ဖက်ရှင်ဒီဇိုင်းချစ်သူတွေအတွက်Vivo S1 Prime ရဲ့ #IAmLimitedEdition အစီအစဉ်စတင်

Vivo S Series ကနေ အခုနောက်ဆုံး မြန်မာနိုင်ငံဈေးကွက်ထဲကိုဝင်ရောက်လာတဲ့ S1 Prime က ထူးခြား ဆန်းသစ်တဲ့အရောင်၊ နောက်ဆုံးပေါ်ဒီဇိုင်းနဲ့ Limited Edition အဖြစ် ထွက်ရှိလာခဲ့တာပါ။ စိန်ပွင့်ပုံစံ (AI Quad Rear Camera) ဒီဇိုင်းအသွင်အပြင်နဲ့ တွဲဖက်ပြီး အကောင်းဆုံးဆိုတာကိုမှ လိုချင်ကြတဲ့ သုံးစွဲသူတွေ အထူးသဖြင့် အချိန်တိုင်းပြောင်းလဲ‌နေတဲ့ trend တွေကို အမှီလိုက်နိုင်ဖို့ ဆန္ဒပြင်းပြတဲ့လူငယ်တွေအတွက် ဒီ S1 Prime စမတ်ဖုန်းက အသင့်တော်ဆုံးဖြစ်မှာပါ။
သာမန်ဖြစ်တည်မှုတွေကြားထဲမှာမှ တစ်စုံတစ်ယောက်အတွက် အထူးသီးသန့်ရည်ရွယ်ထားတယ်လို့ အဓိက ဆိုလိုချင်တဲ့ Vivo S1 Prime Limited Edition က #IAmLimitedEdition အစီအစဉ်ကို တင်ဆက်လိုက်ပါပြီ။ ဒီအစီအစဉ်ကို Vivo Myanmar facebook page https://www.facebook.com/vivomobileMM ပေါ်မှာ ဩဂုတ်လ ၁၈ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ကျင်းပသွားမှာပါ။

Photo Source https://www.facebook.com/vivomobileMM/

ဒီအစီအစဉ်မှာ ပါဝင်လိုသူတွေက သင့်မှာရှိတဲ့၊ သင် limited edition လို့ယူဆရတဲ့ ထူးခြားဆန်းပြား တဲ့ဖက်ရှင် ဒီဇိုင်း၊ အသုံးအဆောင် (ဥပမာ – ခရမ်းရောင်ဆံပင်၊ make-up creation၊ ဖိနပ်) စတာတွေကို ဓာတ်ပုံရိုက်ပီး သင့် facebook ပေါ်မှာ vivo နဲ့ tag တွဲပြီး post တင်ပါ။ ဓာတ်ပုံရဲ့ ခေါင်းစဉ် (caption) က ‘ဘယ်အရာက သင့်ရဲ့ special (သို့မဟုတ်) limited edition ဖြစ်တယ်ဆိုတဲ့အကြောင်း’ စာတစ်ကြောင်းရေးသားပြီး သူငယ်ချင်းနှစ်ယောက်ကို tag လုပ်ပြီး share ပါ။
Limited Edition အစီအစဉ်မှာပါဝင်ယှဉ်ပြိုင်သူတွေရဲ့ ဖန်တီးတင်ပြနိုင်မှုအပေါ်မူတည်ပြီး Vivo က winner ၅ ယောက်ရွေးချယ်ပေးသွားမှာပါ။ အနိုင်ရရှိသူတွေအနေနဲ့ vivo S1 Prime အတွက် အထူးသီးသန့်ရည်ရွယ် ထုတ်လုပ်ထားတဲ့ limited edition gift box ကို giveaway ရရှိမှာဖြစ်ပါတယ်။
သင့်စတိုင်လ်ကို ပြောင်းလဲမြှင့်တင်ပေးနိုင်မယ့် Vivo S1 Prime မှာ 48MP Quad Rear Camera, 16MP Selfie Camera ပါဝင်ပြီး 6.38”FHD+AMOLED (2340×1080) မျက်နှာပြင်၊ In-Display Fingerprint Scanning ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကတော့ RAM-8GB + ROM-128GB, Qualcomm Snapdragon 665, 4500mAh(TYP), Fast Charging 9V2A- Type C နဲ့ Android 9 (Funtouch OS 9.2) တို့ပဲဖြစ်ပါတယ်။ ဩဂုတ် လ ၁၅ ရက်နေ့စတင်ပြီး မြန်မာနိုင်ငံတစ်ဝန်း ဖုန်းအရောင်း ဆိုင်တွေမှာ ငွေကျပ် ၃၈၉,၈၀၀ နဲ့ ဝယ်ယူနိုင်ပါပြီ။

Photo Source https://www.facebook.com/vivomobileMM/

“Vivo ဟာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အချစ်တွေကို ပိုင်ဆိုင်ရယူနိုင်ခဲ့ပြီး၊ Vivo Y Series နဲ့ S Series တို့နဲ့လည်း အောင်မြင်မှုတွေအများကြီးရရှိခဲ့ပါတယ်။ ကျွန်တော်တို့ဟာ မြန်မာလူငယ်တွေရဲ့ တောက်ပတဲ့ စတိုင်လ်တွေနဲ့ အရောင်တွေနဲ့ ကိုက်ညီမှုရှိဖို့အတွက် အခုလိုမျိုး S1 Prime ကို ထူးခြားဆန်းပြားတဲ့ အရောင်တွေနဲ့ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အရောင်အသွေးများဟာ အသုံးပြုသူ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ထူးခြားတဲ့ ပင်ကိုယ်အရည်အသွေး တွေကို ထုတ်ဖော်ပြသနေတာကို နားလည်တာကြောင့် အခုလိုမျိုး Nebula Blue နဲ့ Jade Black စတဲ့ အရောင်တွေကို S1 Prime ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းအဖြစ် ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ အခုလို အဆင့်မြှင့်တင်ထားတဲ့ အရောင် အမျိုးအစားအသစ်တွေနဲ့အတူ ခေတ်မီဆန်းသစ်တဲ့ စမတ်ဖုန်းများစွာနဲ့ မြန်မာလူငယ် တွေအတွက် ဈေးနှုန်းချိုသာတဲ့ စမတ် ဖုန်းတွေကို မိတ်ဆက်သွားရင်း စမတ်ဖုန်းလောကကို တစ်ဆစ်ချိုး ပြောင်းလဲလို ပါတယ်” Vivo မြန်မာ၏ Chief Operating Officer ဖြစ်သူ Mr. Nelson Ni မှ ပြောကြားခဲ့ပါတယ်။
Vivo ဟာ စမတ်ဖုန်းလောကရဲ့ ဆန်းသစ်တီထွင်မှု၊ ဝန်ဆောင်မှုအတွက် ဦးတည်ရာလမ်းကြောင်းအသစ်များကို ဦးဆောင် လမ်းဖောက်နေတဲ့ နည်းပညာကုမ္ပဏီတစ်ခုလည်းဖြစ်ပါတယ်။ Vivo သုံးစွဲသူများကိုလည်း ဒစ်ဂျစ်တယ်ကမ္ဘာကြီးနဲ့ ချိတ်ဆက်နိုင်စေဖို့ မိုဘိုင်းထုတ်ကုန်များ၊ ဝန်ဆောင်မှုများ၊ နည်းပညာ၊ ထူးခြားသောဖက်ရှင် စတဲ့ဖန်တီးမှုနည်းလမ်းများတို့နဲ့ ဖန်တီးထားတဲ့ ဒီဇိုင်းများကို မိတ်ဆက်ခဲ့ပြီးလည်းဖြစ်ပါတယ်။
Vivo ဟာ ဆန်းသစ်တီထွင်ခြင်း၊ သုံးစွဲသူများရဲ့ စိတ်အားထက်သန်မှု၊ Benfen အပါအဝင် သတ်မှတ်ထားသော အဓိကတန် ဖိုးများကိုစောင့်ထိန်းလိုက်နာလျက်ရှိပါတယ်။ Vivo ဟာ ဖွံ့ဖြိုးတိုးတက်မှု ဗျူဟာကိုလည်းအကောင်အထည်ဖော် ဆောင်ရွက် ခဲ့ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ကမ္ဘာ့အဆင့်မီစီးပွားရေးလုပ်ငန်းတစ်ခု ဖြစ်လာဖို့လည်း ရန်မျှော်မှန်းထားပါတယ်။
Vivo ရုံးချုပ်ဟာ တရုတ်နိုင်ငံမှာတည်ရှိပြီး အမေရိကန်နိုင်ငံ (San Diego မြို့) နဲ့ တရုတ်နိုင်ငံ (Dongguan, Shenzhen, Nanjing, Beijing, Hangzhou) မြို့များမှာ သုသေသနဖွံဖြိုးရေးစင်တာများကို ထောက်ပံ့ပေးခဲ့ပါတယ်။ အဲ့ဒီ စင်တာများမှာ 5G၊ AI၊ Mobile Photography နဲ့ မျိုးဆက်သစ်စမတ်ဖုန်း ဒီဇိုင်းတို့ကို သုံးစွဲသူများအတွက် နောက်ဆုံးပေါ် နည်းပညာများ တိုးတက်ဖွံ့ဖြိုးလာစေဖို့ အဓိကထား အာရုံစိုက်လျှက်ရှိပါတယ်။
Vivo စမတ်ဖုန်းများအကြောင်းကို ပိုမိုသိရှိလိုပါက https://www.vivo.com/en/about-vivo/news နှင့် Vivo ၏ Official Facebook page https://www.facebook.com/vivomobileMM/ တွင်ကြည့်ရှုနိုင်ပါတယ်။