ပြည်သူအတွက်အသိပညာပေး M.I.L Kyi(မေးကြည့်) တီဗွီအစီအစဉ်သစ် စတင်မိတ်ဆက်

မီဒီယာ၏ အခန်းကဏ္ဍကိုနားလည်စေရန်၊ သတင်းနှင့်သတင်းအရင်းအမြစ်များကို ခွဲခြမ်းစိတ်ဖြာနိုင်စေရန်၊ သတင်းအချက် နှင့်နီးကပ်စွာရှိနေသော အခြားသတင်းပုံစံများကို လေ့လာသိရှိစေရန်၊ အွန်လိုင်းပေါ်မှ သုံးစွဲသူများကိုယ်တိုင် ကိုယ်တိုင်ဖန် တီးထားသော အကြောင်းအရာများ၊ သတင်းအမှန်/အမှားစိစစ်နည်းလမ်းများ စသောအကြောင်းအရများကို သိရှိနားလည်စေ ရန်အတွက် M.I.L Kyi(မေးကြည့်) တီဗွီအစီအစဉ်သစ်စတင် မိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၁၉ ခုနှစ် မေလ ၁၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ဗိုလ်တစ်ထောင် ဘုရားလမ်း၊ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

Photo Source – https://www.facebook.com/MILkyiTV

ထိုမိတ်ဆက်ပွဲအခမ်းအနားတွင် DVB သတင်းဌာနမှ Youth Voice Program မှ တာဝန်ရှိသူ ဦးတိုးဝေအောင်၊Myanmar ICT For Development Organization (Real or Not) ဟုတ်တယ် vs မဟုတ်ဘူး Program မှ တာဝန်ရှိသူ ဒေါ်ဖြူဖြူသီ နှင့် FNF(Friedrich Naumann Foundation For Freedom) မှဦးအောင်သူဟိန်းတို့မှ တီဗွီအစီအစဉ်အသစ်ထုတ်လွှင့်ရ ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ကြသည်။
အဆိုပါ M.I.L Kyi(မေးကြည့်) တီဗွီအစီအစဉ်သစ် ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်တွင် DVB TV တွင် စတင်ထုတ်လွှင့်ပြသခဲ့ ပြီး ကြည့်ရှုသူများအတွက် ပညာပေးဖျော်ဖြေမှု (Edutainment) ပုံစံဖြင့်တင်ဆက်ထားကာ အပတ်စဉ် အင်္ဂါနေ့ည ၇ နာရီ ၁၅ မိနစ်အချိန်တွင် ထုတ်လွှင့်ပြသွားမည်လည်းဖြစ်သည်။

Photo Source – https://bit.ly/2Q7zMLK

M.I.L Kyi(မေးကြည့်) တီဗွီအစီအစဉ်ကို ထုတ်လွှင့်ရခြင်းရည်ရွယ်ချက်မှာလည်း ပြည်သူလူထုသတင်းအသိပညာပိုမိုတိုးပွား လာစေရန်၊ ပြည်သူလူထု၏ သတင်းအသိပညာ ပိုမိုတိုးပွားလာသည်နှင့်အမျှ လူမှုကွန်ရက်မီဒီယာပေါ်မှ သတင်းအမှားများ ကောလဟလများကို အလွယ်တကူမယုံကြည်ပဲ ဝေဖန်ဆန်းစစ်တတ်ရန်၊ သတင်းအမှားများနှင့်ကောလဟလများ၏ ဆိုးကျိုး များသည် မြန်မာနိုင်ငံရွေးကောက်ပွဲနှင့် ရွေးကောက်ပွဲအလွန်ကာလများအထိ မဲဆန္ဒရှင်ပြည်သူများအပေါ် သက်ရောက်မှုမရှိ စေရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
အဆိုပါ တီဗွီအစီအစဉ်သစ်တွင် မီဒီယာနှင့်သတင်းအသိပညာပေးအကြောင်းအရာများကို အပိုင်း (၁၂) ပိုင်းဖြင့်ထုတ်လွှင့်ပြ သသွားမည်ဖြစ်ပြီး အပိုင်းတစ်ပိုင်းချင်းစီတွင် သတင်းပေးပို့မှု၊ ပညာပေးအစီအစဉ်၊ လူမှုကွန်ရက်ပေါ်တွင် လတ်တလောလူ ပြောများနေသော အကြောင်းအရာများ၊ လူမှုကွန်ရက်သုံးစွဲသူ လူငယ်များ၏အသံများ၊ နည်းပညာနယ်ပယ်နှင့်သတင်းအ ချက်အလက်အသိပညာပေးမှုနယ်ပယ်တို့တွင် ကျွမ်းကျင်သူများနှင့်တွေ့ဆုံမေးမြန်းမှုများ၊ ဉာဏ်စမ်းအစီအစဉ်များပါဝင်သွား မည်ဖြစ်ကြောင်းလည်း သိရသည်။

Photo Source – Myanmar Tech Press

အဆိုပါ တီဗွီအစီအစဉ်သစ်ကို DVB သတင်းဌာနမှ Youth Voice Program၊ Myanmar ICT For Development Organization (Real or Not) ဟုတ်တယ် vs မဟုတ်ဘူး Program တို့ ပူးပေါင်းတင်ဆက်ထားခြင်းဖြစ်ပြီး FNF(Friedrich Naumann Foundation For Freedom) ကူညီပံ့ပိုးထားခြင်းလည်ဖြစ်သည်။ DVB သတင်းဌာနမှ ရိုက်ကူးရေးနှင့်ထုတ်လွှင့် ပြသမှုကို တာဝန်ယူပေးပြီး အစီအစဉ်အတွက်အကြောင်းအရာများကို (Real or Not) ဟုတ်တယ် vs မဟုတ်ဘူး Program မှ တာဝန်ယူဖန်တီးတင်ပြထားခြင်းဖြစ်ကြောင်းလည်း သိရသည်။

Photo Source – Myanmar Tech Press

“ပြည်သူလူထုအနေနဲ့ အွန်လိုင်းသုံးစွဲတဲ့အခါ မမှန်ကန်တဲ့ သတင်းအမှားတွေကြောင့် ထိခိုက်နစ်နာမှုတွေဖြစ်တတ်ကြပါ တယ်။ အဲ့ဒါကြောင့် ပြည်သူလူထုရဲ့ အကျိုးစီးပွားကိုမထိခိုက်စေတဲ့ နည်းလမ်းကိုစဉ်းစားမိလို့ ဒီ Program ကိုစီစဉ်လိုက်ရ တာလည်းဖြစ်ပါတယ် ” ဟု (Real or Not) မှတာဝန်ရှိသူ ဒေါ်ဖြူဖြူသီက ပြောကြားသည်။
“အင်္ဂါနေ့မှ စတင်ထုတ်လွှင့်ပေးခဲ့တာပါ။ အခုတော့ အပိုင်းနှစ်ပိုင်းကတော့ လွှင့်ပြီးသွားပါပြီ ” ဟု DVB သတင်းဌာနမှ တာဝန်ရှိသူတစ်ဦးဖြစ်သော ဦးတိုးဇော်လတ်ကပြောကြားသည်။

Photo Source – Myanmar Tech Press

DVB (ဒီမိုကရက်တစ် မြန်မာ့အသံ)သတင်းဌာနသည် ၁၉၉၂ တွင် နော်ဝေနိုင်ငံအော်စလိုမြို့တွင်စတင်ထူထောင်ခဲ့ပြီး ယခု အခါ မြန်မာနိုင်ငံတွင် အခြေစိုက်သည့်သက်တမ်း (၂၆) နှစ်ရှိနေပြီဖြစ်သည်။ Myanmar ICT For Development Organization(ဖွံ့ဖြိုးမှုအတွက် မြန်မာအိုင်စီတီအဖွဲ့) သည် မြန်မာနိုင်ငံအခြေပြုအရပ်ဘက်လူမှုအဖွဲ့အစည်းတစ်ခုလည်းဖြစ် ပြီး မီဒီယာနှင့်သတင်းအချက်အလက်အသိပညာပေးလုပ်ငန်းများကို ပြည်သူလူထုသိမြင်နိုင်စေရန် သင်တန်းများပို့ချခြင်းများ၊ ဟုတ်တယ် vs မဟုတ်ဘူး Facebook Page တွင်သတင်းအမှားအမှန်စိစစ်ပေးခြင်းများ၊ သတင်းအသိပညာပေးသင်ခန်းစာ အကြောင်းအရာများကိုတင်ဆက်ပေးလျက်ရှိသောအဖွဲ့အစည်းတစ်ခုဖြစ်သည်။ Friedrich Naumann Foundation For Freedom သည် လစ်ဘရယ်မူဝါဒများ အကောင်အထည်ဖော်နေသည့် ဂျာမနီနိုင်ငံမှ အကျိုးအမြတ်မယူသော ဖောင်ဒေးရှင်း ဖြစ်ပါသည်။
M.I.L Kyi(မေးကြည့်) တီဗွီအစီအစဉ်သစ်ကို Facebook မှကြည့်ရှုလိုသူများအနေဖြင့်လည်း အောက်ပါ Link တွင်ဝင် ရောက်ကြည့်ရှုနိုင်ပါသည်။
https://www.facebook.com/MILkyiTV