကြီးရှိပေမယ့် အသုံးပြုမှူနည််းပါးနေသေးတယ်လို့ထင်ပါတယ်။ လုပ်ဆောင်ပုံတွေနဲ့မရင်းနှီးသောတာကော၊ ဘယ်နေရာမှာဘယ်လိုသုံးရမယ်ဆို်တာကို သေချာမသိသေးတာကြောင့် အသုံးပြုမှူနည်းတာလို့ထင်ပါတယ်။ Mobile Moneyတွေအနေနဲ့ကလည်း မိမိBrand ကိုလူတိုင်းသိရှိပြီးအသုံးပြုလာချင်အောင် Advertisingကောင်းကောင်းလုပ်နိုင်မယ်ဆိုရင် လူတိုင်းဟာBrandတစ်ခုတည်းကိုသာစွဲသုံးပြီး မြန်မာနိုင်ငံရဲ့ထိပ်တန်းPayment Systemတစ်ခုဖြစ်လာမှာသေချာပါတယ်။