တယ်လီနော၏ ကံစမ်းမဲ အစီအစဉ်သစ် ‘ရှယ် SPIN၊ ရှယ် WIN’ တွင် ပါဝင်၍ အံ့အားသင့်ဖွယ် ဆုမဲပေါင်း ၄၀၀,၀၀၀ ကျော်အား ပိုင်ဆိုင်နိုင်ခွင့်ကို ရယူလိုက်ပါ။

တယ်လီနောမြန်မာသည် ၎င်း၏ MyTelenor app မှတဆင့် ‘ရှယ် SPIN၊ ရှယ် WIN’ အမည်ရ နောက်ထပ် အထူးကံစမ်းမဲ အစီအစဉ်တစ်ခုအား ၂၀၁၉ ခုနှစ်၊ မေလ ၈ ရက်နေ့တွင် စတင်မိတ်ဆက်လိုက်သည်။ ဤ ကံစမ်းမဲ အစီအစဉ်အား တယ်လီနော၏ prepaid အသုံးပြုသူများသာ ပါဝင်နိုင်မည် ဖြစ်ပြီး စိတ်လှုပ်ရှားဖွယ် ဆုမဲ အရေအတွက် များစွာအား ကံစမ်းရယူသွားနိုင်မည် ဖြစ်သည်။

မည်သည့် ဒေတာအစီအစဉ်ကို ဖြစ်စေ မည်သည့်နည်းလမ်းဖြင့် မဆို (USSD သို့ SMS သို့ ဝက်ဘ်ဆိုက် သို့ WowBox သို့ MyTelenor App သို့ E-Load) ဝယ်ယူလိုက်သည်နှင့် တပြိုင်နက် တယ်လီနော၏ prepaid အသုံးပြုသူများ အားလုံးသည် ဤ စိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း အစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည် ဖြစ်သည်။ အသုံးပြုသူများသည် ၎င်းတို့၏ ဝယ်ယူမှု ပမာဏအပေါ် မူတည်၍ spin များကို ရရှိသွားမည် ဖြစ်ပြီး အဆိုပါ spin များအား အသုံးပြု၍ MyTelenor App ရှိ ‘ရှယ် SPIN၊ ရှယ် WIN’ ပရိုမိုးရှင်း တွင် ပါဝင်ကံစမ်း သွားနိုင်မည် ဖြစ်သည်။ အသုံးပြုသူများသည် ဤ ကံစမ်းမဲ အစီအစဉ်အား စတင်မိတ်ဆက်သည့်နေ့ (မေလ ၈ ရက်) မှစ၍ ရက်ပေါင်း ၃၀ အတွင်း ပါဝင်ကံစမ်းသွားနိုင်မည် ဖြစ်သည်။

 

Photos Source- Screenshot by Myanmar Tech Press

ထိုသို့ ရရှိလာသည့် spin အရေအတွက် တစ်ခုလျှင် တစ်ကြိမ် ပါဝင်ကံစမ်းခွင့် ရရှိမည် ဖြစ်ပြီး MyTelenor app အတွင်းရှိ spin wheel အားလှည့်၍ဖြစ်စေ ‘Spin Now’ ခလုတ်အား ရွေးချယ်၍ ဖြစ်စေ အလွယ်တကူ ပါဝင်နိုင်မည် ဖြစ်သည်။ ရရှိနိုင်သည့် နေ့စဉ်ဆုမဲများတွင် Samsung J2 မိုဘိုင်းဟန်းဆက် ၅ ဆု၊ ဖုန်းဘေလ် ၂,၀၀၀ ကျပ် ၅,၀၀၀ ဆု (ပြည်တွင်းမှ မည်သည့်ဖုန်းကိုမဆို PAYGO ခေါ်ဆိုနိုင်)၊ အခမဲ့ စာတို အရေအတွက် ၁,၀၀၀ ပေးပို့နိုင်ခွင့် ၅,၀၀၀ ဆု၊ Giordano အရောင်းဆိုင်များတွင် ၁၅% လျှော့ဈေးခံစားခွင့် ၃,၀၀၀ ဆုနှင့် SHOP အက်ပလီကေးရှင်းတွင် အနည်းဆုံး ငွေကျပ် ၁၀,၀၀၀ အသုံးပြုမှုတိုင်းအတွက် ၂,၀၀၀ ကျပ် လျှော့ဈေး ခံစားခွင့် ၃,၀၀၀ ဆုတို့ ပါဝင်မည် ဖြစ်သည်။ ထို့အပြင် ကံစမ်းမဲကာလ ပြီးဆုံးသည့်အခါတွင်လည်း ‘ရှယ် SPIN၊ ရှယ် WIN’ အစီအစဉ်တွင် ပါဝင်ကံစမ်းခဲ့သည့် အသုံးပြုသူအားလုံးသည် အခြားမည်သည့်လုပ်ဆောင်ချက်မျှ ထပ်မံ လုပ်ဆောင်စရာမလိုပဲ KIA Picanto ကားသစ် ၄ စီးအား ပိုင်ဆိုင်နိုင်မည့် အခွင့်အရေးကိုလည်း ထပ်မံ ရရှိ သွားမည် ဖြစ်သည်။

“မကြာသေးခင်က ကျင်းပပြီးစီးခဲ့တဲ့ ချွင်ချွင် ကံစမ်းမဲ အစီအစဉ်ဟာ ကျွန်တော်တို့ရဲ့ ချစ်ခင်ရတဲ့ အသုံးပြုသူတွေ ဆီက စိတ်ဝင်စားမှုတွေကို များစွာ ရရှိခဲ့ပါတယ်။ တယ်လီနောအနေနဲ့ အသုံးပြုသူတွေ အားလုံးကို ပိုမိုဆန်းသစ်တဲ့ စိတ်ဝင်စားစရာ အကျိုးခံစားခွင့်တွေကို ပေးအပ်သွားနိုင်ဖို့ အမြဲတမ်း ရည်သန်ဆောင်ရွက်နေတာ နဲ့အညီ အခုတစ်ကြိမ်မှာလည်း ချွင်ချွင် ထက်ပိုပြီး ကြီးမားတဲ့၊ ပိုမိုများပြားတဲ့ ဆုလက်ဆောင်တွေ ပါဝင်တဲ့ ကံစမ်းမဲ အစီအစဉ် တစ်ခုကို မိတ်ဆက်လိုက်ပြီ ဖြစ်ပါတယ်။ တယ်လီနော အသုံးပြုသူ အားလုံး အနေနဲ့လည်း ဒီ အစီအစဉ်ကို နှစ်သက် အားပေးကြလိမ့်မယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်” ဟု တယ်လီနော မြန်မာ ၏ ဈေးကွက် ဖော်ဆောင် ရေး ဆိုင်ရာ အရာရှိချုပ်ဖြစ်သူ Amaresh Kumar က ပြောကြားသည်။

အထူးဆုအဖြစ် KIA Sportage 2018 ကားသစ် တစ်စီးအပါအဝင် ဆုမဲပေါင်း ၂၀၀,၀၀၀ ကျော် (နေ့စဉ် ဆုမဲပေါင်း ၈,၀၀၀ ကျော်) အား အသုံးပြုသူများထံ ပေးအပ်နိုင်ခဲ့သည့် နိုင်ငံတဝန်း လူကြိုက်များခဲ့သော ‘ချွင်ချွင်’ ကံစမ်းမဲ အစီအစဉ် ပြီးဆုံးပြီးနောက် ယခု ‘ရှယ် SPIN၊ ရှယ် WIN’ အစီအစဉ်သည် MyTelenor app ပေါ် မှတဆင့် အသုံးပြုသူများထံ ပေးအပ်လိုက်သည့် ဒုတိယ အကြိမ်မြောက် ကံစမ်းမဲ အစီအစဉ် ဖြစ်သည်။

“မြန်မာနိုင်ငံကို စတင်ဝင်ရောက်လာတဲ့ အချိန်ကတည်းက ကျွန်မတို့ရဲ့ အသုံးပြုသူတွေဟာ တယ်လီနောကို အစဉ်တစိုက် အားပေးခဲ့ကြပြီး သူတို့ရဲ့ ထောက်ခံအားပေးမှုတွေသာ မရှိရင် ဒီနေ့လို နေရာကို ကျွန်မတို့ ရောက်ရှိလာနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်လည်း သူတို့အတွက် အကောင်းမွန်ဆုံးနဲ့ အဆန်းသစ်ဆုံး ထုတ်ကုန်တွေ၊ ဝန်ဆောင်မှုတွေကို ပေးအပ် နိုင်ဖို့ တယ်လီနောအနေနဲ့ မရပ်မနား ကြိုးစား ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ မကြာသေးခင်ကမှ MyTelenor app ပေါ်က တဆင့် ပေးအပ်ခဲ့တဲ့ ချွင်ချွင် ကံစမ်းမဲ အစီအစဉ်ဟာ အသုံးပြုသူတွေဆီက စိတ်ဝင်စားမှုတွေ အများ အပြား ရရှိခဲ့တယ်ဆိုတာကို ကျွန်မတို့ သိရှိထားပြီး ဒါကြောင့်လည်း အခုလို ပိုမိုအံ့အားသင့်ဖို့ကောင်းတဲ့ ဆုမဲတွေ ပါဝင်တဲ့ နောက်ထပ် အထူးကံစမ်းမဲ အစီအစဉ်တစ်ခုကို စတင်ခဲ့တာ ဖြစ်ပါတယ်။ အခုအစီအစဉ်မှာ အသုံးပြုသူတွေ ပါဝင်ဖို့ အတွက်လည်း ရိုးရှင်းလွယ်ကူအောင် ကျွန်မတို့ စီစဉ်ထားပြီး အသုံးပြုသူတွေ အကုန်လုံးကလည်း ဒီလို စိတ်လှုပ်ရှားဖို့ကောင်းတဲ့ အစီအစဉ်ကို နှစ်သက်အားပေးကြလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု တယ်လီနောမြန်မာ၏ ဒစ်ဂျစ်တယ် ဝန်ဆောင်မှုပိုင်းဆိုင်ရာ အကြီးအကဲ Chan May Ling က ပြောကြားသည်။

မြန်မာနိုင်ငံမှ ၎င်း၏ အသုံးပြုသူများအတွက် ပိုမိုကောင်းမွန်သော အသုံးပြုမှု အတွေ့အကြုံများနှင့် ဒစ်ဂျစ်တယ် အတွေ့အကြုံများအား ပေးအပ်သွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် တယ်လီနောမြန်မာသည် လတ်တလောတွင် ‘ခင်မင်’ Chatbot ဝန်ဆောင်မှု၊ Mobile Legends ဂိမ်းကစားသူများအတွက် စိတ်လှုပ်ရှားဖွယ်ရာ လက်ဆောင်များ ပေးအပ် သည့် အစီအစဉ်၊ တယ်လီနောအသုံးပြုသူများသာ သီးသန့်ရယူနိုင်မည့် Disney Portal၊ ပုံစံသစ်ဒေတာစုဘူးဗေဒင်နှင့် တခြားသောဝန်ဆောင်မှုများ အစရှိသည့် အစီအစဉ်များစွာအား မိတ်ဆက်ပေးအပ်ခဲ့သည်။ ထို့အပြင် မကြာသေးမီ အချိန် ကလည်း တယ်လီနောသည် ၎င်း၏သုံးစွဲသူများအတွက် ဆန်းသစ်သည့် ဒစ်ဂျစ်တယ်ပိုင်းဆိုင်ရာ ဝန်ဆောင်မှုအသစ်များအား ဖန်တီးပေးအပ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် မြန်မာနိုင်ငံတွင် အကောင်းမွန်ဆုံးနှင့် လူကြိုက်အများဆုံးသော ဗီဒီယို အက်ပလီကေးရှင်းများ ဖြစ်သည့် myanflix, YouTube, Viu, WowPlay တို့နှင့် ပူးပေါင်းဆောင်ရွက်မှုပိုင်းဆိုင်ရာ သဘောတူညီမှုစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည်။