ဂီတအနုပညာပိုင်းကို ဝါသနာပါသူများအတွက် အသုံးဝင်လွန်းတဲ့ GChord Version 2.2.0 (Android) App အကြောင်း

မြန်မာသီချင်းတွေရဲ့ ဂစ်တာကော့ဒ် နဲ့ စာသား ပုံတွေကို စုစည်း‌ပေးထားတဲ့ GChord Version 2.2.0 (Android) မှာ Feature အသစ်တွေ ထပ်တိုးလိုက်ပြီဖြစ်ပါတယ်။ iOS သမားတွေအတွက်တော့ ဒီ Feature တွေ မရသေးပါဘူး။ လောလောဆယ် Android အတွက်ပဲ ရနိုင်မှာဖြစ်ပါတယ်။

Photo Soruce https://web.facebook.com/103679094948480/posts/367047485278305/?_rdc=1&_rdr

(၁) Search History
Search ကနေ ကိုယ် ရှာဖွေထားတဲ့ Keyword တွေကို History အနေနဲ့ Save ပေးထားပြီး နောက်တစ်ခါဆိုရင် စာပြန်ရိုက်ဖို့မလိုပဲ search history ကနေ နှိပ်လိုက်ရုံနဲ့ အလွယ်တကူပြန်ရှာလို့ရနိုင်ပါပြီ။
(၂) Chord Sheet
အရင်ကလို ပုံချည်း မဟုတ်တော့ပဲ Chord Sheet ပါဝင်လာပါပြီ။ Chord Sheet မှာဆိုရင် သီချင်းထဲမှာ ပါဝင်တဲ့ chord တွေကို လိုက်ထောက်ပြီး ဘယ်လို chord ကိုင်ရမလဲဆိုတာကို အရင်လို Chord Library feature ထဲသွားဖို့မလိုပဲ တန်းပြီး Diagram ကြည့်လို့ရပါပြီ။ ပြီးတော့ Chord Sheet ရဲ့ setting ကနေ chord တွေကို key အတင် / အချ (Transpose) လုပ်လို့ရပါပြီ။
ဘယ်လို နေရာတွေမှာ အသုံးဝင်လဲဆိုတော့ သီချင်းရဲ့ Original Key နဲ့ ကိုယ့် အသံနဲ့ အဆင်မပြေတာမျိုး ဒါမှမဟုတ် သီချင်းထဲက Chord ‌တွေကကိုင်ရခက်တာမျိုးမှာ လွယ်ကူတဲ့ Key ကိုပြောင်းကာ capo သုံးပြီး တီးလို့ရပါတယ်။ အထူးသဖြင့် Beginner တွေအတွက် အဆင်ပြေသွားစေမယ်လို့ ထင်ပါတယ်။
Chord Sheet ကို Double Tap လုပ်တာမျိုး ဒါမှမဟုတ် အပေါ်က Play Icon လေးကို နှိပ်တာမျိုးမှာ 3 2 1 count down ရေတွက်ပြီး Auto Scroll လုပ်ပေးမှာပါ။ Auto Scroll တဲ့ Speed ကိုလည်း Chord Sheet setting မှာ အနှေးအမြန်ချိန်လို့ရပါတယ်။ အရင်လို ပုံပဲ ကြည့်ချင်သူတွေအတွက်လည်း Chord Sheet ကို ဘယ်ဘက် ဆွဲလိုက်ရင် ပုံကို မြင်ရမှာဖြစ်ပါတယ်။
Chord Sheet အတွက် ဒေတာတွေက ဖြည့်သွင်းနေဆဲ ဖြစ်တာကြောင့် သီချင်းတိုင်းအတွက်တော့ မရသေးပါဘူး။ ဒေတာ မပါသေးတဲ့ သီချင်းတွေ အတွက်ကတော့ အရင်လို ပုံပဲ မြင်ရပါအုံးမယ်။ GChord မှာ မြန်မာသီချင်းပေါင်း 8000 နီးပါးရဲ့ စာသားနဲ့ ကော့ဒ်တွေကို စုစည်းထားပြီး ဖြစ်ပါတယ်။
အောက်ပါ Link မှာ Install ပြုလုပ်နိုင်ပါတယ်။
http://bit.do/GChord-Playstore
Play Store မရပါက အောက်ပါ Link မှာ Install ပြုလုပ်နိုင်ပါတယ်။
http://bit.do/gc-2-2-0-6
iOS app store
https://apps.apple.com/app/id1610094471