ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ ဆောင်ထားသင့်သည့် Mobile App များအကြောင်း

မြန်မာပြည်တွင်းမှာ ပြည်ပနိုင်ငံများမှ မော်တော်ယာဉ်တင်သွင်းမှုများပြားလာပြီးနောက်ပိုင်း ယာဉ်မောင်းနှင်သူများလည်း တစ်နှစ်ထက်တစ်နှစ် ပိုမိုများပြားလာခဲ့ပါတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများလည်းများပြားလာခဲ့ပြီး မြန်မာပြည် တွင်းမှာချမှတ်ထားတဲ့ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဥပဒေများကို နားလည်သိရှိမှသာ ယာဉ်မောင်းလိုင်စင်ဖြေဆိုရာတွင် အခက်အခဲမရှိ အောင်မြင်စွာဖြေဆိုနိုင်ကြမှာ ဖြစ်ပါတယ်။
မော်တော်ယာဉ်မောင်းနှင်သူများ၊ ယာဉ်မောင်းလိုင်စင်ဖြေဆိုကြမည့်သူများအနေဖြင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်းနဲ့ မော် တော်ယာဉ်နှင့်သက်ဆိုင်သည့် မှတ်သားစရာအချက်အလက်များကို လွယ်လင့်တကူမိမိဖုန်းထဲတွင် ထည့်သွင်းထားရုံနဲအား လပ်တဲ့အချိန်တိုင်း ဖတ်ရှုရနိုင်စေမည့် Mobile App များနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ စာအုပ်တစ်တစ်အုပ်လို သွားလေရာ တကူးတကယူသွားစရာမလိုပဲ မိမိဖုန်းထဲမှာ ထည့်သွင်းထားလို့ရတဲ့အတွက် ပိုပြီးအဆင်ပြေကြမှာပါ။

Photo Source- Screenshot by Myanmar Tech Press

(၁) Active Wheel App
Active Wheel Mobile App က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ လေ့လာလိုသူများနဲ့ယာဉ်မောင်းနှင်သူ များအတွက် မရှိမဖြစ်ဆောင်ထားသင့်သည့် App တစ်ခုဖြစ်ပါတယ်။ App ထဲတွင် လေ့လာနိုင်သည့်အကြောင်းအ ရာများဖြစ်တဲ့ မော်တော်ယာဉ်နည်းဥပဒေများ၊ ခရီးသည်တင် ဘတ်စ်ကားများလိုက်နာရန်စည်းကမ်းချက်များ၊ ယာဉ်တိုက် ခိုက်မှုဖြစ်ပွားပါကလိုက်နာရမည့်အချက်များ၊ မည်သည့်အချိန်တွင် မီးဖွင့်မောင်းသင့်/မသင့်၊ လမ်းအမှတ်အသားများ၊ တား မြစ်ခြင်းလမ်းညွှန်များ၊ အမိန့်ပေးလမ်းညွှန်များ၊ အဝေးပြေးလမ်း/အမြန်လမ်းမောင်းနှင်ပုံများ၊ အန္တရာယ်သတိပေးလမ်းညွှန် များ၊ ဦးစားပေးသည့်သည့် မော်တော်ယာဉ်များ၊ ယာဉ်ပါကင်ရပ်နားရာတွင်လိုက်နာရမည့်အချက်များ စသည်တို့ကို နားလည် ရလွယ်ကူစေရန် မြန်မာစာနဲ့ရှင်းပြထားတဲ့အတွက် သုံးစွဲတဲ့သူများအတွက် များစွာအဆင်ပြေစေပါတယ်။
ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက်လည်း လေ့ကျင့်ရန် မေးခွန်းစုစုပေါင်း (၅၀) ထည့်သွင်းထားပြီး မေးခွန်းတစ်ခု ကို စက္ကန့်သုံးဆယ်ကြာအောင် ဖြေဆိုခွင့်နဲ့ရမှတ်များကိုလည်း အမှတ်ပေးဇယားနဲ့ဖော်ပြပေးထားပါတယ်။ အင်တာနက်ဖွင့်ပြီး အသုံးပြုရာတာဖြစ်ပြီး Facebook ကနေတစ်ဆင့်ဝင်ရောက်နိုင်အောင် ပြုလုပ်ထားပါတယ်။ Play Store မှာ ဝင်ရောက် Install လုပ်ပြီး အသုံးပြုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech press

(၂) Safe Driving App
Safe Driving App ကတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် အရေးပါအရာရောက်တဲ့ App တစ်ခုထဲမှာ အဓိကပါဝင်ပါတယ်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ သိမှတ်ဖွယ်ရာတွေကို စုစည်းဖော်ပြထားပြီး ယာဉ်မောင်းလိုင် စင်ဖြေဆိုမည့်သူများအတွက် လမ်းစည်းကမ်းဆိုင်ရာ ဗဟုသုတမေးခွန်းများကို အဆင့် (၁) မှ အဆင့် (၅) အထိ မေးခွန်းစုစု ပေါင်း (၁၀၀) လေ့ကျင့်ရန်ထည့်သွင်းထားပါတယ်။ အင်တာနက်ဖွင့်ပြီး အသုံးပြုရတာဖြစ်ပြီး သုံးစွဲရလည်းလွယ်ကူစေပါ တယ်။
ပါဝင်တဲ့ မေးခွန်းအကြောင်းအရာတွေကတော့ ယာဉ်မောင်းနှင်ခြင်းမပြုမှီစစ်ဆေးရမည့်အချက်များ၊ မီးပှိုင့်လမ်းဆုံတွင်လိုက် နာရမည့်အချက်များ၊ လမ်း/ရာသီဥတု/မြင်ကွင်းအခြေအနေ၊ ရပ်ခြင်း/ရပ်ဆိုင်းခြင်းဆိုင်ရာ လိုက်နာရမည့်စည်းကမ်းချက် များ၊ ကျော်တက်ရာတွင် သတိပြုရမည့်အချက်များ၊ ယာဉ်ကွေ့ရာတွင် သတိပြုရမည့်အချက်များ၊ ကလပ်နင်းခြင်း၊ ဘရိတ် အသုံးပြုခြင်း၊ လီဗာအသုံးပြုခြင်းစသည့် အကြောင်းအရာစုံလင်တဲ့မေးခွန်းတွေကို ထည့်သွင်းထားပါတယ်။ Play Store မှာ ဝင်ရောက် Install ပြုလုပ်ပြီးအသုံးပြုနိုင်ပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၃) Myanmar License Traineer App
Myanmar License Traineer App ကလည်း ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် အသုံးဝင်လှတဲ့ App ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ App မှာ ပါဝင်တဲ့မေးခွန်းနဲ့အဖြေတွေကလည်း ယာဉ်မောင်းလိုင်စင်ဖြေဆိုမယ့်သူတွေအတွက် များစွာအသုံးဝင်စေပါတယ်။ Active Wheel App နဲ့ Safe Driving App တွေလို မေးခွန်းနဲ့အဖြေတွေ တော်တော်များများ ဆင်တူနေပါတယ်။ မြန်မာဘာသာနဲ့ဖော်ပြထားခြင်းဖြစ်ပြီး အင်တာနက်ဖွင့်အသုံးပြုရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၄) Myanmar Driver Handbook App
Myanmar Driver Handbook App ကလည်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း စံပြအမေးအဖြနဲ့လမ်းညွှန်များ၊ လမ်းအမှတ် အသားများကို လွယ်ကူစွာလေ့လာနိုင်ရန် ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက် ရည်ရွယ်ပြီးပြုလုပ်ထားတာဖြစ်သ လို Active Wheel App၊ Safe Driving App၊ Myanmar License Traineer App တို့နည်းတူ မေးခွန်းနဲ့အဖြေများထည့်သွင်း ပြုလုပ်ထားပါတယ်။ အင်တာနက်ဖွင့်ပြီး အသုံးပြုရတာဖြစ်ပြီး မြန်မာဘာသာနဲ့ဖော်ပြထားပါတယ်။
အထက်ဖော်ပြပါ Mobile App များကတော့ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများ၊ ယာဉ်စည်းကမ်းလမ်းစည်းကမ်းသိရှိနား လည်လိုသူများအတွက် သိလိုသည်များကို ပုံနှင့်တကွရှင်းပြထားသည့်အပြင် မေးခွန်းနှင့်အဖြေများကိုအသုံးပြုရလွယ်ကူ အောင်ဖန်တီးပေးထားတဲ့ Mobile Application များပဲဖြစ်ပါတယ်။ ယာဉ်မောင်းလိုင်စင်ဖြေဆိုမည့်သူများအတွက် များစွာ အရေးပါပြီး အသုံးပြုတဲ့သူလည်းများပြားနေပါတယ်။