လက်ရှိကာလအတွက် အင်တာနက်မလို အရေးပေါ်အသုံးတည့်လွန်းတဲံ Maps.Me Application

MAPS.ME ဆိုတာကတော့ Google map နဲ့ ပုံစံတူတဲ့ map app တစ်ခုဖြစ်ပါတယ်။ အွန်လိုင်းအနေနဲ့ အသုံးပြုချင်သူများအ နေဖြင့်လည်း google map လို သုံးလို့ရသလို offline သုံးချင်ရင်လည်း သုံးလို့ရတဲ့ open-source offline app တစ်ခုဖြစ်ပါတယ်။ Mpas.me ရဲ့ အဓိက feature အနေနဲ့ကတော့ offline Search ပါ။ map တစ်ခုကို download ထားလိုက်တာနဲ့ အင်တာနက်မရှိသော်လည်း ဘဏ်၊ စားသောက်ဆိုင်၊ ဆေးခန်း မိမိကြိုက်တဲ့နေရာကို ရှာဖွေလို့ ရနိုင်တာပဲဖြစ်ပါတယ်။

Photo Source https://web.facebook.com/UCSYSUofficial/posts/4516712208390639

သတိပြုစရာနဲ့ အားနည်းချက်တွေကတော့ online ဖွင့်ပြီး သုံးရတဲ့ feature တွေဖြစ်တဲ့ satellite/aerial image, route calculation လို Feature မျိုးတွေမှာတော့ Google Maps က ပိုသာလွန်ပါတယ်။ အခြားသတိပြုစရာအနေနဲ့ကတော့ Map တွေကို လိုင်းမဖြတ်ခင် ကြိုတင် download ထားဖို့လိုပါတယ်။ download ပြီးရင်လည်း clear data နဲ့ uninstall မလုပ်မိဖို့ သတိပြုရမှာပါ။ နောက်တစ်ခုကတော့ အခုလိုအချိန်မှာ မိမိ location ကို social media မှာ မတင်မိဖို့နဲ့ share မလုပ်မိဖို့က အထူးအရေးကြီးပါတယ်။
အားသာချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) Space သက်သာခြင်း
Maps.me မှာ မြန်မာတစ်နိုင်ငံလုံးရဲ့ မြေပုံကို download ဖို့အတွက် 100Mb ကျော်သာ storage ရှိဖို့လိုပါတယ်။
(၂) အသုံးပြုရလွယ်ကူခြင်း
Maps.me ရဲ့ User Interface နဲ့ အသုံးပြုပုံတွေက Google Maps ထက်ပို user-friendly ဖြစ်ပြီး လွယ်ကူပါတယ်။
(၃) Open Source ဖြစ်ခြင်း
မြေပုံ App တွေရဲ့ အရေးအကြီးဆုံးအရာကတော့ Quality ပါပဲ။ Quality ကောင်းတဲ့ မြေပုံ App တစ်ခုဖြစ်ဖို့ဆိုရင် location data တွေက မှန်ကန်မှုရှိဖို့လိုပါတယ်။ Google map, Bing တို့ဟာ သူတို့ပိုင်ဆိုင်တဲ့ data တွေသာ အသုံးပြုခြင်းဖြစ်ပြီး maps.me ကတော့ open source ဖြစ်တဲ့ OpenStreetMap Data ကို သုံးထားတာကြောင့် ပိုမိုတိကျပြီး Community-friendly ဖြစ်ပါတယ်။ လက်တွေ့နဲ့ ပိုနီးစပ်ပါတယ်။
(၄) Good For travelers
ဒီကာလအတွက် အရေးပေါ် app တစ်ခုအနေနဲ့ အသုံးဝင်ရုံပဲဆိုရင်တောင် နောက်ကာလမှာ ခရီးတွေသွားရင် ဒီ app လေးက ဆောင်ထားသင့်တဲ့ ထဲမှာပါဝင်ပါတယ်။ Book a Hotel, Point Interest, City Guide, Traffic overlay စတဲ့ features တွေကလည်း ခရီးသွားမယ့် သူတွေအတွက် တော်တော်လေးကို အသုံးဝင်တဲ့ features တွေဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ကိုယ့်အိမ်ကိုယ့်မြို့မှာ မဟုတ်ဘဲတောထဲတောင်ထဲ ရောက်နေတဲ့သူတွေ၊ စစ်ဘေးရှောင် ဒေသတွေနဲ့နီးပြီးအချိန်မရွေးနေရာပြောင်းရွေ့ရမဲ့သူတွေ အနေနဲ့ အင်တာနက် ရတုန်းဒီ App လေးကို သွင်းထားသင့်ပါ တယ်။
အသုံးပြုပုံအသေးစိတ်ကို ပုံနှင့်တကွဖော်ပြပေးထားပါတယ်။

Photo Source https://web.facebook.com/UCSYSUofficial/posts/4516712208390639

App ကိုအောက်ပါ Link များမှာ Install ပြုလုပ်နိုင်ပါတယ်။

Android link
https://play.google.com/store/apps/details…
Apple link
https://apps.apple.com/…/maps-me-offline…/id510623322