KBZPay ၏ ၂၀၂၀ ခုနှစ်ပထမနှစ်ဝက်အတွင်း မိုဘိုင်းဖုန်းဖြင့် ငွေလွှဲမှု ပမာဏ ငွေကျပ် (၁.၄) ထရီလီယံ ခန့်ရှိ

မြန်မာနိုင်ငံ၏ ဦးဆောင် မိုဘိုင်းငွေပေးချေမှုစနစ် ပံ့ပိုးသူ KBZPay သည် လစဉ် အဆက်မပြတ် မြင့်တက်လာသော အချင်းချင်းငွေလွှဲလုပ်ဆောင်မှု ပမာဏကို ဝန်ဆောင်မှုပေးလျက်ရှိရာ ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်း အသုံးပြုသူများမှ ငွေလွှဲမှု ပမာဏမှာ ငွေကျပ် (၁.၄) ထရီလီယံကျော် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံရှိ ပြည်သူများအနေဖြင့် မိုဘိုင်းငွေကြေးလုပ်ဆောင်ချက်များကို ပြောင်းလဲအသုံးပြုလာသည့်အလျောက် KBZPay အား အသွင်သစ်၊ အသုံးပြုသူနှင့် ကိုက်ညီမှုအရှိဆုံးပုံစံ အဆင့်မြင့် နည်းပညာလုပ်ဆောင်ချက်များအပြင် တိုးချဲ့ထားသော ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ထည့်သွင်း၍ မိတ်ဆက်လိုက်ပြီ ဖြစ်ပါသည်။ 

Photo source www.kbzpay.com

KBZPay သည် မြန်မာနိုင်ငံတော် အစိုးရက ချမှတ်ထားသည့် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု စီမံချက် (CERP) ပန်းတိုင်တစ်ခုအရ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုဘိုင်းငွေကြေး လွှဲပြောင်းပေးချေမှုများ လုပ်ဆောင်ရာတွင် အဓိက မောင်းနှင်သူအဖြစ် ဝန်ဆောင်မှုပေးနိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်လျက် ရှိပါသည်။ ကြီးမားကျယ်ပြန့်ပြီး ကဏ္ဍပေါင်းစုံ ချိတ်ဆက်ထားသည့် ဂေဟစနစ်တစ်ခုကို ပံ့ပိုးနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားသည့် KBZPay သည် နိုင်ငံ၏ ငွေကြေးဆိုင်ရာနည်းပညာကဏ္ဍ ဦးဆောင်သူတစ်ဦးအဖြစ် ငွေကြေးဝန်ဆောင်မှု အဖွဲ့အစည်းများ၊ လက်လီအရောင်းဆိုင်များ၊ ဆက်သွယ်ရေးအော်ပရေတာများနှင့် အခြား ဈေးဆိုင်ပိုင်ရှင်များအား ၎င်းတို့၏ ဝန်ဆောင်မှု အသုံးပြုသူများနှင့် တိုက်ရိုက်ချိတ်ဆက်ပေးလျက်ရှိပါသည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလမှ ဩဂုတ်လ ၁၃ အတွင်း KBZPay ဖြင့် ဆောင်ရွက်ခဲ့သော ငွေကြေးလုပ်ဆောင်ချက်များ၏ ပမာဏ စုစုပေါင်းမှာ ငွေကျပ် (၄.၉) ထရီလီယံ ရှိခဲ့ပြီး ၂၀၁၉ ခုနှစ်၊ တစ်နှစ်တာအတွင်း ဆောင်ရွက်ခဲ့သော ပမာဏထက် (၇၅%) ပိုမို တိုးတက်လာခဲ့သည်။ KBZPay သည် ယခုနှစ်၊ ဧပြီလမှစတင်၍ မှတ်ပုံတင်ထားသော KBZPay အသုံးပြုသူအချင်းချင်း အခမဲ့၊ ချက်ချင်း၊ အချိန်မရွေး ငွေလွှဲပြောင်းမှုများ လုပ်ဆောင်နိုင်ရန် တိုးမြှင့်ဝန်ဆောင်မှုပေးအပ်ခဲ့ရာ ငွေကြေး လွှဲပြောင်းမှု ပြုလုပ်သည့် အရေအတွက် (၈၇%) အထိ တိုးတက်ခဲ့ပြီး ငွေကြေးလွှဲပြောင်းမှု ပမာဏ (၁၆၂%) အထိ မြင့်တက်သွားခဲ့သည်။ ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ တစ်လတည်းမှာပင် အဆိုပါ အသုံးပြုသူအချင်းချင်း အခမဲ့၊ ချက်ချင်း၊ မိုဘိုင်းဖုန်းမှတဆင့် ငွေလွှဲပြောင်းမှု ပြုလုပ်ခဲ့သော ပမာဏမှာ ငွေကျပ် (၄.၅) ဘီလီယံ ရှိခဲ့သည်။ ထိုရလဒ်များ၏ တစ်စိတ်တစ်ဒေသမှာ ကိုဗစ်-၁၉ ကြောင့် အသွားအလာ ကန့်သတ်တားမြစ်ခြင်းနှင့် အိမ်တွင်းနေထိုင်ခြင်း ကာကွယ်ရေး စီမံချက်များ ထုတ်ပြန်ခဲ့သည့် ကာလအတွင်းတွင် ရရှိခဲ့ခြင်းဖြစ်ပြီး ထိုအချိန်မှစ၍ KBZPay ထည့်သွင်းအသုံးပြုမှုနှင့် နေ့စဉ် အသုံးပြုမှုနှုန်းမှာ အဆက်မပြတ် မြင့်တက်လာခဲ့သည်။ 

Photo Source www.kbzpay.com

ကမ္ဘောဇဘဏ်၏ အလုပ်အမှုဆောင်အရာရှိဖြစ်သူ Mike DeNoma က “အခုဆိုရင် KBZPay ရဲ့ အသွင်သစ်နဲ့ အက်ပလီကေးရှင်းတစ်ခုကနေ ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရတဲ့ ငွေလွှဲလုပ်ဆောင်ချက်တွေကို မိုဘိုင်းဖုန်းကနေ ပြုလုပ်နိုင်အောင် ဝန်ဆောင်မှုပေးရင်း မြန်မာနိုင်ငံက ပြည်သူတွေအတွက် အားလုံးပါဝင်နိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ဖော်ဆောင်ပေးသွားမှာပါ။ KBZPay မိုဘိုင်းပိုက်ဆံအိတ်ဟာ အက်ပလီကေးရှင်းတစ်ခုဆိုတာထက် သာလွန်နေပါပြီ။ ဘာလို့လဲဆိုတော့ အသုံးပြုသူတစ်ဦးကို ၂၉၀,၀၀၀ ကျော် ရှိပြီးသား ကိုယ်စားလှယ်နဲ့ ဈေးဆိုင်ပိုင်ရှင် ကွန်ရက်တစ်ခုနဲ့ ချိတ်ဆက်ပေးတယ်။ ဝန်ဆောင်ခ ပေးစရာမလိုဘဲ တခြားသူတွေဆီ ငွေလွှဲနိုင်အောင် ဆောင်ရွက်ပေးတယ်။ ပြီးတော့ ပေးဆောင်စရာရှိတဲ့ ဘေလ်တွေကို ဒစ်ဂျစ်တယ် နည်းပညာနဲ့ အလွယ်တကူ ပေးနိုင်အောင် ဝန်ဆောင်ပေးတယ်။ ကျွန်တော်တို့ရဲ့ KBZPay အသုံးပြုသူတွေကတော့ သူတို့ရဲ့ နေ့စဉ်ဘဝတွေမှာ KBZPay ကို ဘယ်လိုအကျိုးရှိရှိ အသုံးပြုနိုင်တယ်ဆိုတာ လက်တွေ့ သိမြင်နေကြရပြီ ဖြစ်ပါတယ်။ အဲ့ဒီ့အချက်က ဒီနှစ်အစပိုင်း ဇန်နဝါရီလနဲ့နှိုင်းယှဉ်ရင် ၂၀၂၀ ခုနှစ်၊ ဇွန်လမှာ အသုံးပြုသူတွေရဲ့ KBZPay ထဲမှာ လည်ပတ်အသုံးပြုနေတဲ့ ငွေကြေးပမာဏ (၁၆၇%) အထိ မြင့်တက်သွားတာကို ကြည့်ရင် သိနိုင်ပါတယ်” ဟု ပြောသည်။

“နိုင်ငံတစ်ဝန်းမှာရှိတဲ့ အသုံးပြုသူတွေ၊ ဈေးဆိုင်ပိုင်ရှင်တွေ၊ ကိုယ်စားလှယ်နဲ့ ဝန်ဆောင်မှုပေးတဲ့ လုပ်ငန်းတွေကို ချိတ်ဆက်ပေးနေတဲ့ ယုံကြည်စိတ်ချရတဲ့ ပလက်ဖောင်းတစ်ခုအဖြစ် KBZPay ဟာ မြန်မာနိုင်ငံရဲ့ တိုးတက်လာတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကဏ္ဍကို အရှိန်အဟုန် မြှင့်တင်ပေးနိုင်အောင် ကူညီထောက်ပံ့လျက် ရှိပါတယ်။ ကျွန်တော်တို့ KBZPay ရဲ့ အားကောင်းခိုင်မာတဲ့ အခြေခံအုတ်မြစ်နဲ့ အခုလို ပုံမှန်အခြေအနေအသစ်နဲ့ နောင်လာမယ့် ကာလမှာ စီးပွားရေးလုပ်ငန်းနဲ့ လူမှုအသိုင်းအဝိုင်းတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဆက်လက် ရပ်တည်လည်ပတ်နိုင်အောင် ပံ့ပိုးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်” ဟု ထပ်မံ ပြောကြားခဲ့သည်။ 

Photo source www.kbzpay.com

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို  ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင်  များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် www.facebook.com/KBZPay တွင်ဝင်ရောက်  လေ့လာနိုင်ပါသည်။