Microsoft ရဲ့ Your Phone ကွန်ပြူတာ Application Update အသစ်

Microsoft ရဲ့ Your Phone ကွန်ပြူတာ Application ဟာ ဖုန်းရဲ့ You Phone App နဲ့ချိတ်ဆက်ပြီး ဖုန်းခေါ်ဆိုတာတွေ၊ ဓာတ်ပုံတွေ၊ စာပို့တာတွေကို လုပ်ဆောင်ပေးနိုင်တဲ့ Application တစ်ခု ဖြစ်ပါတယ်။ အခုအသစ်ထွက်ရှိလာတဲ့ Update အသစ်မှာတော့ Microsoft အနေနဲ့ Application ကိုအကြီးစားပြင်ဆင်မှုကြီး ပြုလုပ်လိုက်ပြီ ဖြစ်ပါတယ်။ 

Photo Source: Microsoft

Update အသစ်မှာ Your Phone ကနေ Microsoft Phone Link ဆိုတဲ့နာမည်ပြောင်းလဲသွားတဲ့အပြင် UI အသစ်တွေ၊ Tab တွေ နဲ့ Notification တွေကို အဓိကထားပြီး ဦးစားပေးပုံဖော်ထားပါတယ်။ ဖုန်း Application ကိုတော့ Link to Windows လို့နာမည်ပြောင်းလဲလိုက်ပါပြီ။ အရင်က Messages, Photos, နဲ့ Apps ဆိုတာတွေကို ဘယ်ဘက်အခြမ်းမှာ တွေ့နိုင်ပေမယ့် အခုအသစ်ပြောင်းလဲမှုမှာတော့ Navigation panel ကိုအပေါ်ကို ပြောင်းလဲပေးထားပါတယ်။ အရင်ဘယ်ဘက်အခြမ်းက နေရာကိုတော့ Notification ကိုထည့်သွင်းပေးထားပါတယ်။ ဖုန်းထဲရောက်ရှိလာတဲ့ Notification မှန်သမျှကို ကြည့်နိုင်မှာပါ။ Panel ကို Minimize ပြုလုပ်လိုက်ရင်လည်း App Icons တွေကနေတစ်ဆင့် Notification အသစ်ဝင်တာတွေကို သိနိုင်ပါတယ်။

Version အဟောင်းအသုံးပြုသူတွေအနေနဲ့ Update ပြုလုပ်လိုက်တာနဲ့ Version အသစ်ကို စတင်သုံးစွဲနိုင်ပြီ ဖြစ်ပါတယ်။ Link to Windows Application ကို Google Play Store ကနေ ဒေါင်းလုတ်ပြုလုပ်နိုင်ပါတယ်။