သီချင်းများကို အလွယ်တကူ နားဆင်နိုင်သည့် JOOX Myanmar

Photo Source- https://bit.ly/2GbQmqA

ဂီတဆိုသည်မှာ လူကြီး၊လူငယ်၊ကျား၊မ မရွေး စိတ်ဝင်စားဝါသနာပါသော အကြောင်းအရာတစ်ခုပင်ဖြစ်ပါတယ်။ ခေတ်ကာလရေးစီးကြောင်း ပြောင်းလဲလာသည်နှင့်အညီ အိမ်တိုင်းလိုလို သီချင်းနားဆင်ရာတွင် CDနှင့်အောက်စက်များကို အသုံးပြု၍တေးဂီတနားဆင်ခြင်းမှာ ရှားပါးလာပြီး အလွယ်တကူ အသုံးပြုနိုင်သော လက်ကိုင်ဖုန်းများတွင် သီချင်းများကိုနားဆင်ခြင်း အလေ့အထ ပိုမိုထင်ရှားကျော်ကြားလာခဲ့ခြင်းမှာ မငြင်းဆိုနိုင်သော အမှန်တရားတစ်ခုပင်ဖြစ်ပါတယ်။

ဟောင်ကောင်၊မလေးရှား၊အင်ဒိုးနီးရှားစသည့် အာရှတစ်ခွင် ရေပန်းစားကျော်ကြားသော Music Streaming app တစ်ခုဖြစ်သည့် JOOX သည်လဲ မြန်မာနိုင်ငံသို့ စတင်ဝင်ရောက်လာခဲ့ပါတယ်။ Freemium အမျိုးအစားတစ်ခုဖြစ်ကာ သီချင်းအများစုကို အခမဲ့နားဆင်နိုင်ပြီး အချို့သော သီချင်းများအတွက်တော့ လစဉ်ကြေးပေးဆောင်ရပါတယ်။ Application ကို Apple Store နှင့် Google Play Store နှစ်ခုစလုံးတွင် အခမဲ့ ဒေါင်းလုတ်ရယူနိုင်ပြီး တောင်းဆိုထားသော ရေဒီယိုများကို နားဆင်နိုင်ခြင်း၊ နာမည်ကြီး သီချင်းများကို အလွယ်တကူရှာဖွေနိုင်ခြင်း၊ အကြံပြုသီချင်းများကို အဆင်လိုက်မဟုတ်ဘဲ နားဆင်နိုင်ခြင်း၊ အကြိုက်ဆုံးသီချင်းများကို တစ်ခါထဲ စာရင်းပြုစုထားနိုင်ခြင်း နှင့် တစ်ခြားသော ကဏ္ဍများကိုပြုလုပ်နိုင်ပါတယ်။ Wifi ကိုအသုံးပြု၍လည်းကောင်း Mobile Network ကိုအသုံးပြု၍လည်းကောင်း နားဆင်နိုင်ပြီး Mobile Network ကိုအသုံးပြု၍နားဆင်မည်ဆိုပါက Data အသုံးပြုမှုအသိပေးချက်ကို ပေးပို့မှာဖြစ်ပါတယ်။ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာနှစ်မျိုးစလုံးနှင့် အသုံးပြုနိုင်ကာ သုံးစွဲရလွယ်ကူပြီး အွန်လိုင်းမှသီချင်းများကို နားဆင်နိုင်တာကြောင့် ဖုန်းတွင် သိမ်းဆည်းစရာမလိုဘဲ Storage ကုန်မှာ စိတ်မပူရတော့ပါဘူး။

Photo Source- Screenshot by Myanmar Tech Press

အခမဲ့အသုံးပြုနိုင်သော်လဲ VIP service ကိုဝယ်ယူအသုံးပြုပါက အောက်ပါ အကျိုးကျေးဇူးများကိုရရှိမှာဖြစ်ပါတယ်။
၁။ အကန့်အသတ်မရှိဘဲ သီချင်းများကျော်လွှားမှုကို ပြုလုပ်နိုင်ခြင်း။(JOOX VIP ကိုရယူပြီး စိတ်ကြိုက်အကန့်အသတ်မရှိ သီချင်းကျော်ခြင်းများကိုပြုလုပ်နိုင်မှာဖြစ်ပါတယ်)
၂။ကြော်ငြာများကင်းလွတ်ခြင်း။(ကြော်ငြာများမပါရှိဘဲ စိတ်အေးချမ်းသာစွာ သီချင်းများကိုနားထောင် နိုင်ပါတယ်)
၃။ အင်တာနက်အသုံးမပြုဘဲနားဆင်နိုင်ခြင်း။ (Download ပြုလုပ်ပြီး စိတ်ကြိုက်နားဆင်နိုင်ပါတယ်)
၄။ပိုမိုပြတ်သားသောအသံဖြင့်နားဆင်နိုင်ခြင်း၊(CDကဲ့သို့ပြတ်သားကြည်လင်သောအသံဖြင့်နားဆင်နိုင်ပါတယ်)
၅။စိတ်ကြိုက်နားဆင်နိုင်ခြင်း။(အချိန်အကန့်အသတ်မရှိ ကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာမှာ နားဆင်နိုင်ပါတယ်)

VIP ကိုအသုံးပြုဝယ်ယူလိုပါက My Music –Settings– Purchase VIP တွင် App Store သို့မဟုတ် Google Account Wallet ကိုအသုံးပြုပြီးဝယ်ယူရရှိနိုင်ပါတယ်။ စစချင်း Download ပြုလုပ်သူများအဖို့ တစ်လအခမဲ့ VIP ရရှိမှာလဲဖြစ်ပါတယ်။ VIP ကိုဝယ်ယူလိုပါက တစ်ရက်လျှင် ၉၉ကျပ်၊ တစ်ပတ်လျှင် ၅၉၉ ကျပ်၊ တစ်လလျှင် ၂၂၉၉ကျပ်နှုန်းဖြင့် ဝယ်ယူရရှိနိုင်မည်ဖြစ်ပါတယ်။
JOOX VIP ကိုဝယ်ယူပါက သီချင်းနားဆင်ရန် VIP သာမက Karaoke ဆိုနိုင်သော Karaoke Plus ကိုပါရရှိမှာဖြစ်ပါတယ်။

 

JOOX application တွင်ပြည်တွင်းအဆိုတော်များသာမက ပြည်ပအဆိုတော်များ၏ သီချင်းများကိုပါ နားဆင်နိုင်ပါတယ်။ Myanmar Top Charts အမှအစ မိမိကြိုက်နှစ်သက်သော Kpop အဆိုတော်များ၏ အသစ်ထွက်သီချင်းများ၊ အင်တာနေရှင်နယ်အဆိုတော်များ၏ သီချင်းများကို စဉ်ဆက်မပြတ်နားဆင်နိုင်မှာဖြစ်ပြီး တစ်ပြိုင်နက် သီချင်းစာသားများပါရှိသောကြောင့် လေ့လာဖတ်ရှူနိုင်ပါသည်။ အမျိုးအစားစုံလင်လှသော အဆိုတော်များသာမက R&B၊ Hip Hop၊ Pop စသည့် ကဏ္ဍစုံလင်လှသည့် သီချင်းအမျိုးအစားများကိုပါ မိမိကြိုက်နှစ်သက်သည့် အမျိုးအစားကိုလိုက်၍ နားဆင်နိုင်မှာဖြစ်ပါတယ်။

JOOX ၏ကာရာအိုကေ အစီအစဉ် (Karaoke Plus)
ထို့အပြင် တေးဂီတနှစ်သက်သူများအဖို့ သီချင်းများကိုနားဆင်နိုင်သည်သာမက အဆိုဝါသနာပါသူများအဖို့လဲ တစ်နေရာထဲတွင် ကာရာအိုကေဆိုခြင်းကိုလဲပြုလုပ်နိုင်ပါတယ်။ မိမိကြိုက်နှစ်သက်သည့် သီချင်းကိုရွေးပြီး Sing ကိုနှိပ်၍ ဆိုနိုင်ပြီး အခြားနားဆင်သူများက မိမိဆိုထားသည်ကို Like ပေးခြင်း ကောမန့်ပေးခြင်းများကိုပြုလုပ်နိုင်ပါတယ်။ မိမိသီဆိုထားသည့် ကာရာအိုကေဖိုင်များကိုလဲ လိုသလိုသိမ်းဆည်းထားနိင်သည့်အတွက် အဆိုဝါသနာပါသူများအတွက်လဲ ကွန်ရက်တစ်ခုတည်ဆောက်နိုင်သည့် အလွန်အသုံးဝင်သော application တစ်ခုဖြစ်ပါတယ်။

အကောင့် Register ပြုလုပ်ခြင်း
JOOX ကိုစတင်အသုံးပြုလိုပါက အကောင့် Register ပြုလုပ်ရမှာဖြစ်ပါတယ်။ WeChat ID၊ Facebook Account ၊ Email အစရှိသည်တို့နှင့်ပြုလုပ်နိုင်မှာဖြစ်ပါတယ်။ အချင်းချင်း follow ပြုလုပ်ပြီး ဆက်သွယ် ချိတ်ဆက်နိုင်ပါတယ်။

JOOX ၏ အခြားကဏ္ဍများ
JOOX Application တွင် သီချင်းများကို နားဆင်နိုင်ရုံသာမက JOOX မှတင်ဆက်သော ပြည်တွင်းပြည်ပ ဖျော်ဖြေဖွဲများကို အချိန်နှင့်တစ်ပြေးညီ တိုက်ရိုက်ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Music Video များကိုလဲ JOOX တွင်ကြည့်ရှုနိုင်ပါသေးတယ်။

JOOX ကို Download ဆွဲရယူလိုပါက
Download iOS – bit.ly/JOOXMMIOS
Download Android – bit.ly/JOOXMMAndroid
Download Non-Google Play Store – bit.ly/JOOXMM-AndroidDirectDownloadLink5

အသေးစိတ်ဆက်သွယ်မေးမြန်းလိုပါက
Facebook Page _ https://www.facebook.com/JOOXMyanmar/