Delivery လုပ်ငန်းစတင်လုပ်ကိုင်ချင်သူတွေအတွက် အသုံးဝင်တဲ့ Deee Delivery Platform

ပစ္စည်းကို ကိုယ်တိုင်ပို့ဖို့ အခက်ကြုံနေရသူတွေ နဲ့ ကိုယ်တိုင် Delivery အလုပ်ကို လုပ်ချင်ပေမယ့် ဘယ်က စရမှန်း မသိတဲ့ သူတွေအတွက် နှစ်ဦးနှစ်ဖက် လွယ်ကူအဆင်ပြေ စေဖို့ အတွက် Deee Delivery Platform တစ်ခုက အရေးပါတဲ့ နေရာ တစ်ခုဖြစ်ပါတယ်။
Deee Delivery App က အသုံးပြုရတာလည်း လွယ်ကူပါတယ်။ သုံးစွဲသူတွေ အနေနဲ့ မည့်သည့် ဖုန်း အမျိုးအစား မဆို Chrome နဲ့ Safari မှာ Deee.app ဆိုတာလေးကို ရိုက်နှိပ်ပြီး Deee Delivery App ကိုလွယ်ကူစွာ Download ပြုလုပ်နိုင်ပါတယ်။ ပြီးရင်တော့ မိမိရဲ့ Profile ကို Register လုပ်ပြီးတာနဲ့ စတင်အသုံးပြုလို့ရပါပြီ။

Photo Source https://web.facebook.com/deeedelivery/?ref=page_internal

Deee Delivery Platform မှာတော့ ရနိုင်တဲ့လုပ်ဆောင်ချက်တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁) App ကို သုံးစွဲသူ (User) အနေနဲ့ မိမိပစ္စည်းကိုတာဝန်ယူ ပို့ဆောင်ပေးသူ (Courier)ကို မိမိစိတ်တိုင်းကျ ရွေးချယ် နိုင်ပါတယ်။
(၂) ပို့ဆောင်သူ (Courier) ရဲ့ ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်များကိုလည်း သုံးစွဲသူ (User) ကိုယ်တိုင်သိရှိနိုင်ပါတယ်။
(၃) သုံးစွဲသူ (User) အနေနဲ့ မိမိအသုံးပြုလိုသော ပို့ဆောင်သူ (Courier) နှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ပြီး သွားပို့ရ မယ့်နေရာ၊ လာယူရမယ့် အချိန်၊ ပစ္စည်းရဲ့အလေးချိန်၊Deli ခ စသည်တို့ကို ညှိနှိုင်းနိုင်ပါတယ်။
(၄) သုံးစွဲသူ ( User ) အနေနဲ့ ကိုယ့် ပစ္စည်း ရောက်မရောက်ကို App ကနေ ကိုယ်တိုင် ကြည့်လို့ရပါတယ်။
(၅) Deee Delivery App ကို သုံးစွဲသူ (User) အဖြစ်ရော ပို့ဆောင်သူ (Courier) အနေ နဲ့ ပါ အ သုံးပြုနိုင်မှာ ဖြစ်တာ ကြောင့် အလုပ် အကိုင် အခွင့်အလမ်း တစ်ခု ကိုလည်း ရရှိနိုင်မှာ ပဲ ဖြစ်ပါတယ်။

Photo Source https://web.facebook.com/deeedelivery/?ref=page_internal

Deee App ရဲ့ အဓိကရည်ရွယ်ချက်ကတော့ အသုံးပြုသူ User နဲ့ Courier ကြား မှာ လွယ်ကူစွာ ချိတ်ဆက်စေနိုင်ပြီး ပွင့်လင်းမြင်သာမှု ရှိတဲ့၊ အပြန်အလှန် ယုံကြည်ရ မှု (Mutual Trust) တစ်ခုကို တည်ဆောက်နိုင်မယ့် Community Platform တစ်ခုကို ရရှိစေလိုခြင်းပဲ ဖြစ်ပါတယ်။
Deee App ကို အသုံးပြုခြင်းအတွက် အကျိုးဆောင်ခ (Commission Fees) ပေးဆောင်စရာမလိုအပ်ပါဘူး။ Deee Delivery Platform အကြောင်းအသေးစိတ် စုံစမ်း သိရှိလိုပါက အောက်ပါ Link မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
https://web.facebook.com/deeedelivery/?ref=page_internal