လူကိုယ်တိုင်သွားစရာမလိုပဲ အွန်လိုင်းပေါ်က ဆေးခန်းပြသနိုင်သည့် MyanCare Mobile Application

နည်းပညာပိုင်းဆိုင်ရာကဏ္ဍတွေပိုမိုတိုးတက်လာသည်နှင့်အမျှ ကျန်မာရေးဝန်ဆောင်မှုများကိုလည်း နည်းပညာနှင့်ချိတ် ဆက်အသုံးပြုလာနိုင်သည်ကလည်း ကျေနပ်အားရစရာတစ်ခုဖြစ်ပါတယ်။ ဖုန်းတစ်လုံးရှိရုံဖြင့် အွန်လိုင်းနှင့်ချိတ်ဆက်ကာ ကျန်းမာရေးဆိုင်ရာပြဿနာများ၊ သိလိုသည်များကို မေးမြန်းလာနိုင်ခဲ့သလို ကျန်းမာရေးအသိပညာပေးကဏ္ဍများကိုလည်း ပိုမိုထိရောက်စွာဆောင်ရွက်လာနိုင်ခဲ့သည်။ ယခုနောက်ပိုင်း ကိုယ်တိုင်ဆေးခန်းသွားစရာမလိုပဲ ဖုန်းထဲတွင် App တစ်ခု ထည့်သွင်းထားပါက ဆေးခန်းပြသနိုင်သည့် MyanCare Application တစ်ခု မိတ်ဆက်အသုံး ပြုလာပါတယ်။

Photo Source- https://bit.ly/2U0wtpW

MyanCare App ကို အသုံးပြုခြင်းအတွက် အချိန်ကုန်ကျမှုသက်သာစေခြင်း၊ ဆေးခန်းသွားစရာမလိုပဲ ကုန်ကျမှုစရိတ်ပိုမို သက်သာစေခြင်းနဲ့ ဖုန်းနဲ့အသုံးပြုလို့ရတာဖြစ်တဲ့အတွက် နေရာ၊ ဒေသမရွေးအသုံးပြုနိုင်ပါတယ်။ အဆိုပါ Appp ကိုဆောင် ထားရုံနှင့်မိမိရဲ့ကျန်းမာရေးကိစ္စတွေကို ဆရာဝန်များနှင့် Chat ၊ Voice ၊ Video စသည်များအသုံးပြု၍ ကြိုတင်ချိန်းဆိုမေး မြန်းပြသနိုင်ပါသည်။
အသုံးပြုတဲ့အချိန်မှာလည်း အင်တာနက်ဖွင့်ပြီးအသုံးပြုရမှာဖြစ်ပြီး ယခုလက်ရှိအချိန်တွင် အဆိုပါ App ကို ဆရာဝန် ၂၀ ဦး ကျော်နဲ့ ၂၄ နာရီဝန်ဆောင်မှုပေးလျက်ရှိပါတယ်။ အဆိုပါ App ကိုဆောင်ထားသည့်အတွက်လည်း မြို့ကြီးတွင်သာမက နယ်မြို့မှာလည်း သုံးစွဲနိုင်သည်က ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းအတွက် များစွာအကျိုးဖြစ်ထွန်းစေပါတယ်။

Photo Source- https://bit.ly/2IkElAw

MyanCare App ကို ဘယ်လိုအသုံးပြုမလဲ။
(၁) ပထမဆုံး MyanCare App ကို အင်တာနက်ဖွင့်ပြီး Play Store မှ ဦးစွာ Install ပြုလုပ်ပါ။ App ကိုစတင်ဖွင့်လိုက်တာနဲ့ ဆရာဝန်များစာရင်းကို စတင်မြင်တွေ့ရမှာပါ။ ဆရာဝန်တစ်ယောက်ချင်းစီရဲ့ ကိုယ်ရေးရာဇဝင်အကျဉ်းနဲ့ လုပ်ငန်းအတွေ့အ ကြုံကိုဖတ်ရှုပြီးတာနဲ့ မိမိနဲ့သင့်တော်မယ့် ဆရာဝန်ကိုရွေးချယ်ပါ။
(၂) မိမိနှစ်သက်ရာ ဆရာဝန်ကို ရွေးချယ်ပြီးရင်တော့ ချိန်းဆိုချက်ပြုလုပ်ရန်နေရာတွင်နိုပ်ပါ။ ချိန်းဆိုချက်ပြုလုပ်ရန်နေရာကို နိုပ်ပြီးရင်တော့ ဆက်လက်ဆွေးနွေးရာမှာအသုံးပြုဖို့အတွက် အသံဖြင့်ခေါ်ဆိုခြင်း၊ video ဖြင့်ခေါ်ဆိုခြင်း၊ စာသားဖြင့်ရေး သားပြောဆိုခြင်း တွေကို ရွေးချယ်အသုံးပြုနိုင်ပါတယ်။

Photo Source- https://bit.ly/2uRyive

(၃) နောက်တစ်ဆင့်ရွေးချယ်မှုအနေဖြင့် ဆရာဝန်ဘက်မှ ကြိုတင်သတ်မှတ်ထားသော အချိန်ဇယားထဲမှ ရက်စွဲနှင့်အချိန်တို့ ကို ရွေးချယ်ပါ။ ရွေးချယ်ပြီးတာနဲ့ ဝန်ဆောင်မှုနဲ့ငွေတောင်းခံလွှာကို တွေ့မြင့်ရမှာပါ။ လက်ရှိတွင် ဆရာဝန်နှင့်ပြသသည့် Section တစ်ခုနှုန်းမှာ မြန်မာငွေကျပ်၂၀၀၀ ခန့်ကျသင့်မည်ဖြစ်ကြောင်းလည်း သိရပါတယ်။

Photo Source- Screenshot by Myanmar Tech Press

(၄) အဆိုပါ App ကို ငွေဖြည့်သွင်းရန်အတွက် App ထဲမှ More ကိုနိုပ်ကာ My Wallet ထဲမှာငွေဖြည့်သွင်းရမှာဖြစ်ပါတယ်။ ပြသထား တဲ့ Payment တွေကတော့ ဘဏ်စနစ်နဲ့ပေးသွင်းမယ်ဆိုရင် KBZ, CB, AYA, MPU Card, တို့ဖြစ်ပြီး Mobile Money နဲ့ပေးသွင်းမယ်ဆိုရင်လည်း Wave Money, OK$ တို့ဖြစ်ပါတယ်။ အခြားအနေဖြင့် 2C2P ဖြင့်လည်းပေးသွင်းနိုင် ပါတယ်။
ဆရာဝန်နဲ့မိမိဆွေးနွေးထားသည့်အကြောင်းအရာများက လုံခြုံပြီးယုံကြည်စိတ်ချရတဲ့အတွက် အသုံးပြုရအဆင်ပြေပြီး ပထ မဆုံးအကြိမ် အသုံးပြုသူများအတွက်လည်း ဆရာဝန်နဲ့ပြသနိုင်ရန်လက်ဆောင်ငွေသားထည့်သွင်းပေးထားပြီး နောက်ပိုင်း တွင် ယခုထက်ပိုမိုကောင်းမွန်သော Version ဖြင့်အဆင့်မြှင့်တင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source- https://bit.ly/2OXV5Pb

Myancare Application ကို Android, IOS version နှစ်မျိုးစလုံးမှာ အသုံးပြုနိုင်ပါတယ်။ အသေးစိတ်သိလိုသူများအနေ ဖြင့်လည်း ဖုန်း-09 799115566၊ 09 799225566 တို့အား ပိတ်ရက်မရှိ နံနက် ၉ နာရီမှ ညနေ ၅း၃၀ အတွင်းဆက်သွယ်စုံ စမ်းမေးမြန်းနိုင်ပါတယ်။
အောက်ပါ Link များမှ Download ရယူနိုင်ပါသည်။
Android>> https://play.google.com/store/apps/details?id=com.myancare
IOS >> https://itunes.apple.com/us/app/myancare/id1396490288?mt=8